• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Food

ကိုးရီးယား ကင်ချီအကြောင်း တစေ့တစောင်း

by ဝင်းနိုင်သိန်း
19 July 2014
in Food
A A
ကင်ချီ

ကိုရီးယား မုန်ညင်းထုပ် ကင်ချီ

13.9k
VIEWS
Share on FacebookShare on Twitter

ဟင်းချက်တယ်ဆိုတာ အိမ်ရှင်မတွေအတွက် နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တခု ဖြစ်လို့ ဘာမှ မထူးခြားပါဘူးလို့ ထင်နိုင်ပေမယ့် တကယ့်ကို ဟင်းချက်ဝါသနာ ပါသူတွေ အတွက်ကတော့ ဟင်းချက်ခြင်းဟာ အနုပညာတခုလိုပါပဲ။ ကပြက်ကချော် ချက်လိုက်တဲ့ ဟင်းတခွက်၊ အစပ်အဟပ် မတည့်တဲ့ ဟင်းတခွက်ကြောင့် ထမင်းပွဲမှာ စိတ်ညစ်ညူးရသလို၊ စနစ်တကျနဲ့ အနုပညာဆန်ဆန် ချက်ပြုတ်လိုက်တဲ့ ဟင်းတခွက်ကြောင့်လည်း တသက်လုံးစွဲအောင် ပြောမဆုံး ဖြစ်ရတတ်ပါတယ်။ ဟင်းချက်တာဟာ အမျိုးသမီးတွေရဲ့ အလုပ်လို့ တချို့က ထင်တတ်ပေမယ့် တကယ်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ်မဟုတ်ဘဲ ဝါသနာပါသူတိုင်းအတွက်တော့ စွဲလမ်းပျော်ရွှင်စရာကောင်းတဲ့ အလုပ်တခု ဖြစ်ပါတယ်။ ဒါကြောင့်ရဲ့ ဧရာဝတီရဲ့ အနုပညာကဏ္ဍမှာ ဟင်းချက်ခြင်း အနုပညာကို စာဖတ်သူတွေ စနေ အားလပ်ရက်မှာ ဖတ်ရှုလေ့လာနိုင်အောင် ချက်နည်းပြုတ်နည်း တမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လျှာရင်းမြက်အောင် ဘာဟင်းချက်ရလဲ စဉ်းစားနေသူတွေ အတွက်ကော၊ နိုင်ငံတကာမှာ ဘာကြောင့် ဒီအစားအသောက် တွေဟာ နာမည်ကြီး ထိုးဖောက် နိုင်တာလဲဆိုတာပါ သိရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။ (အယ်ဒီတာ)

ဒီတပတ်တော့ ကိုရီးယားတွေရဲ့ အစားအသောက် ပုံစံမှာ မပါမဖြစ် အခြေခံ အကျဆုံး ကိုရီးယားချဉ်ပတ် ကင်ချီအကြောင်း တင်ပြချင်ပါတယ်။

RelatedPosts

မြိတ်မြို့

မြိတ်မြို့

11 May 2025
541
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
237
ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

7 May 2025
778

ကင်ချီ အမျိုးအစား များစွာရှိတဲ့အထဲကမှ အခြေခံအကျဆုံးနဲ့ လူကြိုက်အများဆုံး မုန်ညင်းထုပ် ကင်ချီ၊
အင်္ဂလိပ်လို Napa Cabbage Kimchi ၊ ကိုးရီးယားလို Pogi-Kimchi (သို့မဟုတ်) Tongbacheu-Kimchi
အကြောင်း လေ့လာကြည့်ရအောင်ပါ။

စလုပ်မယ့် အချိန်မှာ လိုအပ်တဲ့ ပစ္စည်းတွေကတော့ –

မုန်ညင်းဖြူထုပ် – ၃ ကီလို (သို့) ၆ ထုပ်ခန့်
ဆား – ၁/ ၂ ခွက် (လက်ဖက်ရည်ပန်းကန်လုံး)

ပထမအဆင့်အနေနဲ့ မုန်ညင်းဖြူ အောက်ခြေ အမြစ်နားကိုဖြတ်ပြီး ဓားနဲ့ ၂ လက်မလောက် ထိုးခွဲ လှီးလိုက်ပါ (တထုပ်လုံးကို မလှီးရပါ)။ ဟသွားတဲ့နေရာကနေ လက်နှစ်ဘက်နဲ့ ဆွဲဖြဲ လိုက်ပါ။ ဒါမှသာ အတွင်းပိုင်း မုန်ညင်းသားတွေ နဂိုမူရင်းအတိုင်း ရရှိမှာ ဖြစ်ပါတယ်။

ရေများများ ထည့်ထားတဲ့ ဇလုံထဲမှာ ဆေးပြီး အနည်းငယ် စစ်ထားပါ။

မုန်ညင်းရွက် တရွက်ချင်းစီကြားထဲကို နှံ့အောင် ဆားပက်ထည့်ပြီး ဇလုံတခုထဲမှာပဲ ၁၀ မိနစ် ၁ ကြိမ် ဟိုဘက်ဒီဘက် လှန်ပေးရပါမယ် (ဆားတွေအားလုံး ပျံ့နှံ့ပြီး ကင်ချီလုပ်ချိန်မှာ ကြွပ်စေဖို့အတွက် ဖြစ်ပါတယ်)။

အဲဒီအချိန်မှာ Potage လို့ခေါ်တဲ့ ကော်ရည်ဆန်ဆန် အရည်တမျိုး ပြုလုပ်ရပါမယ်။ ကော်ရည်အတွက် လိုအပ်တာတွေကတော့ –

ရေ – ၂ ခွက် (လက်ဖက်ရည် ပန်းကန်လုံး)
ကောက်ညှင်းမှုန့် – ၂ ဇွန်း (ထမင်းစားဇွန်း)
သကြားညို – ၂ ဇွန်း (ထမင်းစားဇွန်း)

ရေ၊ ကောက်ညှင်းမှုန့်နဲ့ သကြားကို ရောမွှေပြီး မီးအေးအေးမှာ အနည်းငယ် ပျစ်လာအောင် ကြိုပြီး အအေးခံထားရပါ
မယ်။

ကော်ရည်ကို အအေးခံထားချိန်မှာ ကင်ချီအနှစ် ပြင်ဆင်ရပါမယ်။ ကင်ချီအနှစ်အတွက် လိုတာတွေကတော့ –

ကြက်သွန်နီ နုပ်နုပ်စဉ်း – ၁ ခွက် (လက်ဖက်ရည် ပန်းကန်လုံး)
ကြက်သွန်ဖြူ နုပ်နုပ်စဉ်း – ၁/၂ ခွက် (လက်ဖက်ရည် ပန်းကန်လုံး)
ချင်းနုပ်နုပ်စဉ်း – ၂ ဇွန်း (ထမင်းစားဇွန်း)

အဲဒီ သုံးမျိုးကို ကြိတ်စက်မှာ ညက်နေအောင် ရောကြိတ်ထားပါ။

မုန်လာဥဖြူ (မီးခြစ်ဆံကဲ့သို့) အမျှင် – ၂ ခွက် (လက်ဖက်ရည် ပန်းကန်လုံး)
မုန်လာဥနီ (မီးခြစ်ဆံကဲ့သို့) အမျှင် – ၁ ခွက် (လက်ဖက်ရည် ပန်းကန်လုံး)
ကြက်သွန်မြိတ် – ၅ ပင် (ပါးပါးလှီး (သို့) လက် ၁ ဆစ်ခန့် လှီးဖြတ်ထားရန်)
ကုဆိုင် – ၁၀ ပင် (ပါးပါးလှီး (သို့) လက် ၁ ဆစ်ခန့် လှီးဖြတ်ထားရန်)
ပုစွန် ဆားရည်စိမ် –  ၂ ဇွန်း (ထမင်းစားဇွန်း)
အရည်ကို သီးသန့် ညှစ်ထုတ်ပြီး အဖတ်တွေကို နုပ်နုပ်စဉ်းပါ (၂ မျိုးစလုံး ထည့်ရန်လို)
ငရုတ်စပ် အစိမ်းမှုန့် – ၁ ခွက်မှ ၂ ခွက်ခွဲအထိ အစပ်ကြိုက်နှစ်သက်မှု အပေါ်မူတည်၍ ထည့်နိုင်သည်။

ဒါတွေအားလုံးရပြီဆိုရင် ထောင်းထားတဲ့အရော၊ ပါးပါး လှီးထားတဲ့ မုန်လာဥ၊ ကြက်သွန်မြိတ်၊ ပုစွန်ဆားရည်စိမ်၊ ငရုပ်စပ်မှုန့်တို့ အားလုံးကို အအေးခံထားတဲ့ ကော်ရည်ထဲ ရောပြီး နှံ့နေအောင် မွှေပေးရပါမယ်။

ရောထားတဲ့ ကင်ချီအနှစ်ကို ဆားပက်ထားတဲ့ မုန်ညှင်းရွက်တွေကြားထဲ လက်အိတ်အသုံးပြုကာ တလွှာချင်းစီထဲ နစ်ဝင်နေအောင် သိပ်ထည့်၊ စဉ့်အိုး (သို့) ဖန်ပုလင်း (သို့) မိုက်ခရိုဝေ့ ဒဏ်ခံနိုင်တဲ့ ပလတ်စတစ် ဗူးတွေထဲ သိပ်ထည့်ပေးပြီး အဖုံးလုံအောင် ဖုံးပေးပါ။

အချိန် ၁ ရက်ခွဲ (၃၆ နာရီ) အကြာ သာမန် အခန်းအပူချိန်မှာ ထားပေးထားရပါမယ်။ အချိန်ပြည့်လို့ ဖွင့်ကြည်တဲ့အခါ အရည်တွေ ထွက်လာမှာဖြစ်သလို အရည်မှာ ပူဖောင်းလေးတွေ ထလာပါမှ စားသုံးနိုင်တဲ့ ကင်ချီအဆင့်ကို ရောက်ပါတယ်။ အဲဒီကမှ တဖန် ပုံမှန် ရေခဲသေတ္တာ ခန်းထဲ ပြောင်းရွှေ့ပြီး ၁ ပတ်ကြာမှ စားတာက ပိုပြီးပြည့်စုံတဲ့ ကင်ချီ ရမှာဖြစ်ပါတယ် ဆိုတဲ့အကြောင်း လေ့လာရေးသားလိုက်ရ ပါတယ်။

Your Thoughts …
Tags: ArtEntertainment
ဝင်းနိုင်သိန်း

ဝင်းနိုင်သိန်း

Contributor

Similar Picks:

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

by စောအောင်ထွန်း
3 December 2024
8.3k

တဖက်မှာလည်း စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ အရေးယူမှုတွေကြောင့် အခမဲ့ဆေးခန်းတွေ၊ အစိုးရမဟုတ်တဲ့ ကျန်းမာရေး အဖွဲ့ အစည်းတွေ နိုင်ငံတွင်းမှ ထွက်ခွာသွားတာကြောင့် ယခင် လွယ်လင့်တကူရခဲ့တဲ့ ART ဆေးဝါးထောက်ပံ့မှုတွေဟာ တန်းစီစောင့်ရတဲ့ အခြေ အနေဖြစ်သွားပါတယ်။ ဒါတွေအပြင် နိုင်ငံတကာအလှူရှင်တွေ...

HIV, ART, မြန်မာ, ARV

စစ်ကောင်စီ ပိတ်ဆို့ထား၍ ART ဆေးပြတ်ကာ သေဆုံးမှုများ ရှိ

by ဧရာဝတီ
27 February 2025
1.8k

လက်ရှိအချိန်တွင် HIV ပိုး ရှိ မရှိ သွေးစစ်ပေးခြင်း၊ Viral load စစ်ပေးခြင်း (ပိုးကောင်ရေစစ်ဆေးမှု)၊ CD4 count စစ်ခြင်း (CD4 ပါဝင်သော T ဆဲလ်ပမာဏ စစ်ဆေးမှု)များကို စစ်ဆေးခြင်းများကို ရန်ကုန်၊...

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

by ဆူးငှက်
28 June 2014
10k

စည်ရှည် တံတားကြီးကို လွန်ခဲ့တဲ့ ၅ နှစ် ၀န်းကျင်က တဦးတယောက် (သို့မဟုတ်) တဖွဲ့တစည်းရဲ့ တချက်လွှတ် အမိန့်နဲ့ နာရီမဆိုင်း အုတ်တစ၊ သဲတမှုန့် မကျန်အောင် ထိုးကော် ဖျက်ဆီးပစ်လိုက် ပါတော့တယ်။

ထိုင်းမြောက်ပိုင်း, လမ်ပန်းမြို့, ရှေးမြန်မာ, ဗိသုကာ

ထိုင်းမြောက်ပိုင်းက မြန်မာ့ သုခုမ ဝိညာဉ်များ

by ကျော်ခ
13 February 2014
10.4k

လမ်ပန်းမြို့သည် မြန်မာနိုင်ငံ၏ သစ်လုပ်ငန်း မြို့တော် တောင်ငူနှင့် တူသည်ဟု ဆိုကြသည်။ မြန်မာနိုင်ငံကို ဗြိတိသျှ ကိုလိုနီတို့ ကြီးစိုးစဉ်က သစ်လုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ခဲ့သော ဘုံဘေဘားမား ကုမ္ပဏီ ရှိခဲ့သည်။

ယုဒသန်, အဘိဓာန်, ဘိုးတော်ဘုရား, အင်းဝ, အင်္ဂလိပ်

ဆရာယုဒသန် မြန်မာပြည် ရောက်ရှိခြင်း နှစ် ၂၀၀ ပြည့်အခမ်းအနား ကျင်းပမည်

by ရန်ပိုင်
15 November 2013
6.4k

စကားလုံးများကို အက္ခရာ ဝလီစဉ်ပြီး ပါဠိ - မြန်မာ အဘိဓာန်နှင့် မြန်မာ - အင်္ဂလိပ် အဘိဓာန်ကို ဆက်လက်ပြုစုသည်၊ ၁၈၁၇ ခုနှစ်တွင် သမ္မာကျမ်းစာ၏ ဓမ္မသစ် ပထမဦးဆုံး အခန်းဖြစ်သော ရှင်မဿဲ ခရစ်ဝင်...

မိုးယံဇွန်

Facebook တွင် ပျံ့နေတဲ့ အသံဖိုင်များအတွက် သရုပ်ဆောင် မိုးယံဇွန် တရားစွဲဖို့ စီစဉ်

by ဧပရယ်ဆု
19 April 2016
47.5k

"ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျွန်တော်ကော၊ သူကော တော်တော်ကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့

Next Post
ကမ်းမဲ့ပင်လယ်

ကြေကွဲ နာကျင်ခြင်းတို့ ဆိုက်ကပ်ရာ ကမ်းမဲ့ပင်လယ်

ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (အပိုင်း - ၄)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5.1k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate