၂၀၁၈ ခုနှစ် နှစ်ကုန်ဖို့ကလည်း နီးကပ်လာပြီ။ မိုးလေကင်းလွတ်ပြီး လည်ရပတ်ရ အဆင်ပြေလာတဲ့ အချိန်မှာ ပြည်ပကို သွားချင်တယ် အရမ်းဝေးတဲ့ နေရာတွေကို လည်းမသွားချင်ဘူးဆိုတဲ့ သူတွေအတွက် ဘန်ကောက်မြို့မှာ ဒီဇင်ဘာလထဲ ကျင်းပမယ့် ပွဲတွေနဲ့ လည်ပတ်စရာနေရာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Wedding Showcase (2018)
မင်္ဂလာဆောင်တယ်ဆိုတာ အမျိုးသမီးတိုင်းရဲ့ စိတ်ကူးအိပ်မက်ပါ။ ဘန်ကောက်မြို့မှာ ပြုလုပ်မယ့် Wedding Showcase မှာ ထိုင်းလူမျိုးတွေရဲ့ မင်္ဂလာရိုးရာဓလေ့ထုံးထမ်း ဆိုင်ရာ အသုံးအဆောင်တွေ ဓာတ်ပုံ Gallery တွေ ဗီဒီယိုတွေကို ခင်းကျင်းပြသမှာ ဖြစ်ပါတယ်။ ပြုလုပ်မယ့်နေရာကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ 48 Oriental Ave မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဝင်ကြေးတော့ Free လို့ သိရပါတယ်။
(၂)S tylish weekend Market
ထိုင်းနိုင်ငံရဲ့ ဖက်ရှင်ဂုရုတွေ စီစဉ်ကျင်းပမယ့် Stylish Weekend Market မှာ နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာတွေ အများကြီးလာရောက်မှာ ဖြစ်ပြီး ဒီဇိုင်နာတွေရဲ့ ထူးခြားတဲ့ ဒီဇိုင်းတွေကိုပါ မြင်တွေ့ရမှာပါ။ ဒီဇိုင်နာတွေရဲ့ ဖက်ရှင်အမြင် စကားဝိုင်းတွေပါရှိမှာ ဖြစ်ပြီး 20/2 Rama I Road, Bangkok မှာ ကျင်းပမှာ ဖြစ်ပြီး ဝင်ခွင့်က အခမဲ့ဖြစ်ပါတယ်။
(၃) Brew Yoga
သင်က ဘီယာယောဂကို စိတ်ဝင်စားသူ တယောက်လား။ ကမ္ဘာမှာ ဘီယာယောဂသင်တန်းတွေ ဖွင့်လှစ်နေတာကို မြင်တွေ့တဲ့ အချိန် သွားမတက်ရလို့ အားမလိုမရ မဖြစ်ပါနဲ့။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဝိုင်ယောဂ သင်တန်းကို ဖွင့်လှစ်တော့မှာပါ။ ဒီသင်တန်းကို ဒီဇင်ဘာလမှာ ဖွင့်လှစ်မှာ ဖြစ်ပြီး သင်တန်းကြေးက ထိုင်းဘတ် ၉၀၀ ကျသင့်မယ်လို့ သိရပါတယ်။ လိပ်စာကတော့ Compass SkyView Hotel, Sukhumvit Soi 24, Bangkok ဖြစ်ပါတယ်။
(၄) Global Migration ရုပ်ရှင်ပွဲတော်
ကမ္ဘာအရပ်ရပ်က နယ်စပ်ကျော်ပြီး ခိုလှုံခဲ့သူတွေ အကြောင်းတွေကို ပြသမယ့် ရုပ်ရှင်ပွဲတော်ဖြစ်ပါတယ်။ ဒီပွဲတော်မှာ မြောက်ကိုရီးယားကနေ တရုတ်ကို ထွက်ပြေးလွတ်မြောက်လာသူတွေအကြောင်း၊ ကင်ညာနိုင်ငံမှာ နေထိုင်နေတဲ့ လိင်ပြောင်းသူတွေ အကြောင်း စတာတွေ ပါဝင်မှာ ဖြစ်ပြီး ဒီရုင်ရှင်ပွဲတော်ဟာ UN က ကျင်းပတဲ့ “Together ” ဆိုတဲ့ ကမ်းပိန်းမှာ ပါဝင်တဲ့ ပွဲတော်ဖြစ်ပါတယ်။
ဒီပွဲကို ဒီဇင်ဘာ ၁၄ ရက်နေ့ ကနေ ၁၆ ရက်နေ့အထိ Bangkok Screening Room, 1/3-7 Sala Daeng 1 Alley, Bangkok မှာ ကျင်းပမှာ ဖြစ်ပြီး ဝင်ခွင့်ကတော့ အခမဲ့ ဖြစ်ပါတယ်။
(၅) Winter Market ပွဲတော်
ခရစ်စမတ်မှာ လက်ဆောင်ဝယ်ဖို့ ခရီးထွက်ချင်သူတွေကတော့ လုံးဝအကြိုက်တွေ့မှာ သေချာပါတယ်။ ဒီပွဲမှာ လက်ဆောင်၊ အစားအသောက် တွေကို ရောင်းချမှာ ဖြစ်ပြီး ဒီပွဲဟာ နှစ်စဉ်ကျင်းပတဲ့ ပွဲတခုလည်း ဖြစ်ပါတယ်။
ဒီဈေးရောင်းပွဲမှာ ထိုင်းနိုင်ငံရဲ့ နာမည်ကျော် Pop Band တွေကလည်း လာရောက်ဖျော်ဖြေမှာ ဖြစ်ပြီး ၂၅ နာရီကြာ ဖျော်ဖြေကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ ခရစ်စမတ်အငွေ့အသက် အပြည့်ခံစားရမယ့် ဒီပွဲကို T77 Community, Sukhumvit Soi 77, Bangkok မှာ ကျင်းပမှာ ဖြစ်ပြီး ဝင်ခွင့်ကတော့ အခမဲ့ ဖြစ်ပါတယ်။
Ref: lifestyleasia.com