မကြာခင်မှာတော့ ဝါလကင်းလွတ် သီတင်းကျွတ်ကာလကို ရောက်ရှိလာတော့မှာ ဖြစ်တဲ့အတွက် သီတင်းကျွတ်မှ စတင်ကာ ပျော်ပွဲရွှင်ပွဲတွေ ဆက်တိုက် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်အတွက် သီတင်းကျွတ် ပိတ်ရက်အတွင်း ရန်ကုန်မြို့မှာ ပြုလုပ်မယ့် ပွဲများအကြောင်းကို ဖော်ပြပေးချင်ပါတယ်။
(၁) ရေကျော်သီတင်းကျွတ် မီးထွန်းပွဲတော်
သီတင်းကျွတ် အချိန်အခါသမယမှာ နှစ်စဉ် နှစ် ၅၀ ကျော်တိုင် ကျင်းပမြဲဖြစ်တဲ့ ရေကျော်ပွဲဈေးလို့ ပြောကြတဲ့ ရေကျော် သီတင်းကျွတ် မီးထွန်းပွဲတော်ကို ယခုနှစ်မှာတော့ အောက်တိုဘာလ ၁၀ ရက်နေ့မှ စတင်ကာ ၁၄ ရက်နေ့အထိ ၅ ရက်တိုင် ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ရေကျော်ပွဲဈေးကတော့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ ကြီးမားတဲ့ သီတင်းကျွတ် ပွဲဈေးကြီးလည်း ဖြစ်ပါတယ်။
ရေကျော်ပွဲဈေးရဲ့ ပထမနေ့နဲ့ ဒုတိယနေ့မှာတော့ ဖျော်ဖြေရေးအစီအစဉ်အဖြစ် မြန်မာပြည်စတား အငြိမ့်အဖွဲ့၊ တတိယနေ့မှာတော့ နိုင်ငံကျော် Hip Hop & Rapper အဆိုတော်များရဲ့ဖျော်ဖြေမှု၊ စတုတ္ထနေ့မှာတော့ B 4 Band နဲ့ ရုပ်ရှင်၊ ဂီတအနုပညာရှင်များရဲ့ဖျော်ဖြေတင်ဆက်မှု၊ နောက်ဆုံးနေ့မှာတော့ နိုင်ဇော်(သုခုမ စက်ရုပ်လေးများ) Music Band နဲ့ နိုင်ငံကျော် အဆိုတော်များရဲ့ဖျော်ဖြေတင်ဆက်မှုတို့ ပါဝင်သွားမှာ ဖြစ်ပါတယ်။
(၂) Iron Cross “Born to Rock”
ရန်ကုန်မှာ ပွဲမလုပ်တာကြာပြီ ဖြစ်တဲ့ Iron Cross Band ရဲ့ ယခုနှစ်အတွက် ပွဲဦးထွက် သီတင်းကျွတ် ရှိုးပွဲကို အောက်တိုဘာ ၁၂ ရက်နေ့၊ ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Event Park မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဒီပွဲကိုတော့ BAWDAR ဘီယာနဲ့အတူ ပူးပေါင်းတင်ဆက်သွားမှာဖြစ်ပြီး IC အဖွဲ့မှ အဆိုတော် လေးဖြူက BAWDAR ဘီယာရဲ့ Brand Ambassador တယောက်ဖြစ်တာကြောင့် ဘော်ဒါများနဲ့အတူ ပျော်ရွှင်စေရန်ပြုလုပ်ပေးတာ ဖြစ်ပါတယ်။
ဒီပွဲကတော့ “Rock Show of The Year” လို့ ပြောလို့ရအောင် စီစဉ်ထားတယ်လို့ သိရပါတယ်။ ပွဲကို ညနေ ၅ နာရီမှ ည ၁၁ နာရီအထိ အချိန် သတ်မှတ်ထားပြီး လက်မှတ်ဈေးနှုန်းများကိုတော့ GA (Standing) ၁သောင်း ၂ထောင် ၊ VIP ၄သောင်း ၊ VVIP ၈သောင်းကျပ်တို့နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
(၃) ကြက်ဖ Mini Concert
အဆိုတော် ကြက်ဖရဲ့ ပထမဆုံး တကိုယ်တော် Mini Concert ပွဲကိုတော့ အောက်တိုဘာ ၁၁ ရက်နေ့၊ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ ခန်းမမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဒီပွဲမှာတော့ ကြက်ဖနဲ့အတူ Black Bird, Michael Heno, Nyo Zin, Zayya Tun, Oaktha, Lil Monkey, Zing, Jedi တို့က Featuring အဖြစ် ပါဝင်သွားမှာ ဖြစ်ပါတယ်။ ပွဲလက်မှတ်များကိုတော့ ငွေကျပ် ၁ သောင်းကျပ်တို့နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး ပွဲအချိန်ကတော့ ညနေ ၆ နာရီကနေ ည ၁၀ နာရီအထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
You may also like these stories:
သီတင်းကျွတ်လ (အောက်တိုဘာလ) မီးထွန်းပွဲတော်
ထိုင်းနိုင်ငံမှာ သီတင်းကျွတ်လပြည့်နဲ့ လပြည့်ကျော် ၁ ရက်နေ့ အရက်ရောင်းချမှုကို တားမြစ်မည်