• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Food

ရန်ကုန်မြို့မှာရနိုင်တဲ့ တိုင်းရင်းသား အစားအစာများ

by ဧရာဝတီနှင့် Foodie Myanmar
18 February 2016
in Food
A A
Traditional Foods, Ethnic Foods, Myanmar Foods

ငါးထမင်းနယ် (ဓာတ်ပုံ - ဝင်းနိုင်သိန်း)

14.7k
VIEWS
Share on FacebookShare on Twitter

ဒီတပတ် အစားအသောက် ချစ်သူတွေအတွက် ဧရာဝတီနဲ့ Foodie Myanmar တို့က ညွှန်းပေးချင်တဲ့ စားသောက်ဆိုင်တွေကတော့ မြန်မာနိုင်ငံတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးတွေရဲ့ တိုင်းရင်းသား ရိုးရာဒေသ အစားအစာဆိုင်တွေပဲ ဖြစ်ပါတယ်။ ရန်ကုန်မှာရှိတဲ့ တချို့သော မြန်မာ အစားအစာနဲ့ တိုင်းရင်းသား အစားအစာတွေ ရရှိနိုင်တဲ့ စားသောက်ဆိုင် လိပ်စာတွေကို လက်လှမ်းမီသလောက် ဖော်ပြပေးလိုက်ပါတယ်။

shan

RelatedPosts

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
416
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
341
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.9k

 

ရှမ်းအစားအစာ

 

 

တောင်ပိုင်းရှမ်းနဲ့ မြောက်ပိုင်းရှမ်းဆိုပြီး ရှမ်းအစားအစာက မတူညီ ကွဲပြားပါတယ်။ အခု ညွှန်းဆို ဖော်ပြပေးမယ့် ဆိုင်ကတော့ “အင်းလေး အမှတ်တရ” ရှမ်းစားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။

Traditional Foods, Ethnic Foods, Myanmar Foods
ငါးထမင်းနယ် (ဓာတ်ပုံ – ဝင်းနိုင်သိန်း)

ဆိုင်ခွဲ ၃ ဆိုင်ရှိပြီး ကျောက်ကုန်းက ဆိုင်ကတော့ အင်းလေးပုံစံ အပြင်အဆင်နဲ့ ဟင်းထုတ်၊ ငါးထမင်း၊ ရှမ်းခေါက်ဆွဲ စတဲ့ ရှမ်းအစားအစာတွေကို ရောင်းချလာခဲ့တာ အခုဆို ၁၀ စုနှစ် တစု ကျော်လွန်ခဲ့ပြီလို့ သိရပါတယ်။ အဲဒီဆိုင်မှာ အစားအသောက်တွေ သာမက ရှမ်းရိုးရာ ဝတ်စုံတွေနဲ့ အင်းလေး အမှတ်တရလက်ဆောင် ပစ္စည်းတွေလည်း ဝယ်ယူ ရရှိနိုင်ပါတယ်။ ကျောက်မြောင်းမှာ တဆိုင်၊ မြို့မကျောင်း အနီးမှာ တဆိုင်၊ ကျောက်ကုန်းမှာ တဆိုင် စုစုပေါင်း ဆိုင် ၃ ဆိုင်ရှိပါတယ်။

လိပ်စာ
အမှတ် (၃၀)၊ မလွှကုန်းလမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်။
အမှတ် (၁၂၆)၊ မနော်ဟရီလမ်း၊ မြို့မကျောင်းလမ်း နှင့် ဦးဝိစာရလမ်း အကြား၊ ဒဂုံမြို့နယ်။
အမှတ် ၈ (ခ)၊ သစ္စာလမ်း နှင့် ကျောက်ကုန်းလမ်းထောင့်၊ ရန်ကင်းမြို့နယ်။

 

010284ec95a0166daca30a7d39e2a9aa

 

ကချင်အစားအစာ

 

 

ကချင်ရိုးရာ အစားအစာ စားချင်ရင်တော့ ကချင်ဆိုင်လေးဖြစ်တဲ့ “Sha Yi” (ရှယီ) ကို ညွှန်းဆိုချင် ပါတယ်။ ရရှိနိုင်တဲ့ အစားအစာတွေက တောင်ယာ ဟင်းပေါင်း၊ အာလူး အိုးကပ်ကြော်၊ ကချင်ငါး ပဲပိကြော်၊ ရှယီ အမဲသားမိုးလွတ် ဆီဆမ်း၊ အမဲသားမိုးလွတ် ကချင်ချက် နဲ့ တခြား ကချင်ချက် အမယ်စုံဟင်းတွေကို တနေရာတည်းမှာ ရရှိနိုင်ပါတယ်။ အဲဒီထဲကမှ အသားအမျိုးမျိုးကို ကချင်ထမင်းနယ်နဲ့ ရောပြီး ဖက်နဲ့ ထုတ်ထားတဲ့ ကချင် ဒံပေါက်ကို လူကြိုက်များပါတယ်။

Traditional Foods, Ethnic Foods, Myanmar Foods
Sha Yi ကချင်ဆိုင် (ဓာတ်ပုံ – ဝင်းနိုင်သိန်း)
Traditional Foods, Ethnic Foods, Myanmar Foods
Sha Yi ကချင်ဆိုင် (ဓာတ်ပုံ – ဝင်းနိုင်သိန်း)
Traditional Foods, Ethnic Foods, Myanmar Foods
Sha Yi ကချင်ဆိုင် (ဓာတ်ပုံ – ဝင်းနိုင်သိန်း)

အဲဒီဆိုင်မှာတော့ ဗန်းမော် မျှစ်ချင်ခေါက်ဆွဲလိုမျိုး စတဲ့ ဗန်းမော် အစားအစာတွေ မရရှိနိုင်ပါဘူး။

လိပ်စာ
အမှတ် ၇၆၊ ဗိုလ်ချုပ်လမ်း၊ လမ်း ၅၀ နှင့် ၅၁ လမ်းကြား၊ ပုဇွန်တောင်မြို့နယ်။

484517370390.in.State.Traditional.Dress.gif.at.ashx

 

ချင်းအစားအစာ

 

 

ချင်းစာ အနေနှင့် “The Rih Lake” ဆိုတဲ့ စမ်းချောင်းမြို့နယ်၊ ဓမ္မရုံလမ်းထဲမှ ဆိုင်ကို ညွှန်းချင်ပါတယ်။ ချင်းရိုးရာ အရည်သောက် အဖြစ် ရရှိနိုင်တာတွေက ပြောင်းဆန်ကို အမဲသားနဲ့ ပြုတ်ထားတဲ့ ဟင်းချို Sabuti (စာဘုတိ)၊ နောက်တခုက Sabuti နဲ့ အတူတူ ဖြစ်ပြီး အမဲသား အစား ဝက်သား နဲ့ ပြုလုပ်ထားတဲ့ Bebuti (ဘဲဘုတိ)၊ သတ်သတ်လွတ် အသီးအရွက် ဟင်းချို Anbuti (အန်ဘုတိ) စတာတွေ ရရှိနိုင်ပါတယ်။

ဆိုင်ရဲ့ နာမည်ကြီး ဟင်းတမျိုးကတော့  စကောထမင်းဖြစ်ပြီး ပါဝင်တာတွေက အသားနှစ်မျိုး (အမဲ၊ ဝက်၊ ကြက်)၊ ရိုးရိုးထမင်း သို့မဟုတ် တောင်ပေါ်ထမင်း၊ ကြက်ဥသုပ် နှင့် အရွက်စုံသုပ် တို့ပဲဖြစ်ပါတယ်။ တပွဲကို ၆၅၀၀ ကျပ် ကျသင့်မှာ ဖြစ်ပြီး အဲဒီဆိုင်မှာ ချင်းရိုးရာ အဝတ်အထည် (ဖလန်း၊ ဟားခါး၊ မိဇို၊ တီးတိန်) များလည်း ဝယ်ယူရရှိနိုင်ပါတယ်။

လိပ်စာ
အမှတ် ၆၇(ခ)၊ ဓမ္မရုံလမ်း၊ စမ်းချောင်းမြို့နယ်။

images

 

ရခိုင်စာ

 

 

 

ရခိုင်စာမှာတော့ မင်းလမ်း မုန့်တီဆိုင်ကိုပဲ ညွှန်းခြင်ပါတယ်။ မုန့်တီအပြင်၊ ပင်လယ်စာနှင့် ရခိုင်ရိုးရာ အစားအစာများ ဖြစ်တဲ့ ကြက်သောက်ဆမ်း၊ ငါးသောက်ဆမ်း၊ ပြည်ကြီးငါးချက်၊ ငရုတ်ထောင်း၊ ဂုံးယောင်းမသုပ်၊ စမခြောက်သုပ် စတွေကို စုံလျှင်စွာ ရရှိနိုင်တဲ့ဆိုင် ဖြစ်ပါတယ်။ ဆိုင်ခွဲပေါင်းများစွာရှိပြီး နောက်ဆုံးဖွင့်လှစ်လိုက်တဲ့ ဆိုင်ကတော့ Myanmar Event Park ရှေ့၊ Oriental House နဲ့ကပ်လျက်မှာ ရှိပါတယ်။

လိပ်စာ
အမှတ် ၁၊ မင်းလမ်း၊ ဆရာစံတောင်ပိုင်း၊ ဗဟန်း။

bamar

 

မြန်မာအစားအစာ

 

 

မြန်မာထမင်းဆိုင် အများအပြား ရှိတဲ့အထဲက နာမည်ကြီး “ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင်”ကို ညွန်းဆိုချင်ပါတယ်။ ဒီဆိုင်ကို ညွှန်းချင်တဲ့ အကြောင်းအရင်းကတော့ ဟင်းအမယ်စုံပြီး အရွက်ကြော်နဲ့ တခြား အကြော်အလှော်တွေကို မှာယူစားသုံးသူရဲ့ ရှေ့မှာ ကြော်လှော်ပေးခြင်းနဲ့ သန့်ရှင်းသပ်ရပ်မှု၊ ဝန်ဆောင်မှု ကောင်းမွန်မှုတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ဆိုင်ရဲ့ ပြင်ဆင်ထားပုံက စိတ်ဝင်စားဖွယ်ကောင်းပြီး ရွေးချယ်စရာ စုံလင်စွာခင်းကျင်း ပြသထားပါတယ်။ အသား၊ ငါး၊ အသီးအရွက်တွေကလည်း သန့်ရှင်း လတ်ဆတ်ပါတယ်။

လိပ်စာ
အမှတ် ၆၇၁ (က)၊ ၅ မိုင်ခွဲ၊ မာလာဆောင် မှတ်တိုင်အနီး၊ ပြည်လမ်း၊ လှိုင်။

တခြား တိုင်းရင်းသား အစားအစာ

Traditional Foods, Ethnic Foods, Myanmar Foods
ပလောင်တောင်ယာဟင်း (ဓာတ်ပုံ – ဝင်းနိုင်သိန်း)

ကျန်ရှိနေတဲ့ တိုင်းရင်းသား အစားအစာတွေကို တစုတစည်းတည်း ရရှိနိုင်တဲ့ နေရာကတော့ “တိုင်းရင်းသား” စားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။ “ကယား ဝက်အူချောင်း၊ မွန် ငါးဟင်းရည်၊ ကရင် ကြက်ရင်ပုံသားကင်၊ ရှမ်းကိုင်စ ကြက်သားသုပ်၊ ရှမ်းငါးကင်” စတဲ့ တိုင်းရင်းသားအစားအစာ အမျိုးမျိုးကို တစုတစည်းတည်း ရရှိနိုင်တဲ့ နေရာဖြစ်တာကြောင့် မြန်မာပြည်ကို အလည်လာတဲ့ နိုင်ငံခြားသားတွေ သွားရောက်စားသုံးသင့်တဲ့ ဆိုင်တဆိုင်ပဲ ဖြစ်ပါတယ်။ ဆိုင်ခွဲ ၂ ဆိုင်ရှိပြီး ရန်ကင်းရှိ ဆိုင်က နောက်ဆုံးဖွင့်လှစ်ထားတဲ့ဆိုင် ဖြစ်ပါတယ်။

လိပ်စာ
အမှတ် ၂ (က)၊ ကန်ဘဲ့လမ်း၊ ရန်ကင်းမြို့နယ်။

(စားသောက်ဆိုင်နဲ့ အစားအသောက်မျိုးစုံကို ကဏ္ဍအစုံအလင်နဲ့ သိချင်တယ်၊ ဖတ်ရှုချင်တယ်ဆိုရင် Foodie Myanmar Application ကို ဒေါင်းလုဒ် ဆွဲထားပြီး အသုံးပြုနိုင်ပါတယ်။)
http://bit.ly/InstallFoodieMyanmarOnAndroid

Your Thoughts …
ဧရာဝတီနှင့် Foodie Myanmar

ဧရာဝတီနှင့် Foodie Myanmar

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post

ပြည်သူ့လွှတ်တော် ကော်မတီ ၃ ရပ် ထပ်မံ ဖွဲ့စည်းမည်

TNLA, ဘိန်းခင်း

ဘိန်းခင်းဖျက်သည့် TNLA တိုက်ခိုက်ခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate