မွေးနေ့၊ နှစ်ပတ်လည်စတဲ့ အထိမ်းအမှတ်နေ့တွေမှာ ချစ်ခင်ရသူတွေနဲ့ အတူ ကိတ်မုန့်လှီး၊ ကိတ်မုန့် ခွဲတာ၊ ချစ်ခင်ရသူ မွေးနေ့ရှင် ကိုယ်ချစ်ရတဲ့သူကို အလှဆင်ထားတဲ့ ကိတ်မုန့်လေးနဲ့ Surprise ဖြစ်အောင် အမှတ်တရလက်ဆောင်ပေးတဲ့ အလေ့အထတွေဟာ ဟိုးအရင်ကတည်းက ရှိခဲ့တာ ယခုထက်တိုင်ပါပဲ။
မွေးနေ့ရောက်ပြီဆိုရင် အားလုံးက ကိုယ်ချစ်ခင်ရသူတွေနဲ့ မှတ်မှတ်ရရ၊ ထူးထူးခြားခြား ဖြတ်သန်း ချင်ကြပါတယ်။ မွေးနေ့မှာ အမှတ်တရလည်းဖြစ်၊ ချစ်ရသူတွေ ကိုလည်း ထူးထူးခြားခြား Surprise လုပ်ချင်သူတွေနဲ့ မွေးနေ့မှာ ချစ်ခင်ရသူတွေနဲ့ အတူ အမှတ်တရ ကိတ်ခွဲပြီး ဖြတ်သန်းချင်သူတွေ အတွက် မွေးနေ့ကိတ်တွေ အကြောင်း အနည်းငယ်ပြောပြ မိတ်ဆက်ပေးချင်ပါတယ်။
ပြီးခဲ့တဲ့ တပတ်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းမှာရှိတဲ့ SP Bakery ကို မွေးနေ့ကိတ်တွေ အကြောင်း သွားရောက်လေ့လာ မေးမြန်းခဲ့ပါတယ်။ SP Bakery မှာ မှာယူရရှိနိုင်တဲ့ ကိတ် တွေက Chiffon, Brownie Chocolate နဲ့ Cheese ကိတ် စသဖြင့် ကြက်ဥကိတ်သား၊ ချောကလက် ကိတ်သား၊ ချိစ်ကိတ်သား ဆိုပြီး သုံးတဲ့ကိတ် အမျိုးအစားသုံးမျိုး ရှိပါတယ်။
Chiffon ကိတ်က ကြက်ဥနဲ့ဖုတ်တဲ့ ကိတ်မုန့်အမျိုးအစားဖြစ်ပြီး တခြားကိတ်တွေထက် ဈေးနှုန်း သက်သာပါတယ်။ Brownie Chocolate ကိတ်က ချောကလက်ကိတ်မုန့် ဖြစ်ပြီး ဈေးနှုန်း အသင့်အတင့် ရှိပါတယ်။ Cheese ကိတ်က Cheese ပြုလုပ်ထားတဲ့ ကိတ်ဖြစ်ပြီး အရသာ ချိစ်အရသာမို့ စားလို့ ကောင်းပြီး လူကြိုက်များသလို တခြားကိတ်တွေထက် ဈေးအနည်းငယ် ပိုကြီးပါတယ်။
ကိတ်မုန့်တွေမှာ အလှဆင်မယ်ဆိုရင် အခုနောက်ပိုင်းမှာ ရိုးရိုး Cream နဲ့ အလှဆင်တာအပြင် အသီးတွေနဲ့ အလှဆင် ထားတဲ့ အသီးကိတ်၊ ကိုယ့်ဓာတ်ပုံလေးတွေနဲ့ ဒါမှမဟုတ် ကိုယ်ကြိုက်တဲ့ ကာတွန်း ဇာတ်ကောင် ပုံလေးတွေနဲ့ ကိတ်မှာ ဒီဇိုင်းထွင်းလို့ရတဲ့ ပုံတူကိတ်တွေက ရေပန်းစားလာပါတယ်။
အခုနောက်ပိုင်း ရေပန်းအစားဆုံး ကိတ်အမျိုးအစားကတော့ ပုံတူကိတ်လေးတွေပါ။ မွေးနေ့တွေ အတွက် ချစ်ခင်ရသူတွေ၊ မိတ်ဆွေ သူငယ်ချင်း ညီအစ်ကို မောင်နှမ၊ မိသားစုဝင်တွေကို Suprise လုပ်လို့ကောင်းတဲ့ ကိတ်အမျိုးအစားဖြစ်လို့ လူကြိုက်များနေတဲ့ ပုံတူကိတ်ပါ။
ပြီးတော့ ကလေးတွေ ချစ်တဲ့ Disney ကာတွန်းထဲက ကာတွန်းဇာတ်ကောင် ပုံလေးတွေလည်း ပုံဖော် နိုင်တာမို့ သားသားမီးမီးတွေ မွေးနေ့လုပ်ပေးတဲ့အခါ ဒီလိုပုံတူကိတ်လေးတွေ မှာယူတာ ခေတ်စားပါတယ်။ ကိတ်မှာ ပုံဖော်ထားတဲ့ ပုံကလည်း စက္ကူလိုပုံစံ ဝေဖာသားပေါ်မှာမှ Cake မှာခြယ်တဲ့ Eat Color သုံးပြီး Print ထုတ်ထားတာမို့လို့ စားရတယ်လို့ သိရပါတယ်။
ပြီးတော့ ဘာဘီချစ်တဲ့ မီးမီးလေးတွေအတွက်လည်း ဘာဘီရုပ်ကိတ်လေးတွေ ရနိုင်ပါသေးတယ်။ ကိတ်တွေရဲ့တန်ဖိုးတွေက အနိမ့်ဆုံး ကျပ်တသောင်းခွဲတန်ကနေ ငွေကျပ် သိန်းကျော်တဲ့ အထိ အစားစားရှိပါတယ်။ ကိတ်မုန့်ရဲ့ဆိုဒ်ကိုလည်း အနည်းဆုံး ၆ လက်မကနေ လိုသလောက်ဆိုဒ်အထိ မှာယူလို့ရပါတယ်။
ဘယ်ကိတ်ပဲဖြစ်ဖြစ် SP Bakery မှာ အော်ဒါမှာယူ ပြုလုပ်ချင်တယ်ဆိုရင်တော့ ၂ ရက် ကြိုတင် မှာယူရတယ်လို့ သိရပါတယ်။ SP Bakery မှာ Birthday Cake တွေအပြင်ပေါင်မုန့်၊ ကိတ်မုန့်၊ Cookies၊ ကော်ဖီနဲ့ အအေး၊ ရေခဲမုန့် စတာတွေလည်း စုံလင်စွာ ရပါတယ်။
ရေခဲမုန့်တွေကတော့ ချောကလက်၊ စတော်ဘယ်ရီ၊ နို့၊ ဒူးရင်း စသဖြင့် အသီးနဲ့ ပြုလုပ်ထားတဲ့ ရေခဲမုန့်တွေ အမျိုးအစားစုံ ရရှိနိုင်ပြီး ရေခဲမုန့်မှာ ပူဒီနာ၊ ဆလပ်ရွက်၊ ဝေဖာ၊ ချယ်ရီသီး စတာတွေနဲ့ အလှဆင်ထားကာ အရသာ နှစ်မျိုး၊ သုံးမျိုးရောစပ်ပြီး စားရတာ ပိုစားလို့ ကောင်းပါတယ်။
SP Bakery မှာ ဝန်ဆောင်မှုအနေနဲ့ မင်္ဂလာပွဲ၊ အထိမ်းအမှတ်ပွဲ၊ ကုမ္ပဏီပွဲတွေ အတွက် Catering Service တွေ ရရှိနိုင်တယ်လို့ SP Bakery ရဲ့ Marketing Supervisor ကိုပြည့်ဖြိုးကျော်က ဆိုပါတယ်။
SP Bakery လိပ်စာ
အမှတ် (၅၆)၊ ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။