ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်မှာရှိတဲ့ “Pan Pacific Yangon ဟိုတယ်” ရဲ့ All-Day-Dining Restaurant တခုဖြစ်တဲ့ “Saan (ဆန်) Restaurant” ကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာလမှာတော့ အထူးအစီအစဉ်တွေနဲ့ မိတ်ဆက်လာပါတယ်။
အသစ် မိတ်ဆက်လိုက်တဲ့ Saan Restaurant ရဲ့ ဒီဇင်ဘာလအတွက် အထူးအစီအစဉ်ကတော့ ဒီဇင်ဘာ ၂၃ ရက်နေ့အထိ မိသားစု၊ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ သူငယ်ချင်းတွေနဲ့ International Buffet Dinner ကို ၄ ယောက် လာစားရင် ၃ ဦး အတွက်ပဲ ပေးရမယ့် အထူးအစီအစဉ်ပါ။
International Buffet Dinner ကို သုံးဆောင်မယ် ဆိုရင် တဦးကို အမေရိကန်ဒေါ်လာ ၃၈ ဒေါ်လာ (Buffet with Coffee & Tea) နဲ့ တဦးကို အမေရိကန်ဒေါ်လာ ၄၅ ဒေါ်လာ (Buffet with Free Flow Drinks) ဆိုပြီး နေ့စဉ် ညနေ ၆ နာရီမှ ည ၁၀ နာရီထိ လာရောက် စားသုံးနိုင်ပါတယ်။
မနက်စာ အတွက်လည်း International Buffet Breakfast ကို သုံးဆောင်မယ် ဆိုရင်တော့ တဦးကို အမေရိကန်ဒေါ်လာ ၂၂ ဒေါ်လာ၊ အပတ်စဉ် တနင်္လာနေ့မှ သောကြာအတွင်း (မနက် ၆ နာရီခွဲမှ မနက် ၁၀ နာရီ)၊ စနေ တနင်္ဂနွေ (မနက် ၆ နာရီခွဲမှ မနက် ၁၀ နာရီခွဲ) အထိ လာရောက်စားသုံးနိုင်ပါတယ်။
Saan Restaurant ဟာ Pan Pacific Yangon ဟိုတယ်ရဲ့ ၆ လွှာမှာ တည်ရှိပြီး ရန်ကုန်မြို့ရဲ့ အထင်ကရ ဖြစ်တဲ့ ရွှေတိဂုံဘုရား၊ Trinity Church ဘုရားကျောင်းနဲ့ ရန်ကုန်မြို့ပြအလှ ညနေရှုခင်းတွေကို ခံစားရင်း အေးအေးဆေးဆေး သက်သောင့်သက်သာ အရသာရှိရှိ ညစာစားနိုင်မယ့် နေရာတခုပါ။
အရသာရှိတဲ့ International Buffet Dinner စားရင်း အကောင်းစားဝိုင်၊ ဘီယာသောက်တဲ့ တတ်သူတွေ အတွက်လည်း Buffet with Free Flow Drinks ကို ရွေးချယ် သောက်သုံးနိုင်ပါတယ်။ Buffet Dinner မှာ Seafood အစုံအလင် ရရှိနိုင်တာကြောင့် Seafood ကြိုက်သူတွေ၊ အစားတလိုင်းသမားတွေ လက်မလွတ်တမ်း သွားရောက် မြည်းစမ်းကြည့်ဖို့ ညွှန်းလိုက်ပါတယ်။
လိပ်စာ- Pan Pacific Hotel Yangon ၊ Saan All Day Dining Restaurant, 6th Floor ၊ ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ် အောင်ဆန်းလမ်းထောင့်၊ ရန်ကုန်မြို့။