ဟင်းချက်တယ်ဆိုတာ အိမ်ရှင်မတွေအတွက် နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တခု ဖြစ်လို့ ဘာမှ မထူးခြားပါဘူးလို့ ထင်နိုင်ပေမယ့် တကယ့်ကို ဟင်းချက်ဝါသနာ ပါသူတွေ အတွက်ကတော့ ဟင်းချက်ခြင်းဟာ အနုပညာတခုလိုပါပဲ။ ကပြက်ကချော် ချက်လိုက်တဲ့ ဟင်းတခွက်၊ အစပ်အဟပ် မတည့်တဲ့ ဟင်းတခွက်ကြောင့် ထမင်းပွဲမှာ စိတ်ညစ်ညူးရသလို၊ စနစ်တကျနဲ့ အနုပညာဆန်ဆန် ချက်ပြုတ်လိုက်တဲ့ ဟင်းတခွက်ကြောင့်လည်း တသက်လုံးစွဲအောင် ပြောမဆုံး ဖြစ်ရတတ်ပါတယ်။ ဟင်းချက်တာဟာ အမျိုးသမီးတွေရဲ့ အလုပ်လို့ တချို့က ထင်တတ်ပေမယ့် တကယ်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ်မဟုတ်ဘဲ ဝါသနာပါသူတိုင်းအတွက်တော့ စွဲလမ်းပျော်ရွှင်စရာကောင်းတဲ့ အလုပ်တခု ဖြစ်ပါတယ်။ ဒါကြောင့်ရဲ့ ဧရာဝတီရဲ့ အနုပညာကဏ္ဍမှာ ဟင်းချက်ခြင်း အနုပညာကို စာဖတ်သူတွေ စနေ အားလပ်ရက်မှာ ဖတ်ရှုလေ့လာနိုင်အောင် ချက်နည်းပြုတ်နည်း တမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လျှာရင်းမြက်အောင် ဘာဟင်းချက်ရလဲ စဉ်းစားနေသူတွေ အတွက်ကော၊ နိုင်ငံတကာမှာ ဘာကြောင့် ဒီဟင်းတွေဟာ နာမည်ကြီး ထိုးဖောက် နိုင်တာလဲဆိုတာပါ သိရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။ (အယ်ဒီတာ)
ဝါလကင်းလွတ် သီတင်းကျွတ် ကာလလည်း ကျော်လွန်လာပြီမို့ မြန်မာနိုင်ငံတဝန်း ဆောင်းရနံ့ လေကို ထိတွေ့ ခံစားနေရပါပြီ။ ဒီလို ဆောင်းဦးအကြိုကာလမှာ မိတ်ဆွေ၊ သူငယ်ချင်းတွေကို မိတ်ဆက် ပေးလိုတာက ကမ္ဘာကျော် ဗီယက်နမ်စတိုင် ခေါက်ဆွဲပြုတ် တမျိုးပါ။ ဗီယက်နမ်လို Pho လို့ အဓိပ္ပာယ်ရပြီး ဗီယက်နမ်ရောက် ကမ္ဘာ့ခရီးသွားများရဲ့ အသိအမှတ်ပြုခြင်းကို ခံယူထားတဲ့ စားသောက်ဖွယ်ရာ တမျိုးလည်း ဖြစ်ပါတယ် …။
ကမ္ဘာအရပ်ရပ်မှာ ခေါက်ဆွဲကိုပုံစံမျိုးစုံနဲ့ စားသုံးတည်ခင်းကြသလို ဗီယက်နမ်စတိုင် ခေါက်ဆွဲ ဘာကြောင့် ကမ္ဘာကျော်ရသလဲ ဆိုတာ လေ့လာကြည့်ကြပါဦး။ ဗီယက်နမ်လူမျိုးတွေ ချက်ပြုတ်နည်း အတိုင်း အမဲသားနှင့် ဖော်ပြပေးလိုက်ပေမယ့် တခြား မိမိနှစ်သက်ရာ အသားနဲ့လည်း အစားထိုး အသုံးပြုနိုင်ပါတယ်။
ဗီယက်နမ်စတိုင် ခေါက်ဆွဲ
ပါဝင်ပစ္စည်းများ
ဆန်ခေါက်ဆွဲအလတ် – ၁ ကီလို (ညှပ်ခေါက်ဆွဲ၊ ဆန်ပြားခေါက်ဆွဲ၊ ရေစိမ်ခေါက်ဆွဲမျိုး မပာုတ်ဘဲ ထိုင်းက ကွေ့သယိုလို
ခေါက်ဆွဲဖတ် အလတ်စား)
ငါးဖယ် – ၁ ကီလို
ကြက်သွန်နီ – ၅၀၀ ဂရမ်
ဂျင်း – ၂၀၀ ဂရမ်
ပုစွန်ခြောက် – အနည်းငယ်
စိမ်းစားငပိ – အနည်းငယ်
ကြက်ရိုး (သို့) အမဲရိုး – ဝ.၅ ကီလို
ပဲပင်ပေါက် – နှစ်သက်သလို
တွဲဖက်ပစ္စည်းများ
ကြက်သွန်နီ – ပါးပါးလှီး (ရေဆေးပြီးစစ်ထားရန်)
ချင်း (ဂျင်း) – မျှင်မျှင် လှီးထားရန်
ရှမ်းနံနံ – ပါးပါးလှီး
နံနံပင် – ပါးပါးလှီး
ကြက်သွန်မြိတ် – အစိမ်းရောင်အပိုင်းကို ပါးပါးလှီး၊ အဖြူရောင်အပိုင်းကို အမျှင်ပုံစံလှီး
ထိုင်းပင်စိမ်း (ဟိုလက်ဖာ) – အနည်းငယ် (မြန်မာအများစုက ဒီအနံ့ကို မကြိုက်တတ်သောကြောင့် စားပွဲတွင် သီးသန့်ထားရန်)
ကြက်သွန်ဖြူ – နုပ်နုပ်စဉ်း
ငရုတ်သီးစိမ်းနီ – နုပ်နုပ်စဉ်း
သံပုရာသီး – လိုအပ်သလိုစိပ်
ပထမဆုံး ကြက်သွန် သုံးပုံနှစ်ပုံနဲ ဂျင်းတဝက်ကို ရေစင်အောင်ဆေး၊ ဓားပြားရိုက်ပြီး ဆီပူပူမှာ ထည့်ကြော်ပြီး စစ်ပေးထားပါ။
ကြက်ရိုး (သို့) အမဲရိုးနှင့်အတူ အိုးကြီးကြီး တလုံးမှာ ပြုတ်ပြီးထွက်လာတဲ့ အညစ်အကြေးတွေကို
ဆန်ခါနဲ့ စစ်ထုတ်ပါ (ပာင်းရည်ကြည်ရန်အတွက် ဖြစ်ပါတယ်)။
ပြုတ်ရည် ဆူပွက်လာရင် ကြော်ထားတဲ့ ကြက်သွန်နီ၊ ဂျင်း၊ ပုစွန်ခြောက်၊ ငပိတို့ကို ထည့်ပေးရပါမယ်။ ငံပြာရည်၊ ပာင်းခတ်မှုန့်တို့နဲ့ အရသာ ဖြည့်စွက်ပြီး အနည်းဆုံး ၁ နာရီလောက် ကြာအောင် မီးအေးအေးနဲ့ တည်ထားပေးရပါမယ်။
၁ နာရီလောက် ကြာလို့ ပာင်းရည်ကျလာပြီး အသားနူးပြီ ဆိုရင်တော့ အသားကို သီးသန့် စစ်ထုတ်ထားပြီး ဟင်းရည်ကိုလည်း ဆန်ခါ ကြီးကြီးတခုနဲ့ အားလုံးကို စစ်ထုတ်ပေးလိုက်ပါ။
စစ်ထားတဲ့ ဟင်းရည်ကြည်ကို ဆူတဲ့အထိ အပူပြန်ပေးပြီးရင် အရန်သင့် ဖြစ်ပါပြီ …။
ဆူပွက်နေတဲ့ ရေအိုးမှာ ပဲပင်ပေါက်နဲ့ ခေါက်ဆွဲကို ပြုတ်ဆန်ခါနဲ့ ပြုတ်ပြီး ပန်းကန်လုံး တလုံးမှာ ထည့်ပါ။ စစ်ထားတဲ့ အသားကို ပါးပါးလှီးပြီး ၅ ဖတ်လာက်ထည့်ပါ။ တွဲဖက် ပစ္စည်းတွေ ထည့်ပြီးပြီဆိုရင် ဆူနေတဲ့ ပာင်းရည် လောင်းချလိုက်ပါ။
တစ်ယောက်ချင်းစာစီကို သီးသန့်ပြင်ပေးရပါတယ်။ ပြီးရင်တော့ စားပွဲပေါ်မှာရှိတဲ့ ငရုတ်သီး၊ ကြက်သွန်ဖြူ သံပုရာသီး ထည့်၊ မိမိနှစ်သက်သလို မွမ်းမံပြီး သုံးဆောင်လို့ ရပါပြီ …။
ကြက်သွန်နီကြော်၊ ဂျင်းကြော်ရနံ့ ပူပူမွှေးမွှေးနဲ့ အရသာရှိလှတဲ့ ဗီယက်နမ်စတိုင် ခေါက်ဆွဲပြုတ် တမျိုးပါ …။