Food

နွေရာသီနဲ့ လိုက်ဖက်သင့်တဲ့ ဖရဲသီးစားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး ၇ ခု

Want create site? Find Free WordPress Themes and plugins.

အခုလို ပူအိုက်တဲ့ နွေရာသီနဲ့ လိုက်ဖက်သင့်တဲ့ အသီးအနှံဟာ ဖရဲသီးပါ။ အရသာ အေးမြချိုမြိန်တဲ့ ဖရဲသီးမှာ ရေဓာတ် ၉၂ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ဖရဲသီးမှာ ရေဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် နွေရာသီမှာ များများ စားသုံးပေးသင့် ပါတယ်။

ဒါကြောင့်မလို့ နွေရာသီနဲ့ လိုက်ဖက်တဲ့ ဖရဲသီးစားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး ၇ ခုကို ဧရာဝတီ စာဖတ် ပရိသတ်တွေ အတွက် ရေးသားဖော်ပြ လိုက်ပါတယ်။

(၁) ဖရဲသီးမှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်ဟာ ကြွက်သားတောင့်တင်း နာကျင်မှုကို သက်သာစေတဲ့အတွက် အားကစား သမားတွေအနေနဲ့ အားကစားလုပ်ပြီးချိန်မှာ ဖရဲသီးဖျော်ရည်ကို ပုံမှန်သောက်သုံး ပေးသင့်ပါတယ်။

(၂) ဝိတ်လျှော့နေသူများနဲ့ ခန္ဓာကိုယ် အလှအပ ထိန်းသိမ်းနေသူတွေလည်း ဖရဲသီးကို ပုံမှန်စားပေးခြင်း အားဖြင့် ကိုယ်အလေးချိန် မြင့်တက်မှုကို ထိန်းချုပ်ပေးနိုင်ပါတယ်။

(၃) ဖရဲသီးမှာ ပါဝင်တဲ့ အာနိသင်တွေဟာ သွေးကြောထဲမှာ အဆီခဲ စုပုံနေမှုကို လျော့နည်းစေနိုင်ပြီး ကိုယ်တွင်းရှိ အဆိပ် ဖြစ်စေမယ့် အရာတွေကိုလည်း ရှင်းလင်းပေးပါတယ်။

(၄) ဖရဲသီးကို တနေ့တခါ ပုံမှန်စားသုံးပေးမယ်ဆိုရင် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပြီး ညဘက် အိပ်မပျော်ခြင်းနဲ့ သတိ မေ့လျော့ခြင်းတွေအတွက် အကောင်းဆုံး မှတ်ဉာဏ်တိုးဆေးပဲ ဖြစ်ပါတယ်။

(၅) ရာသီဥတုကြောင့် ခေါင်းကိုက်ဝေဒနာ ခံစားနေရပါက ဖရဲသီးဖျော်ရည် သောက်သုံးပေးမယ်ဆိုရင် သက်သာစေနိုင်ပြီး ကျောက်ကပ်ကိုလည်း သန့်စင်စေနိုင်ပါတယ်။

(၆) ဖရဲသီးမှာ ပါဝင်တဲ့ သကြားဓာတ်ဟာ လူကို အန္တရာယ် မဖြစ်စေတဲ့အတွက်  ဖရဲသီးဖျော်ရည် များများသောက်ပြီး ရေများများ သောက်မယ်ဆိုရင် ဝိတ်ကျစေနိုင်ပါတယ်။

(၇) ဖရဲသီးကို ကျန်းမာရေးအရ စားသုံးလာတဲ့သူတွေဟာ တနှစ်ထက်တနှစ် များပြားလာပါတယ်။ ဒါကြောင့်မို့လို့ နွေရာသီရဲ့ အပူဒဏ်ကို သက်သာစေနိုင်ဖို့ ဖရဲသီးကို ပုံမှန်စားသုံး ပေးသင့်ပါတယ်။

ဆက်စပ်သတင်းလင့်ခ် – နွေရာသီမှာ စားသုံးသင့်တဲ့ ရေဓာတ်ပြည့်ဝ အသီးအနှံ ၅ မျိုး

Ref ; livescience.com

Did you find apk for android? You can find new Free Android Games and apps.
Loading