Food

ဘဲဥ ဆူးပုတ် ကောက်ညှင်းလိပ်နှင့် ပုစွန်ငါးပိ ပန်ထွေဖျော်

This article has been converted from Zawgyi One to Unicode

အစားအ သောက်တွေကို ပြင်ဆင်ချက်ပြုတ်ဖို့ ဝါသနာပါသူတဦးအနေနဲ့ တီထွင်ဖန်တီးမှုအသစ်တွေကို အမြဲမပြတ် စောင့်ကြည့်လေ့လာရပါတယ်။

ယ နေ့ကမ္ဘာကြီးမှာ လူတွေစားသုံးကြတဲ့ အစားအစာတွေဟာ ခေါင်းစဉ်အမျိုးမျိုးနဲ့ တည်ရှိနေပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီအမျိုးအမည်တွေထဲကမှ ကိုယ့်စိတ်ကူးဉာဏ်ကို ကွန့်မြူးပြီး လိုက်ဖက်နိုင်မယ့် တွဲဖက်တွေကို တီထွင်စိတ်ကူးကြရင်း ဟင်းပွဲအသစ်တွေဟာ သက်ဆိုင်ရာနိုင်ငံအလိုက် မီနူးတွေမှာ ခံ့ခံ့ကြွားကြွား နေရာယူလာနိုင်ကြပါတယ်။
ဟင် းပွဲအသစ်တွေကို တီထွင်ဖန်တီးရာမှာ အဓိကစဉ်းစားရမယ့်အချက်က လိုက်ဖက်မှု ရှိဖို့ပါပဲ။ ခံတွင်းမှာ အရသာတင်ကျန်ရစ်စေဖို့ဆိုတဲ့ အချက်ကို အဓိကထားပြီး စဉ်းစား ဖန်တီးရပါတယ်။ ဒီအကြောင်းအရာ အချက်အလက်ပြည့်စုံပြီဆိုမှ တည်ခင်းဧည့်ခံပုံနည်းစနစ်ကို ဒုတိယဖန်တီးမှုအဖြစ် တီထွင်စိတ်ကူးရပါတယ်။
ဒီတစပတ် ကျနော် တီထွင်ဖန်တီးထားတဲ့ စိတ်ကူးလေးတခုကို မိတ်ဆွေတို့အတွက် ဝေမျှပေးပါရစေ။
ကျနော်တို့ မြန်မာ အများစုဟာ ထမင်းဖြူနဲ့ ကြက်ဥမွှေကြော်၊ ကြက်ဥထမင်းကြော် အစရှိသည်တို့ကို အစာပြေအဖြစ် မကြာခဏ စားတတ်ကြတဲ့ အလေ့အထရှိကြပါတယ်။ ဒီအကြောင်းအရာကို အခြေခံပြီး ကျနော့်စိတ်ကူးရောင်ခြည် လင်းလက်ခဲ့တာကြောင့် ဒီဟင်းပွဲလေးကို စိတ်ကူးပုံဖော် တင်ဆက်ပေးလိုက်ရပါတယ်။
ဘဲဥ ဆူးပုတ် ကောက်ညှင်းလိပ်နှင့် ပုစွန်ငါးပိ ပန်ထွေဖျော်
••••••••••••••••••••••••••••••••••••••••••••••••••••
(၄)ယောက်စာ ပါဝင်ပစ္စည်းများ
•••••••••••••••••••••••••••••
ဘဲဥ……………….၄ လုံး
ဆူးပုတ်…………..၂ စည်း
ကြက်သွန်နီ……….၂ လုံး
ဆား
ဟင်းခတ်မှုန့်
ငရုတ်ကောင်း……..အနည်းငယ်စီ
ကောက်ညှင်းပေါင်း…လက်နှစ်ဆုပ်ခန့်
ပြင်ဆင်ပုံ
•••••••••
ဦးစွာ ကောက်ညှင်းကို နူးအိအောင် ပေါင်းပါ (သို့မဟုတ်) အရည်အသွေးမှီတဲ့ အသင့်ပေါင်းပြီးသား ကောက်ညှင်းပေါင်းကို အသုံးပြုပါ။
ဆူးပုတ်ရွက်ရဲ့ နုတဲ့အပိုင်းလေးတွေကို ရွေးချယ်သန့်စင်ပြီး ပါးပါးလှီးထားပါ။
ကြက်သွန်နီကိုလည်း ပါးပါးလှီးထားပါ။
ဇလုံတခုအတွင်းမှာ ဘဲဥတလုံးကို ကြေအောင်ခေါက်ပေးပါ။
ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းတို့ဖြင့် အရသာသွင်းပါ။
ဘဲဥမွှေကြော် တချပ်စာအတွက် ပါးပါးလှီးထားသော ကြက်သွန်နီနှင့် ဆူးပုတ်ရွက်ကို ထည့်ပြီး သမအောင်မွှေပေးပါ။
ဒယ်အိုးပြားထဲမှာ မပေါက်စေပဲ မထူမပါး အဝိုင်းချပ်လေးရအောင် ကြော်ပါ။ ဘဲဥနှင့် ဆူးပုတ်ရောမွှေပြီး ကြော်တဲ့အချပ်ကို အပြန့်ကြီးလွန်းတာမျိုး မဖြစ်အောင် ဂရုပြုပါ။
ထိုနည်းအတိုင်း ၄ ချပ်ရအောင် ကြော်ယူပါ။
ကောက်ညှင်းပေါင်းကို အနည်းငယ်ကျစ်သွားအောင် လှိမ့်ပေးပါ။ အသင့်ကြော်ထားတဲ့ ဘဲဥ၊ ဆူးပုတ်မွှေကြော်ကို ဖြန့်ခင်းပြီး ကောက်ညှင်းပေါင်းကို နေရာချပေးပါ။
ဟိုဖက် ဒီဖက် အုပ်မိသွားအောင် လိပ်ပေးပါ။
အနေတော်အရွယ် တချပ်စီရဖို့ ဓားထက်ထက်နှင့် လှီးပေးပါ။
ငါးပိပန်ထွေဖျော်နဲ့ တို့ပြီး တွဲဖက်သုံးဆောင်ပါ။
ပုစွန်နှင့် ငါးပိပန်ထွေဖျော်
•••••••••••••••••••••••
ပုစွန်အသေး……၅ ကောင်
ငါးပိ……………..၁ ဇွန်း
ငရုတ်သီးစိမ်း ….၅ တောင့်
ကြက်သွန်ဖြူ……၃ တက်
သံပုရာရည်……..၁ ဇွန်း
ထန်းလျက်………၁ လုံး
ပုဇွန်ကို အခွံခွာပြီး ရေအနည်းငယ်နှင့်ခမ်းသည်အထိ ပြုတ်ပြီး ချေထားပါ။
ငါးပိကို ဇွန်းလေးမှာ ကပ်ပြီး မီးအနည်းငယ် ကင်ပေးပါ။
ထန်းလျက်ကို ပါးပါးလှီးထားပါ။
ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို နွမ်းရုံလေးလှော်ပါ။
လှော်ထားသော ငရုတ်သီးနှင့်ကြက်သွန်ဖြူအရောကို ထန်းလျက်နှင့် ဦးစွာထောင်းပါ။
ညှက်သွားပြီဆိုမှ ငါးပိထည့်ထောင်းပါ။ြ ပုတ်ထားတဲ့ပုစွန်တွေကို ဖိချေပြီး ထည့်ပါ။
သကြား၊ သံပုရာရည်၊ ငါးငံပြာရည်တို့ဖြင့် အရသာဖြည့်စွက်ပါ။
Loading