နံနက်စာဆိုရင် မုန့်ဟင်းခါး၊ ထမင်းကြော်၊ ပဲပြုတ် ထမင်းဆီဆမ်း၊ ဒင်ဆမ်း အသားပေါင်း၊ ပေါက်ဆီ၊ လက်ဖက်ရည်နဲ့ မုန့်၊ ခေါက်ဆွဲ၊ နန်းကြီးသုတ် စတဲ့ အရသာရှိ၊ အာဟာရရှိတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးလေ့ ရှိကြပါတယ်။
နံနက်စာကို ၀၀လင်လင် အာဟာရရှိရှိ စားသုံးမှ တနေကုန် အလုပ်လုပ်တဲ့အခါ အားအင် အပြည့်နဲ့ လုပ်နိုင်မှာ မဟုတ်လား။ ရန်ကုန်မြို့မှာ နေထိုင် အလုပ်လုပ်သူ အများစုက နံနက်စာ စားသုံးဖို့ဆိုရင် အိမ်မှာ ကိုယ်တိုင် ပြင်ဆင်ပြီး စားသုံးလေ့ရှိကြသလို ဆိုင်တွေမှာလည်း သွားစားလေ့ ရှိပါတယ်။
ရန်ကုန်မြို့ရဲ့ စားသောက်ဆိုင်များစွာရှိတဲ့ အထဲကမှ နံနက်စာ ဒင်ဆမ်း (Dim Sum) အသားပေါင်း ကောင်းကောင်းရတဲ့ ဒင်ဆမ်း စားသောက်ဆိုင်တွေကို Foodie Myanmar ရဲ့ Guide ကနေတဆင့် ဧရာဝတီက ညွှန်းဆိုပေးချင်ပါတယ်။
Fook Mun Lou
လိပ်စာ- (၈) မိုင်၊ ကမ္ဘာအေး၊ မရမ်းကုန်းမြို့နယ်။
ပင်လယ်စာ အလွန်ကောင်းတဲ့ ဆိုင်တဆိုင်ဖြစ်ပြီး ဆိုင်ရဲ့ Dim Sum လက်ရာက ရန်ကုန်မှာရှိတဲ့ အကောင်းဆုံး ဆိုင်များထဲမှ တဆိုင် ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ ဒင်ဆမ်း ကို စနေနဲ့ တနင်္ဂနွေနေ့ တွေမှာသာ ရနိုင်တယ်လို့ သိရပါတယ်။
Crystal Jade
လိပ်စာ – Excel Tower နဲ့ တက္ကသိုလ်ရိပ်သာ လမ်းသစ်
ဒီဆိုင်ဟာလည်း Dim Sum ချစ်သူတွေကြားမှာ ရေပန်းစားလောက်အောင် ကောင်းမွန်တယ်လို့ နာမည်ကြီးပါတယ်။ ဒင်ဆမ်း ကြိုက်သူတွေ သွားစားကြည့်ဖို့ ညွှန်းဆို ချင်ပါတယ်။
Royal Garden
လိပ်စာ – ကန်တော်ကြီးကန်ဘေး
မင်္ဂလာဆောင်များနဲ့ အခမ်းအနားတွေ အမြဲလို ကျင်းပလေ့ရှိတဲ့ ဒီဆိုင်မှာ နံနက်ခင်းဘက် ဆိုရင်တော့ Premium Dim Sum လို့ သတ်မှတ်လို့ရတဲ့ ဒင်ဆမ်း တွေက အတုံးကြီးပြီး အသားကို ပတ်ထားတဲ့ ဂျုံကအစ နူးညံ့ကာ အတွင်းသားမှာလည်း အရသာရှိပါတယ်။ ဈေးနှုန်းကတော့ လက်ရာ အပြင်အဆင်နဲ့ တန်အောင် အနည်းငယ် မြောက်တယ်လို့ ဆိုရမလားပဲ။
The Garden Bistro
လိပ်စာ – ကန်တော်ကြီးဝန်း
ကားပါကင် ကျယ်ဝန်းပြီး ကလေးတွေအတွက် ကစားကွင်းလည်း ပါရှိပါတယ်။ ကန်တော်ကြီး နံနက်ခင်း အလှကိုခံစားရင်း အရသာရှိ နံနက်စာအဖြစ် ဒင်ဆမ်း ပူပူနွေးနွေး သုံးဆောင်နိုင်ပါတယ်။
Imperial Garden
လိပ်စာ – Myanmar Plaza (၃) လွှာ
Shopping Center မှာ ဖွင့်ထားတာ ဖြစ်တဲ့အတွက် စောစောစီးစီး နံနက်စာအဖြစ် သုံးဆောင်လို့ မရခြင်း၊ ဒင်ဆမ်း အမယ်တွေ ဆိုင်ကြီးတွေလောက် စုံလင်စွာ မရခြင်း၊ ဈေး အနည်းငယ်ကြီးခြင်း စတာတွေကလွဲရင် ဒင်ဆမ်း အရသာ ကောင်းမွန်တယ်လို့ နာမည်ကြီးတာကြောင့် ဒီဆိုင်ကိုလည်း တခါလောက် သွားစားကြည့်ဖို့ ညွှန်းချင်ပါတယ်။
Oriental House
ရန်ကုန်ရဲ့ ပထမဆုံး နာမည်ကြီးတဲ့ Dim Sum ဆိုင်ဖြစ်ပါတယ်။ စားသုံးသူနဲ့ ဝန်ဆောင်မှု မမျှတတာကြောင့် တခါတရံ အဆင်မပြေတွေ ကြုံရတတ်ပေမယ့် ဈေးသက်သာပြီး အရသာလည်း ကောင်းမွန်တာကြောင့် ဆိုင်က လူအမြဲ ပြည့်နေပါတယ်။ ဆိုင်ခွဲပေါင်း ၅ ဆိုင် ဖွင့်လှစ်ထားပြီး နောက်ဆုံး ဖွင့်ထားတဲ့ Royal Oriental House ဆိုင်ကတော့ ရန်ကုန်တက္ကသိုလ်ဝန်းအတွင်း၊ အင်းယားလမ်း ဘေးကပ်လျက်မှာ တည်ရှိပါတယ်။
ကဲ … ရန်ကုန်မြို့ရဲ့ အကောင်းဆုံး ဒင်းဆမ်းဆိုင်တွေကို လက်လှမ်းမီသလောက် ဖော်ပြ ပြီးသွားဆိုတော့ အရသာရှိ၊ အာဟာရရှိတဲ့ နံနက်စာ ဒင်ဆမ်း ပူပူနွေးနွေးတွေကို နံနက်စောစော သွားရောက် စားသုံး မြည်းစမ်းကြည့်ဖို့ ညွှန်းဆိုပေးလိုက်ပါတယ်။
(စားသောက်ဆိုင်နဲ့ အစားအသောက်မျိုးစုံကို ကဏ္ဍအစုံအလင်နဲ့ သိချင်တယ်၊ ဖတ်ရှုချင်တယ်ဆိုရင် Foodie Myanmar Application ကို ဒေါင်းလုဒ် ဆွဲထားပြီး အသုံးပြုနိုင်ပါတယ်။)
http://bit.ly/InstallFoodieMyanmarOnAndroid