မကြာခင်အချိန်မှာဆိုရင် ၂၀၁၉ ကိုကုန်လွန်ပြီး ၂၀၂၀ ကိုရောက်ရှိလာတော့မှာဖြစ်တဲ့အတွက် ကျောင်းပိတ်ရက် ၊ ရုံးပိတ်ရက်များကြောင့် အားလပ်ရက်မှာ ခရီးထွက်ကြတာတွေလည်းရှိပါတယ်။ အဲဒီလိုခရီးမထွက်ဖြစ်ဘဲ ရန်ကုန်မြို့တွင်း မှာပဲရှိနေကြမယ့် လူများအတွက် New Year မှာ ရန်ကုန်မြို့တွင်းပြုလုပ်မယ့် ပွဲများကို ဖော်ပြပေးလိုက်ပါတယ်။
(1) Myanmar Countdown 2020
နှစ်စဉ်ဝင်ကြေးအခမဲ့နဲ့ ပြုလုပ်ကျင်းပလျက်ရှိတဲ့ Myanmar Countdown 2020 ကိုတော့ ဒီဇင်ဘာ ၃၁ရက်နေ့မှာ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ညနေ ၄နာရီမှစတင်ကာ ကျင်းပသွားမှာပဲဖြစ်ပါတယ်။ ဒီပွဲမှာတော့ စိုင်းစိုင်းခမ်းလှိုင် ၊ Big Bag ၊ Idiots ၊ Snare ၊ AR-T ၊ ဘန်နီဖြိုး ၊ G Fatt ၊ အိမ့်ချစ် ၊ မိစန္ဒီ တို့အပြင် Junior Creative Dance အဖွဲ့ကလည်း ပါဝင်ဖျော်ဖြေသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဝင်ကြေးအခမဲ့ဖြစ်တာကြောင့် ဒီပွဲရဲ့လက်မှတ်များကိုတော့ လာရောက်ကြမယ့် ပရိသတ်များအနေနဲ့ ဒီဇင်ဘာ ၂၇ရက်နေ့မှစတင်ကာ Forever Group ရုံးချူပ်နဲ့ ဒီဇင်ဘာလ ၃၀ ၊ ၃၁ရက်နေ့များမှာ ကျိုက္ကဆံကွင်းထဲမှာ ထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
(2) 2020 New Year Countdown Show
မကြာသေးမီကမှ ဖွင့်လှစ်ခဲ့တဲ့ မိုးမျှော်တိုက်အဆောင်အဦးတခုဖြစ်တဲ့ Time City မှာပြုလုပ်မယ့် 2020 New Year Countdown Show ကိုလည်း ဒီဇင်ဘာလ ၃၁ရက်နေ့မှာ ပြုလုပ်သွားမှာပဲဖြစ်ပါတယ်။
ဒီဇင်ဘာ ၃၁ရက်နေ့ ညနေ ၆နာရီမှ ည ၁၂နာရီအထိ နိုင်ငံကျော်တေးသံရှင်များရဲ့ Show များ ၊ အစားအသောက် ဈေးရောင်းပွဲတော်များ ၊ Time City ရဲ့ ရောင်စုံမီးအလှ LED များကို ဝင်ကြေးအခမဲ့နဲ့ ဖျော်ဖြေတင်ဆက် သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ပါဝင်သွားမယ့် အဆိုတော်များကတော့ Project K ၊ ဝေလျှံ ၊ စစ်သွေး ၊ အေသင်ချိုဆွေ ၊ Jenny ၊ နွေးနွေးချစ်ဖွယ် စတဲ့အနုပညာရှင်များနဲ့အတူ Unplugged တီးဝိုင်းများ ၊ ကပြဖျော်ဖြေမှုများပါဝင်သွားမှာဖြစ်ပါတယ်။
(3) New Year’s Eve Party With Tin Zar Maw
တေးသံရှင်တင်ဇာမော်ရဲ့ New Year’s Eve Party With Tin Zar Maw ဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၃၁ရက်နေ့ည ရန်ကုန်မြို့ Sky Star Hotel မှာပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်။
ဒီပွဲရဲ့ လက်မှတ်များကိုတော့ အရေအတွက်ကန့်သတ်ထားပြီး လက်မှတ်ကိုတော့ ငွေကျပ် ၅၀၀၀၀ ခန့်သတ်မှတ် ထားပါတယ်။ ပွဲကိုတော့ ည ၁၂နာရီ Countdown ပြီးတဲ့အထိပြုလုပ်သွားမှာဖြစ်ပြီး ၁၂နာရီကျော်ရင်တော့ ဟိုတယ်ရဲ့အပေါ်မှာရှိတဲ့ Bar ကိုဝင်ခွင့်ရမှာပဲဖြစ်ပါတယ်။
ဖျော်ဖြေရေးအစီအစဉ်များကတော့ ဂျိုကာ ၊ Dancer ၊ DJ ၊ ကာရာအိုကေ Section ၊ ရွှေမိုးငွေမိုးကြံမယ့်အစီအစဉ်များ ၊ ကံစမ်းမဲဖောက်မယ့် အစီအစဉ်များ ၊ မျက်လှည့်ပြမယ့်အစီအစဉ်များပါဝင်တယ်လို့ သိရပါတယ်။
You may also like these stories:
New Year ည ရန်ကုန်မြို့မှာ ပြုလုပ်မယ့် ပွဲများ
New Year ည ဖျော်ဖြေပွဲအတွက် ရင်ခုန်နေတဲ့ အဆိုတော် တင်ဇာမော်
၂၀၁၈ နှစ်သစ်ကူးညကို ဘယ်နေရာမှာ ဘယ်လို ဖြတ်သန်းကြမလဲ