ကျနော်တို့ ရန်ကုန်မြို့တော်ကြီးမှာ ရှမ်း၊ ကချင်၊ ကရင် စတဲ့ တိုင်းရင်းသားအစားအစာတွေကို ထိတွေ့ခံစားခဲ့ဖူးတာ ကြာခဲ့ပေမယ့် ချင်းရိုးရာအစားအစာကို ထိတွေ့ခံစားဖူးကြသူ နည်းနေလိမ့်မယ်လို့ ယူဆရပါတယ်။ ချင်းရိုးရာ အစားအစာ ရောင်း ချတဲ့ဆိုင်ဆိုတာကလည်း မရှိသလောက် ရှားပါးခဲ့ပါတယ်။
ချင်းရိုးရာ အစားအစာရဲ့ထူးခြားမှုတွေက ဘာလဲ။
ချင်းရိုးရာအစားအစာတွေရဲ့အခြေခံကတော့ဆန်ပြုတ်၊ ပြောင်းဆန်နှင့် အသားပြုတ်၊ ဟင်းသီးဟင်းရွက်ပြုတ် သီးရွက်စုံ အသုပ် စတာတွေကို အသားခြောက်၊ ချင်းရိုးရာအရွက်ထောင်း၊ ချင်းတောင်ပေါ် ငရုတ်မျိုးတွေနဲ့ တွဲဖက်ထားပါတယ်။ ချင်း ရိုးရာအစားအစာတွေရဲ့ထူးခြားချက်ကတော့ ဆီနဲ့ကြော်လှော်ချက်ပြုတ်ထားခြင်းမျိုး နည်းပါးပြီး သဘာဝအသီးအရွက်တွေ က စိမ့့်ထွက်လာတဲ့ပြုတ်ရည်ကို အခြေခံထားတာကြောင့် ကျန်းမာရေးနဲ့ သင့်လျော်ပြီး ဥရောပဆန်ဆန် အငွေ့အသက်တွေ ကို ခံစားရရှိစေမှာ အသေအချာပါပဲ။
ချင်းရိုးရာအစားအစာတွေအများကြီးရှိတဲ့အထဲကမှ အခြေခံအကျဆုံးဖြစ်ပြီး ထူးခြားတဲ့ရသကို ခံစားရရှိနိုင်မယ့် အစား အစာအချို့ကို ဖော်ညွှန်းပေးချင်တာကတော့ Sa-Buti ခေါ်တဲ့အသားနဲ့ ပြောင်းဆန်ကို ရောပြုတ်ထားတဲ့ အာဟာရပြည့်ဝ တဲ့ စွပ်ပြုတ်ရည်ပါ။
ချင်းဘာသာစကားအရ Sa ဆိုတာအသားဖြစ်ပြီး Buti ကတော့ ပြောင်းဆန်အဖြူ ဖြစ်ပါတယ်။ အသားများစွာ ကပ်နေသော အရိုးများကို နူးညံ့အောင် အချိန်ကြာမြင့်စွာ ပြုတ်ထားပြီး လုံးခြမ်းကွဲပြောင်းဆန်အဖြူနဲ့ရောပြီးသမအောင်ကျိုထားတဲ့ စွတ်ပြုတ်ဟင်းရည်ကို အသားမွှကြော်၊ ချင်းရိုးရာအရွက်ထောင်း၊ ချင်းတောင်ပေါ် ငရုတ်လှော်မှုန့်နှင့့်အတူ သံပုရာရည်လေးညှစ်ပြီး သုံးဆောင်ရတာက ထူးခြားတဲ့ရသနဲ့ ပြည့်ဝတဲ့ အာဟာရကို ရရှိခံစားမိပါတယ်။ ချင်းရိုးရာ စွပ်ပြုတ်တွေမှာ Sa_Buti ကဲ့သို့ ပဲနီတစမျိုးနဲ့ အထူးစီမံချက်ပြုတ်ထားတဲ့ Be_Buti ၊ ပြောင်းဖူးအစိမ်း၊ မုန်လာဥနီတို့နဲ့ ချက်ပြုတ်ထားတဲ့ An_Buti စတဲ့ ဟင်းရည်ဆန်ဆန်စွပ်ပြုတ်တွေကိုလည်း မြည်းစမ်းနိုင်ပါသေးတယ်။
ချင်းရိုးရာ အစားအစာတွေထဲက နောက်တမျိုးကတော့ ချင်းရိုးရာ စကောထမင်းပါ။ စကောထမင်းဝိုင်းလေးထဲမှာ ပုံမှန် ထမင်းဖြူ၊ ချင်းရိုးရာထမင်းကို အသားခြောက်ကြော် (သို့) အသားမွှကြော်၊ သီးရွက်စုံသုပ်၊ ဘဲဥသုပ်၊ ချင်းရိုးရာအကြွပ်ကြော်တို့နဲ့ တွဲဖက်ထားပြီး အသီးရွက်ပြုတ်ရည်၊ ချင်းရိုးရာ အရွက်ထောင်းတို့နှင့် တွဲဖက်ပေးထားပါတယ်။ စကောထမင်း တစပွဲကို လူ ၂ယောက် စားသုံးနိုင်ပါတယ်။
အထူး ညွှန်းပေးချင်တာကတော့ ချင်းရိုးရာ အာလူးထောင်းပါ။ အာလူးကို နူးညံ့စေးပျော့အောင် ပြုတ်ထားပြီး ကြက်ဥ အကာ၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့နှင့် သမအောင် ရောနယ်ကာ တောင်ယာနှမ်းထောင်းမှုန့်လေး ဖြူးပေးထားတဲ့မွှေးပျံ့မှု ဟာ စားသုံးသူရဲ့ နှလုံးသားထိ စီးမျော ပျော်ဝင်စေခဲ့ပါတယ်။
THE RIH LAKE က ဖန်တီးထားတဲ့ ချင်းရိုးရာ အစားအစာတွေဟာ ထူးခြားတဲ့ ဖန်တီးမှုတွေနဲ့အတူ သင့်တင့်တဲ့ဈေးနှုန်းကြောင့့် စားသုံးသူရဲ့စိတ်ကို အပြည့်အဝ ကြည်နူးရရှိစေမှာ အမှန်ပါ။ သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝတဲ့ ချင်းရိုးရာ အစားအစာတွေကို ရင်ခုန် ခံစားကြည့်ချင်တယ်ဆိုရင်တော့…
လိပ်စာ –THE RIH LAKE
အမှတ် (၆၇) (B) ဓမ္မာရုံလမ်းနှင့်ဈေးလမ်းထောင့်
ဦးဝိစာရလမ်းအနီး၊ စမ်းချောင်းမြို့နယ်
ဖုန်း_၀၁- ၅၀၂၇၆၁ ဖြစ်ပါတယ်။