ဟင်းချက်တယ်ဆိုတာ အိမ်ရှင်မတွေအတွက် နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တခု ဖြစ်လို့ ဘာမှ မထူးခြားပါဘူးလို့ ထင်နိုင်ပေမယ့် တကယ့်ကို ဟင်းချက်ဝါသနာ ပါသူတွေ အတွက်ကတော့ ဟင်းချက်ခြင်းဟာ အနုပညာတခုလိုပါပဲ။ ကပြက်ကချော် ချက်လိုက်တဲ့ ဟင်းတခွက်၊ အစပ်အဟပ် မတည့်တဲ့ ဟင်းတခွက်ကြောင့် ထမင်းပွဲမှာ စိတ်ညစ်ညူးရသလို၊ စနစ်တကျနဲ့ အနုပညာဆန်ဆန် ချက်ပြုတ်လိုက်တဲ့ ဟင်းတခွက်ကြောင့်လည်း တသက်လုံးစွဲအောင် ပြောမဆုံး ဖြစ်ရတတ်ပါတယ်။ ဟင်းချက်တာဟာ အမျိုးသမီးတွေရဲ့ အလုပ်လို့ တချို့က ထင်တတ်ပေမယ့် တကယ်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ်မဟုတ်ဘဲ ဝါသနာပါသူတိုင်းအတွက်တော့ စွဲလမ်းပျော်ရွှင်စရာကောင်းတဲ့ အလုပ်တခု ဖြစ်ပါတယ်။ ဒါကြောင့်ရဲ့ ဧရာဝတီရဲ့ အနုပညာကဏ္ဍမှာ ဟင်းချက်ခြင်း အနုပညာကို စာဖတ်သူတွေ စနေ အားလပ်ရက်မှာ ဖတ်ရှုလေ့လာနိုင်အောင် ချက်နည်းပြုတ်နည်း တမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လျှာရင်းမြက်အောင် ဘာဟင်းချက်ရလဲ စဉ်းစားနေသူတွေ အတွက်ကော၊ နိုင်ငံတကာမှာ ဘာကြောင့် ဒီဟင်းတွေဟာ နာမည်ကြီး ထိုးဖောက် နိုင်တာလဲဆိုတာပါ သိရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။ (အယ်ဒီတာ)
ကျနော်တို့ မြန်မာလူမျိုးတွေက နာနာတ်သီးကို သစ်သီး ဖျော်ရည်အဖြစ်သာ အသုံးပြုလေ့ ရှိကြ ပေမယ့် အနောက် နိုင်ငံသားတွေ ကတော့ ဟင်းပွဲအဖြစ် ပြင်ဆင်တည်ခင်း လာခဲ့ကြတာ နှစ်အတော် ကြာနေပြီဖြစ်သလို၊ ထိုင်း၊ အင်ဒိုနီးရှား စတဲ့ အရှေ့တောင်အာရှ နိုင်ငံတချို့မှာလည်း ဟင်းပွဲအဖြစ် ပုံစံပြောင်းလဲ လာကြပါတယ် …။
နာနတ်သီးကို အသုံးပြုခြင်းအားဖြင့် ခံတွင်းလိုက်စေသလို အစာအိမ်မှာ အစာခြေခြင်း လုပ်ငန်းကို ကောင်းစွာ အထောက်အကူ ပြုနိုင်ပါတယ် …။ ဒီဟင်းပွဲ (နာနတ်သီး ထမင်းကြော်) ကို ပြင်ဆင်ချက်ပြုတ်မယ် ဆိုရင် ချက်ပြုတ် ပြင်ဆင်သူရဲ့ စေတနာ၊ မေတ္တာကို ထင်ဟပ်ဖွင့်လှစ် ပြသရာ ရောက်သလို၊ ဖိတ်ကြားခြင်း ခံရတဲ့ ဧည့်သည်တော်ကို ရင်ခုန်စိတ်လှုပ်ရှားမှု ပေးစွမ်းနိုင်မှာကတော့ အသေအချာပါပဲ …။
ပုစွန် နာနတ်သီး ထမင်းကြော် (Fried Rice With Shrimp & Pineapple) အတွက် ပါဝင်မယ့် ပစ္စည်းများ ကတော့ …။
နာနတ်သီး – ၁ လုံး
ထမင်းဖြူ – ၄ ခွက် (လက်ဖက်ရည် ပန်းကန်လုံး)
ပုစွန် – ၁/၂ ခွက်
ဝက်အူချောင်း – ၁ ချောင်း (၁ စင်တီမီတာ အရွယ် တုံးထားရန်)
သီပာိုဠ်စေ့ကြော် – ၁/၂ ခွက် (ခပ်ကြမ်းကြမ်း ခွဲထားရန်)
စပျစ်ခြောက် – ၂ ဇွန်း (ထမင်းစားဇွန်း) ကြော်ထားရန်
ပန်းငရုတ်ပွ အနီရောင် – ၁ လုံး (အစေ့ထုတ်ပြီး ၁ စင်တီမီတာ အရွယ် လှီးထားရန်)
ကြက်သွန်နီ – ၁ လုံး (၁ စင်တီမီတာ အရွယ် လှီးထားရန်)
ကြက်သွန်ဖြူ – ၃ တက် (နုပ်နုပ်စဉ်း)
ပဲစိမ်းလုံး – ၁/၂ ခွက်
ပဲငံပြာရည်အကြည် – ၂ ဇွန်း (ထမင်းစားဇွန်း)
ခရုဆီ – ၂ ဇွန်း (ထမင်းစားဇွန်း)
သကြား – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
ပာင်းခတ်မှုန့် – အနည်းငယ်
ငရုတ်ကောင်း – အနည်းငယ်
ကြက်ဥ – ၂ လုံး
ထမင်းကြော်ဆိုတော့ ထမင်းကိုချက်ပြီး ပဲငံပြာရည်၊ ခရုဆီနဲ့ တခြား အရသာများထည့်မွှေပြီး အအေးခံထားပါ။
ပုစွန်လေးတွေကိုလည်း သန့်စင်ထားပြီး ဆား၊ ငရုတ်ကောင်းတို့နဲ့ နယ်ထားပါ …။
နာနတ်သီးကို အလယ်တည့်တည့်က၂ ခြမ်းခွဲပြီး အတွင်းမှအသားများကို ဓားနဲ့ ဝိုက်လှီးပြီး အသားလေးများကို ၁ စင်တီမီတာ အရွယ်လေးတွေ တုံးထားပါ …။ နာနတ်သီး အခွံတွေကို … ပာင်းပန်ကန်လုံး ပုံဖြစ်အောင် အတွင်းသားများကိုညှိထားပါ။
ကျန်တာတွေကတော့ အပေါ်မှာ ဖော်ပြထားသလို အားလုံးပြင်ဆင်ပြီးပြီ ဆိုရင် … ထမင်းစကြော်လို့ ရပါပြီ …။
ဒယ်အိုး တလုံးမှာ ထမင်းစားဇွန်း ၃ ဇွန်းလောက်နဲ့ အပူပေးပြီး … ကြက်ဥကို ထည့်မွှေကြော်ပါ … ပြီးရင် ပုစွန်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို အစဉ်လိုက်ထည့်ပါ …။
ထို့နောက် ဝက်အူချောင်း၊ အရသာနယ်ထားတဲ့ ထမင်းတွေထည့်ပြီး ဆက်ကြော်ပေးပါ …။ ထမင်းများ အနည်းငယ်ကြွပ်လာပြီ ဆိုမှ … ပဲစိမ်းလုံး၊ ပန်းငရုတ်ပွ၊ ကြက်သွန်မြိတ်တို့ ပေါင်းထည့်ပြီး ကြော်ပါ။
သီပာိုဠ်စေ့ကြော်နဲ့ စပျစ်ခြောက်ကြော်တို့ကို နောက်ဆုံးမှ ထည့်ဖြူးပြီး … ငရုတ်ကောင်းမှုန့်ဖြူး လိုက်ရင် ရပါပြီ …။
ခြမ်းထားတဲ့ နာနတ်သီးအခွံကို မီးအေးအေးမှာ ၅ မိနစ်လောက် ကင်ပြီး ထမင်းကြော်ကို အဲဒီခွက်ထဲထည့် တည်ခင်း ဧည့်ခံနိုင်ပါတယ်။
နာနတ်သီး အသားကလည်း တလုံးအတွင်းက အသားအားလုံး ထည့်စရာမလိုပဲ ဖော်ပြပါ ၂ ယောက်စာအတွက် ၁/ ၂ ပန်းကန်လုံးလောက် ထည့်ရင်ရပါပြီ၊ ကြိုက်တတ်ရင်တော့ အားလုံးထည့်နိုင်ပါတယ် …။
မှတ်ချက်။ ။ ဝက်သားမစားသူများ ဝက်အူချောင်းမသုံးနိုင်သလို … နာနတ်သီးအခွံ မီးဖုတ်တာကိုလည်း … ဖယ်ရှားလို့ ရပါတယ် …။ ဒါက ဧည့်သည်ကို တည်ခင်းတဲ့ ပုံစံရေးထားလို့ပါ … ထမင်းကြော်ကို ပန်းကန်ထဲထည့် သုံးဆောင်လည်း အဆင်ပြေပါတယ် …။