Food

ဂျပန်စာကို ဈေးနှုန်းသက်သာစွာနဲ့ ရနိုင်မယ့် ဂျပန်ရာမန်စားသောက်ဆိုင် ဖွင့်လှစ်

Want create site? Find Free WordPress Themes and plugins.

ဂျပန်အစားအသောက်များကို ကြိုက်နှစ်သက်သူများအတွက် ဂျပန်စာကို ဈေးနှုန်းသက်သာစွာဖြင့် ရရှိနိုင်မယ့် Jan Jan Jan Japanese Ramen လို့ အမည်ရတဲ့ ဂျပန်ရာမန်စားသောက်ဆိုင်ကို ရန်ကုန်မြို့ မြန်မာပလာဇာမှာ စတင်ဖွင့်လှစ်လိုက်ပြီလို့ သိရပါတယ်။

“ထိုင်ဝမ်ကနေ တဆင့် franchise ယူထားတဲ့ ဂျပန်စားသောက်ဆိုင်ပါ။ ဂျပန်အစားအသောက်ကိုပဲ ဦးစားပေးရောင်းချတယ်ဆိုပေမယ့် အရသာကိုတော့ မြန်မာအရသာနဲ့ နီးစပ်အောင်လုပ်ထားပါတယ်။ ဒီ ဂျပန်ရာမန်တွေကို နိုင်ငံခြားမှာ သွားရောက် စားသောက်စရာမလိုဘဲ မြန်မာပြည်မှာ စားသောက်လို့ရနိုင်မယ့် ရည်ရွယ်ချက်ရယ် မြန်မာလူမျိုးတွေက ခေါက်ဆွဲပြုတ်တွေ၊ ခေါက်ဆွဲကို ကြိုက်ကြတဲ့အတွက် ဒီမှာစားသောက်နိုင်အောင်ဖွင့်ဖြစ်တာပါ ” လို့ ဆိုင်ဖွင့်ဖြစ်ပုံနဲ့ ပတ်သက်လို့ မန်းနေဂျင်း ဒါရိုက်တာ ကိုစိုးလှိုင်က ပြောပါတယ်။

Jan Jan Jan Japanese Ramen ဆိုင်မှ အစားအသောက်တွေကတော့ တခြားသော ဂျပန်ဆိုင်များမှ အစားအသောက်များထက် သက်သာသော ဈေးနှုန်းများဖြင့် မြန်မာကျပ်ငွေ ၁ သောင်းထက် မကျော်လွန်သော ဈေးနှုန်းများဖြင့် ရောင်းချပေးနေပြီး ဂျပန်အစားအသောက်များ၊ ဂျပန်ရာမန်ခေါက်ဆွဲ၊ ထိုင်ဝမ်ကြက်တောင်ပံကြော်နဲ့ အအေးများ ရနိုင်တယ်လို့ သိရပါတယ်။

Jan Jan Jan Ramen ကို ကူဆန်းပန်နန်ဆိုသူက ၁၉၈၂ ခုနှစ်တွင် တိုကျို နရီမကူး (Nerima-Ku) အရပ် ကူရွမ်ဆိုင်မှာ စတင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ Jan Jan Jan ရဲ့နာမည်ကျော် ကျူရှုးဝက်ရိုး ရာမန်ခေါက်ဆွဲ၊ တိုကျိုပဲငံပြာရည် ရာမန်ခေါက်ဆွဲ၊ ဆပိုလိုမီဆို ရာမန်ခေါက်ဆွဲတို့ကို အစွဲပြုကာ “Jan Jan Jan” (ရှားပါးသောအရသာရှိသည့်) ရာမန်(Ramen ) ခေါက်ဆွဲဆိုင်ဆိုပြီး အမည်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီဆိုင်ကို နိုဝင်ဘာလ ၄ ရက်နေ့မှ စတင်ကာ နေ့စဉ် မနက် ၉ နာရီမှ ည ၉ နာရီထိ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading