Food

အိပ်မက်ဆန်သောစိတ်ကူးများနှင့် Meringue Cafe

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

Meringue လို့ခေါ်တဲ့ပြင်သစ်ဘာသာစကားရဲ့အဓိပ္ပါယ်ကတော့ ကြက်ဥအကာနှင့် သကြားရောရိုက်ထားသော white cream လို့ သိရှိရပါတယ်။ cookie မုန့်လေးတွေရဲ့ အပေါ်မှာ ရောင်စုံခရင်မ်အခဲလေးတွေကို မြင်ဖူးကြမှာပါ။ white cream ကို foods color လေးတွေသုံးပြီး အလှဆင်ထားကြခြင်းပါ။ အဲဒီလို ထူးထူးခြားခြား Logo လေးကို ယူပြီးမှည့်ခေါ်ထားတဲ့ Meringue ဆိုတဲ့ကော်ဖီဆိုင်လေးမှာ ဆိုင်ရှင်လူငယ်လေးတဦးရဲ့ အိပ်မက်ဆန်သော စိတ်ကူးများကို ခံစားကြည့်နိုင်ပါတယ်။

Meringue Cafe ရဲ့အိပ်မက်ဆန်သော စိတ်ကူးများကို ပုံဖော်သူကတော့ ပင်ကိုယ်ဗီဇအရ မုန့်ဖုတ်ခြင်း အတတ်ပညာကို အထူးစိတ်ဝင်စားတာကြောင့် မုန့်ဖုတ်နည်း အမျိုးမျိုးတွေကို ကိုယ်တိုင် အကြိမ်ကြိမ် လက်တွေ့စမ်းသပ်ကြည့်ခဲ့ပါတယ်။ သူကိုယ်တိုင် အထူးစီမံထားတဲ့လက်ရာတွေကို မိသားစုဝင်တွေ၊ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းတွေရဲ့ အခါမလပ် ချီးကျုးဂုဏ်ပြုခံခဲ့ရပြီးမှသာ စားသုံးသူတွေဆီကို မြည်းစမ်းစေဖို့ စိတ်ကူးရှိခဲ့သူပါ။ အဲ့ဒီ ရင်ခုန်စိတ်လှုပ်ရှားဖွယ်အစီအစဉ်တွေကို Bakery ပုံစံမျိုးမဟုတ်ပါပဲ စစ်မှန်သော စားသုံးသူတွေကို ခံစားစေချင်တာကြောင့် Coffee Shop လေးနဲ့ တွဲဖက်ဖြစ်တာပါလို့ သူရဲ့ စိတ်ကူးလေးကိုပြောပြပါတယ်။

Meringue Cafe မှာ ကော်ဖီအပူ၊ အအေးမျိုးစုံနှင့်အတူ ခံစားရမှာက အချိုပွဲများပါပဲ။ အချိုပွဲများလို့ဆိုရာမှာ အမျိုးအမည်စုံနေတာမျိုးမဟုတ်ပဲ အထူးစီမံပြင်ဆင်ထားတဲ့ အချိုပွဲများက ထူးခြားတဲ့အရသာနဲ့ စွဲမက်ဖွယ်ခံစားမှုမျိုးကို ရရှိစေမှာ အသေအချာပါ။ Triamisu ဆိုတဲ့အချိုပွဲကို ပုံစံနှစ်မျိုးနဲ့ စီမံထားပါတယ်။ မူရင်းအရသာလို့ဆိုတဲ့ Chocolate Triamisu ကို
နှုးညံ့တဲ့ကိတ်သား၊ chocolate နဲ့ mascarpoe cheese များနဲ့ ဖော်စပ်ပြီး glass jar လေးတွေနဲ့ Serve လုပ်ပေးထားတာကြောင့်ရင်ခုန်စိတ်လှုပ်ရှားမှုကို အပြည့်အဝပေးပါတယ်။နောက်တစ်မျိုးကတော့ လတ်ဆတ်တဲ့ စတော်ဘယ်ရီသီးနဲ့ ဖော်စပ်ထားတဲ့ Strawberry Triamisu ပါပဲ။

ညွှန်းချင်တဲ့နောက်တမျိုးက Waffel အသားနဲ့ ပြုလုပ်ထားတဲ့အချိုပွဲများပါပဲ။ waffel ကို အခြားသူတွေက ယို၊ ပျားရည်တို့နဲ့ တိုက်ရိုက်စားလေ့ရှိကြပေမယ့် Meringue Cafe ရဲ့ထူးခြားချက်ကတော့ တူနားငါးနှင့် တွဲဖက်ကာ ရိုးရိုးပေါင်မုန့်အစား waffel နဲ့တွဲဖက်ထားတဲ့ Tunna waffel sandwich နဲ့ လတ်ဆတ်တဲ့ သဘာဝသစ်သီးစုံ(ငှက်ပျော၊ စတော်ဘယ်ရီ၊သင်္ဘောသီး)၊ လတ်ဆတ်တဲ့ နို့အစရှိသည်တို့နဲ့ အထူးစီမံဖော်စပ်ထားတဲ့ Belgium waffel with Seasonal fresh fruits ကိုတော့ ကလေးရောလူကြီးများပါမကျန် အထူးနှစ်သက်တဲ့အချိုပွဲလေး ဖြစ်ပါတယ်။

ဒါ့အပြင် Bacon Quiche, Fresh Yougurt with Mixed fruits , Carrot cake , Cheese cake စတဲ့ home made စတိုင်လ်လက်ရာများကို တနေ့တမျိုး ပြောင်းလဲပြင်ဆင်ထားတဲ့ ဆိုင်အခင်းအကျင်းနှင့်အတူ ခံစားလိုရင်ဖြင့် အောက်ပါလိပ်စာကို ကြွရောက်အားပေးနိုင်ပါတယ်။

Meringue Cafe
အမှတ် ၆၀/၇၀
ငုဝါလမ်း
မြို့နယ်အုပ်ချုပ်ရေးမှုးရုံးရှေ့
အလုံမြို့နယ်၊ ရန်ကုန်မြို့

Did you find apk for android? You can find new Free Android Games and apps.
Loading