Food

ဆီဒိုးနား “Du Fu စားသောက်ဆိုင်”မှ တရုတ်နှစ်ကူးအတွက် အထူးဟင်းလျာများ ရရှိ

Want create site? Find Free WordPress Themes and plugins.

လာမယ့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ တရုတ်နှစ်သစ်ကူး ကျရောက်လာပါတော့မယ်။ ဒီနှစ်ဟာ တရုတ်ရိုးရာ ပြက္ခဒိန်အရ “ခွေးနှစ်” ကျတဲ့နှစ်ပါ။ ဒီနှစ် ၂၀၁၈ ခုနှစ်၊ တရုတ်နှစ်သစ်ကူး ကာလအတွင်း ရန်ကုန်မြို့ရဲ့ နာမည်ကြီး ဟိုတယ်၊ ဆီဒိုးနားမှာရှိတဲ့ “Du Fu စားသောက်ဆိုင်”ကနေ ချက်ပြုတ်ရောင်းချသွားမယ့် တရုတ်ဟင်းလျာတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။

တရုတ်နှစ်သစ်ကူးအချိန်ခါ ရောက်လာပြီဆိုရင် တရုတ်လူမျိုးတွေက နှစ်သစ်မှာ တဦးနဲ့တဦး ကျန်းမာရေး ကောင်းမွန်စေကြောင်း၊ စီးပွားလာဘ်လာဘ တိုးတက်စေကြောင်း ဆုတောင်းပေးဖို့အတွက် မိသားစုတွေ၊ လုပ်ဖော်ကိုင်ဖက် ချစ်ခင်ရသူတွေနဲ့အတူ နှစ်သစ်ကူး ညစာစားပွဲတွေ ပြုလုပ်လေ့ရှိကြပါတယ်။

တရုတ်နှစ်ကူးပွဲတော် ကာလအတွင်း ဆီဒိုးနားဟိုတယ်၊ “Du Fu စားသောက်ဆိုင်” ရဲ့ စားဖိုမှူးကြီး Edmund Ng နဲ့ အဖွဲ့သားများ အထူးပြင်ဆင်ချက်ပြုတ်ထားတဲ့ ညစာဟင်းပွဲ Set Menu ၂ မျိုးကို ဖေဖော်ဝါရီလအတွင်း “Du Fu စားသောက်ဆိုင်”မှာ အထူးရောင်းချသွားမယ်လို့ သိရပါတယ်။

ကကတစ် ငါးကြော်ချက် / Sedona Hotel Yangon

Set Menu ဟင်းပွဲ ၂ မျိုးကတော့ “ကြွယ်ဝချမ်းသာခြင်း” နဲ့ “သက်ရှည် ကျန်းမာခြင်း” အတိတ်နမိတ် ဟင်းပွဲတို့ပဲ ဖြစ်ပါတယ်။ Set Menu ဟင်းပွဲ ၂ မျိုးလုံးမှာ တရုတ်နှစ်ကူး ပွဲတော်အတွင်း မိသားစုများ၊ အပေါင်းအသင်း မိတ်ဆွေများ မပါမဖြစ် ပြုလုပ်ရတဲ့ အောင်မြင်တိုးတက်ခြင်းနဲ့ ကံကောင်းခြင်းတို့ ရရှိစေမယ်လို့ ယုံကြည်ထားတဲ့ “ယူရှန်း” အသုပ်ကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ပင်လယ်မျှော့ ဟင်းရွက်စုံ ကြော်ချက် / Sedona Hotel Yangon

“ကြွယ်ဝချမ်းသာခြင်း” ဟင်းပွဲ Set Menu မှာ အထူးဟင်းလျာတွေဖြစ်တဲ့ ရီဆန် အက်ဘလွန်ခရုသုပ်၊ ဝက်ကောင်လုံးကင်၊ ဂုံးခြောက် ပင်လယ်စာဟင်းရည်နဲ့ ဆေးမြစ်စုံ ကြက်ကောင်လုံးကြော်ချက် အပါအဝင် အထူးဟင်းလျာ ၉ မျိုးပါဝင်ပြီး အထူးအစီအစဉ်အနေနဲ့တဦးကို အမေရိကန်ဒေါ်လာ ၄၈ ဒေါ်လာ (အနည်းဆုံး ၆ ဦးစာ) ဟင်းပွဲများ မှာယူ သုံးဆောင်နိုင်တယ်လို့ သိရပါတယ်။

ရေချို ပုဇွန်ထုပ် ထောပတ်ဆီကြော် / Sedona Hotel Yangon

ဟင်းပွဲမှာ အခြား ပုံမှန်တရုတ်နှစ်ကူးဟင်းလျာများဖြစ်တဲ့ ကြံမဆိုင် ကျောက်ငါးပေါင်း၊ ပုဇွန်ကျား ဒယ်အိုးပူကြော်၊ ဆားဘဲဥ ငရုတ်သီး နှစ်ဟင်း၊ ပင်လယ်မျှော့ဟင်းရွက်စုံကြော်ချက်၊ ကမာကောင် ထမင်းကြော်နဲ့ အုန်းနို့ ဟက်စ်မာ ခြောက်ပြုတ်တို့ ပါဝင်ပါတယ်။

ဟောင်ကောင် ခေါက်ဆွဲနဲ့ ဝက်သားကင် / Sedona Hotel Yangon

“သက်ရှည်ကျန်းမာခြင်း” အတိတ်နမိတ် ဟင်းပွဲ Set Menu မှာ ရီဆန် အက်ဘလွန်ခရုသုပ်၊ စီချွမ် ပင်လယ်စာချဉ်စပ် ကြော်ချက်၊ ပဲပိစပ်ဆီမွှေး ကြက်သားဟင်း၊ ကကတစ် ငါးကြော်ချက်တို့ ပါဝင်ပြီး အထူးဟင်းလျာ ၈ မျိုး ပါဝင်ပြီး အထူးအစီအစဉ်အနေနဲ့ တဦးလျှင် အမေရိကန်ဒေါ်လာ ၃၈ ဒေါ်လာ (အနည်းဆုံး ၆ ဦးစာ) ဟင်းပွဲများ မှာယူ သုံးဆောင်နိုင်ပါတယ်။

ရီဆန် အက်ဘလွန် ခရုသုပ် / Sedona Hotel Yangon

အဆိုပါ ဟင်းပွဲ Menu မှာ ရေချိုပုဇွန်ထုပ်ကြော်၊ ပင်လယ်မျှော့ တရုတ်မှိုခြောက် ကြော်ချက်၊ သက်ရှည်ကျန်းမာခြင်း အတိတ်နမိတ်အဖြစ် ဟောင်ကောင်ခေါက်ဆွဲနဲ့ ဝက်သားကင်၊ ဂျင်းပြုတ်ရည်နဲ့ ချက်ထားတဲ့ ကောက်ညှင်းဆန်လုံးတို့ ပါဝင်ပါတယ်။

တရုတ်နှစ်ကူးဟင်းပွဲ Set Menu ၂ မျိုးလုံးကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ရောင်းချသွားမှာဖြစ်ပြီး ဟင်းပွဲများကို Set Menu အနေနဲ့ မဟုတ်ဘဲ အခြားသော တရုတ်ရိုးရာဟင်းပွဲများကို မိမိ နှစ်သက်သလို ရွေးချယ်မှာယူနိုင်တယ်လို့လည်း သိရပါတယ်။

“Du Fu စားသောက်ဆိုင်”ကို ဆီဒိုးနားဟိုတယ်၊ Level 2 မှာ ဆိုင်ဖွင့်ချိန် နေ့စဉ် နေ့လည် ၁၁ နာရီမှ ၂ နာရီခွဲ၊ ညနေ ၆ နာရီမှ ည ၁၀ နာရီခွဲအထိ ဖွင့်လှစ်ထားပြီး တရုတ်ရိုးရာ နှစ်ကူးကာလအတွင်း မိသားစုစုံညီ ညစာစားပွဲများ၊ မိတ်ဆုံ ညစာစားပွဲများအတွက် သီးသန့် စားသောက်ခန်းများ ကြိုတင်စာရင်းပေး ငှားရမ်းနိုင်တယ်လို့ သိရပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading