မြန်မာ့ရိုးရာ အစားအသောက်တွေကို ပြည်တွင်း ထုတ်ကုန်တွေနဲ့သာ ပြင်ဆင် ချက်ပြုတ်ထားသလို ဆိုင်တွင်း အပြင်အဆင်က ရှေးဟောင်း ကိုလိုနီခေတ်လက်ရာ အပြင်အဆင်ကြောင့် ထူးခြားနေတဲ့ ရန်ကုန်မြို့လယ်ရှိ Rangoon Tea House ရဲ့ ဆိုင်အပေါ်ထပ်က “The Toddy Bar” လို့ အမည်ရတဲ့ ဘားတခု အကြောင်း ပြောပြချင်ပါတယ်။
ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းမ အောက်ဘလောက်မှာ ရှိတဲ့ ယခင်ဖွင့်လှစ်ခဲ့တဲ့ Rangoon Tea House ရဲ့ မြေညီထပ် မှာ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင် တွဲပြီး ဖွင့်လှစ်ထားပြီး အပေါ်ထပ်မှာတော့ အရက်ဘားခန်းကိုပါ အသစ် ထပ်မံ ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။
“The Toddy Bar” ရဲ့ ထူးခြားချက်ဟာ မြန်မာ Cocktail Bar တခု ဖြစ်ပြီး Rangoon Tea House Kitchen မှ အရန် စားသောက်ဖွယ်ရာများနဲ့ မြန်မာနိုင်ငံတခွင် ပေါက်ရောက်နေတဲ့ ထန်းရည် ဓနိရည်များကို အဓိက အသုံးပြုပြီး Cocktail များကို ဖျော်စပ်ထားတာ ဖြစ်ပါတယ်။
ထူးခြားတဲ့ အဆိုပါ Cocktail menu ကို အင်္ဂလန်နိုင်ငံ၊ လန်ဒန်မှာ ရှိတဲ့ Roka and Electric House ၊ အမေရိကန် နိုင်ငံ၊ နယူးယောက်မှာ ရှိတဲ့ Angel’s Share နဲ့ ဂျပန်နိုင်ငံ၊ တိုကျိုမှာ ရှိတဲ့ Kawabun Nagoya စတဲ့ စားသောက်ဆိုင် ဘားများမှ မီနူးများကို ဖန်တီးပေးခဲ့သူ မစ္စတာ Hideyuki Saito က ဖန်တီး ပေးထားခြင်း ဖြစ်ပါတယ်။
“The Toddy Bar ကတော့ နိုင်ငံတကာမှာ ကျော်ကြားပြီး ဆုရရှိထားတဲ့ Mixologist Hideyuki Saito ကိုယ်တိုင် ဖန်တီး ထားတဲ့ မြန်မာ အငွေ့အသက် ပေါင်းစပ်ထားတဲ့ Cocktail အရသာတွေကို နိုင်ငံတကာ အဆင့်မီ အထိ ဝင်ဆံ့ အောင် ရည်ရွယ်ထားပါတယ်” လို့ Rangoon Tea House ကို ပူးတွဲတည်ထောင်သူ ကိုထက်မြတ်ဦးက ပြောပါတယ်။
The Toddy Bar မှာ ရရှိနိုင်တဲ့ Signature Cocktail ၄ မျိုးကတော့ Jasmine Gin & Tonic, Mandalay Mule, Win Oo Sour နဲ့ Coco- Colada (Shared) တို့ပဲ ဖြစ်ပါတယ်။ ဒီ Cocktails တွေက မြန်မာ့ အငွေ့အသက်နဲ့ ပေါင်းစပ်ပြီး Hideyuki Saito ဖန်တီးထားတဲ့ Rangoon Tea House Signature Cocktail တွေပဲ ဖြစ်ပါတယ်။
ရန်ကုန်မြို့ အမှတ် ၇၇-၇၉၊ ပန်းဆိုးတန်းလမ်း အလယ်ဘလောက်မှာ တည်ရှိတဲ့ Rangoon Tea House ဖွင့်ချိန်က နေ့စဉ် နံနက် ၆ နာရီကနေ ည ၁၀ နာရီ အထိ ဖြစ်ပါတယ်။ ။