Food

တရုတ်ရိုးရာ ရှောင်လုံးပေါင်း ရရှိနိုင်မယ့် “Paradise Dynasty” စားသောက်ဆိုင်

Want create site? Find Free WordPress Themes and plugins.

တရုတ်ရိုးရာ ဖက်ထုပ် ရှောင်လုံုးပေါင်း (Xiao Long Bao) နဲ့ အခြားသော တရုတ်ရိုးရာ အစားအစာများကို အစုံအလင် ရရှိနိုင်မယ့် စင်ကာပူအခြေစိုက် “Paradise Dynasty” တရုတ်စားသောက်ဆိုင်ကို ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်ပါပြီ။

“Paradise Dynasty” စားသောက်ဆိုင် ဖွင့်ပွဲကို အောက်တိုဘာလ ၁၀ ရက်နေ့၊ ရန်ကုန်မြို့၊ ကျွန်းတောလမ်း၊ ကမာရွတ်မြို့နယ်၊ Parkson ကုန်တိုက်ဘေး၊ Junction Square Extension မြေညီထပ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

“ကျမတို့ Paradise Dynasty စားသောက်ဆိုင်ဟာ ၂၀၁၀ ခုနှစ်၊ စင်ကာပူနိုင်ငံမှာ စတင် တည်ထောင်ခဲ့တဲ့ စင်ကာပူ အခြေစိုက် တရုတ်ရိုးရာ စားသောက်ဆိုင်တခု ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာ ဆိုင်ခွဲပေါင်း ၇ ဆိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်၊ ဟောင်ကောင်၊ တရုတ်၊ ထိုင်ဝမ်၊ ဖီလစ်ပိုင် စတဲ့ နိုင်ငံတွေမှာလည်း ဆိုင်ခွဲတွေ ဖွင့်လှစ်ထားပါတယ်။ ဒီနေ့ ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်တဲ့ ဆိုင်က မြန်မာနိုင်ငံ အတွက်ဆို ပထမဦးဆုံး ဖြစ်ပြီး နိုင်ငံတကာမှာဆို ၃၃ ဆိုင်မြောက် ဆိုင်ခွဲ ဖြစ်ပါတယ်” လို့ Golden Legend Group of Companies ရဲ့ Marketing and Public Relation Manager မကြူကြူသင်းက ပြောပါတယ်။

“Paradise Dynasty ဟာ အဓိက ကတော့ တရုတ်ပြည် တောင်းပိုင်းနဲ့ မြောက်ပိုင်းမှာ ရှိတဲ့ ဟိုးရှေး အဆက်ဆက် ကတည်းက ဘုရင်မင်းမြတ်တွေ စားသုံးနေတဲ့ တော်ဝင်ရိုးရာ ဟင်းလျာတွေကို အခုခေတ်နဲ့ အညီ ကျမတို့ ဘယ်လိုမျိုးဆို အဆင်ပြေမလဲ၊ ဘယ်လို အရသာမျိုးဆို စားသုံးသူတွေ ပိုပြီး ခံတွင်းတွေ့မလဲ ဆိုတာကို စမ်းသပ်ပြီး တရုတ်ဟင်းလျာတွေ ကို အကြိမ်ကြိမ် အခါခါ လေ့လာတယ်။ အကြိမ်ကြိမ်အခါခါ ပြုလုပ်တယ်။ နောက်ဆုံးမှာ ကျမတို့ Paradise Dynasty ဟင်းလျာတွေကို ဖန်တီးခဲ့ပါတယ်” လို့ မကြူကြူသင်းက ဆိုပါတယ်။

Paradise Dynasty စားသောက်ဆိုင်မှာ အဓိက ရောင်းချပေးတဲ့ အစားအစာကတော့ တရုတ်ရိုးရာ ဖက်ထုပ် ရှောင်လုံးပေါင်း (Xiao Long Bao) ဖြစ်ပြီး ရှောင်လုံးပေါင်းကို မူလအရသာ၊ ဂျင်ဆင်း၊ ငန်းအသည်း၊ ရှားပါးမှိုနက်၊ ဂဏန်းဥ၊ ချိစ်၊ ကြက်သွန်ဖြူ၊ စီချွမ်စတဲ့ အရသာ ၈ မျိုးနဲ့ ရရှိနိုင်တယ် လို့ သိရပါတယ်။

ရှောင်လုံးပေါင်း တခုမှာ အသားပေါင်းနဲ့ အသားပြုတ်ရည် ပါဝင်ပြီး ဂျုံအလွှာနဲ့ ဖက်ထုတ်လို ထုတ်ထားတဲ့ ရှောင်လုံးပေါင်း တခုချင်းစီက အလေးချိန် ၂၅ ဂရမ် ရှိပြီး တခုချင်းစီမှာ ဂျုံသား အလွှာ ၁၈ ခေါက် ဖြစ်အောင် ခေါြက်ပီး အသားကို ထည့်ပေါင်းထားတယ် လို့ သိရပါတယ်။

Paradise Dynasty စားသောက်ဆိုင်မှာ ဆိုရင် ရှောင်လုံးပေါင်း အပြင် အခြား တရုတ်ရိုးရာ အစားအစာတွေ ဖြစ်တဲ့ ဝက်သားဖက်ထုပ်ချဉ်စပ်၊ မုံလာဥ ဂျုံပိုးတီကြော်၊ ကောက်ညှင်းအစာသွပ်၊ စွန်ပလွန်သီးပေါင်း၊ ဂုံးခြောက်နှင့် ငါးကြက်ဥမွှေ၊ ပီကင်းတော်ဝင် ဝက်စဉ်းကောကြော်၊ ဘိုစားပဲ ဝက်စဉ်းကောကြော်၊ စီချွမ် မာလာငါးဟင်း၊ ပုဇွန်ခြောက် ကြက်သွန်မြိတ် ဆီချက်ခေါက်ဆွဲ၊ ပျားသံပုရာ ရှားစောင်းလက်ပတ် ဂျယ်လီ စတဲ့ စားသောက်ဖွယ်ရာ အစုံအလင် ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဆိုင်အတွင်းမှာ ရှောင်လုံးပေါင်း ပြုလုပ်ပုံနဲ့ အစားအစာများ ချက်ပြုတ်ပုံကို အလွယ်တကူ ပွင့်လင်းစွာ မြင်နိုင်တဲ့ Kitchen ကိုလည်း Open Kitchen ပုံစံထားထားတာ တွေ့ရပါတယ်။ ဆိုင်အတွင်းမှာ အသုံးပြုထားတဲ့ ပန်းကန်၊ ခွက်၊ အသုံးအဆောင် ပစ္စည်းများကလည်း တရုတ်ရိုးရာ အငွေ့အသက်တွေနဲ့ ပြည့်နှက်နေပါတယ်။

အဆိုပါ “Paradise Dynasty” စားသောက်ဆိုင်ကို မြန်မာနိုင်ငံမှ Golden Legend Group of Companies ကနေ ကိုယ်စားလှယ် အဖြစ် တာဝန်ယူ ဖွင့်လှစ်တာ ဖြစ်ပါတယ်။

Paradise Dynasty စားသောက်ဆိုင်ကို နေ့စဉ် နေ့လည် ၁၁ နာရီက ညနေ ၃ နာရီ၊ ညနေ ၃ နာရီက ည ၁၁ နာရီအထိ နှစ်ချိန်ခွဲ ဖွင့်လှစ်ထားပြီး နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ကာ နေ့လည် ၁၁ နာရီ မှ ည ၁၁ နာရီ အထိ နေ့စဉ် ဖွင့်လှစ်သွားမယ် လို့ သိရပါတယ်။

Paradise Dynasty စားသောက်ဆိုင် ရဲ့ လိပ်စာကတော့ အမှတ်၊ (2) & (3)၊ Junction Square Extension (Parkson ဘေး)၊ ကျွန်းတောလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပါတယ်။ ။

ဆက်စပ် သတင်းလင့်ခ် – စင်ကာပူအခြေစိုက် “Paradise Dynasty” စားသောက်ဆိုင် ရန်ကုန်မှာ ဖွင့်လှစ်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading