• English
Saturday, July 12, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Food

ဈေးသက်သက်သာသာနဲ့ အပန်းပြေမယ့် နေပြည်တော်က “Peacock Rooftop Bar”

by ဖေသက်ထက်ခင်
23 March 2018
in Food
A A
“Peacock Rooftop Bar”  / ဖေသက်ထက်ခင် / ဧရာဝတီ

“Peacock Rooftop Bar” / ဖေသက်ထက်ခင် / ဧရာဝတီ

5.6k
VIEWS
Share on FacebookShare on Twitter

သောကြာနေ့လို ရက်သတ္တပတ်ရဲ့ နောက်ဆုံးနေ့ အလုပ်တွေ ပြီးသွားတဲ့ ညနေခင်းလိုအချိန် အပန်းဖြေချင်ကြမှာ စာဖတ်သူတို့ အားလုံးလိုလို ဖြစ်မှာပါ။ နေပြည်တော်လို နေရာမျိုးမှာ အစိုးရလုပ်ငန်း တာဝန်တွေထဲ တဖက်တလမ်းက တာဝန်ထမ်းဆောင်နေရသူတွေ ဆိုရင်တော့ ပိုပြီးတော့ စိတ်အပန်းဖြေဖို့လိုမှာ အမှန်ပါပဲ။

ဒီလို စိတ်ကူးကောင်း ရှိပေမယ့် တဖက်ကလည်း ငွေကို အများကြီး အကုန်အကျ မခံချင်ပြန်ဘူးဆိုရင် အခု စာရေးသူ ညွှန်ပေးမယ့် နေရာက လူကြီးမင်းတို့ကို ငွေကြေးကုန်ကျစရိတ် နည်းနည်းနဲ့ သွားနိုင်မယ့် နေပြည်တော်က “Peacock Rooftop Bar” နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

RelatedPosts

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
153
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
444
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 July 2025
3.6k
“Peacock Rooftop Bar” (ဓာတ်ပုံ – ဖေသက်ထက်ခင်/ ဧရာဝတီ)

“Peacock Rooftop Bar” က ပျဉ်းမနားမြို့ မောင်ခင်လမ်း၊ စိန်ဒေါင်း Shopping Mall ရဲ့ အပေါ်ဆုံးထပ်နဲ့ ပဉ္စမထပ်မှာ တည်ရှိတာပါ။ သင်ဟာ သောကြာနေ့လို ညမျိုးရောက်သွားရင် ဓာတ်လှေကားက ၆ ထပ်ရောက်လို့ တံခါးပွင့်သွားတာနဲ့ Cocktail မျိုးစုံကို ကျွမ်းကျွမ်းကျင်ကျင် ဖော်စပ်နေတဲ့ Bartender နဲ့ Bar တခုကို မြင်ရမှာဖြစ်ပြီး နားထဲမှာတော့ သာယာ ညိမ့်ညောင်းတဲ့ ဂီတသံစဉ်တွေကို ကြားနေရမှာပါ။

နွေညတွေကို အပေါ်ဆုံးထပ်ကနေ လေတဖြူးုဖြူးနဲ့ အေးအေးလူလူ ဖြတ်သန်းလိုသူတွေလည်း အကြိုက်တွေ့ကြမှာ ကျိန်းသေပါ။ သာယာ ငြိမ့်ညောင်းတဲ့ ဂီတသံတွေ ပေးနေမယ့် Unplugged Band တွေက သင့်ရဲ့ တပတ်တာ ပင်ပန်း နွယ်းနယ်မှုကို ပျောက်စေမှာပါ။

ဒီ Unplugged Band က သောကြာ၊ စနေ၊ တနင်္ဂနွေ ၃ ရက် မှာ တီးခတ်ဖျော်ဖြေ ပေးတာပါ။ သင်နားထောင်လိုတဲ့ သီချင်းကို အခမဲ့ တောင်းဆိုနိုင်ပြီး ကိုယ်တိုင်ဆိုရင်တော့ တပုဒ်ကို ၅ ထောင်ကျပ် ကောက်ခံပါတယ်။ စာရေးသူလည်း ကိုယ်တိုင် ဂစ်တာတီး တက်ဆိုခဲ့သေးတာကြောင့် အသံထွက်စနစ်နဲ့ အသံထွက် ပစ္စည်းတွေကို အမျိုးအစား ကောင်းတာတွေ သုံးထားမှန်းသိခဲ့ပါတယ်။

ဒီလိုသုံးထားတာနဲ့ ကျွမ်းကျင်မှုရှိတဲ့ တီးခတ်သီဆိုနေတဲ့ Band ကြောင့် နူးညံ့ပြီး သာယာတဲ့ တေးဂီတသံတွေကို ပေးစွမ်း နိုင်တာပါ။ အပေါ်ဆုံးထပ် ဖြစ်တာကြောင့် ပျဉ်းမနား မြို့တွင်းနဲ့ နေပြည်တော်က အထင်ကရ နေရာ တချို့ကိုလည်း ကြည့်လို့ ရပါသေးတယ်။ အပေါ်ဆုံးထပ်နဲ့ ပဉ္ဓမထပ်ကို တွဲဖွင့်ထားတာဖြစ်ပြီး ပဉ္စမထပ်ကတော့ မိသားစုလိုက်၊ အဖွဲ့လိုက် အေးအေးဆေးဆေး လာစားလိုသူတွေ၊ အခမ်းအနား တခုခု လုပ်လိုသူတွေ အတွက် အဆင်ပြေမှာပါ။

ဒီလို မွေးနေ့ပွဲ ၊ Staff Party စတဲ့ ပွဲတွေ လုပ်ချင်ရင်လည်း လက်ခံဆောင်ရွက်ပေးပြီး ပွဲစီစဉ်ရတဲ့ အတွက် သီးသန့် ကောက်ခံတာမျိုး မရှိဘူးလို့ ဆိုင်ရှင်က ပြောပါတယ်။

ဆိုင်ရှင် ကိုယ်တိုင်က စီးပွားရေးကို အဓိက ဦးတည်တာ မဟုတ်ဘဲ ဇာတိမြို့ဖြစ်တဲ့ ပျဉ်းမနားမြို့မှာလည်း တခြား မြို့တွေလို Bar ရှိတယ် ဆိုတဲ့ ဆန္ဒကြောင့် ဒီ Bar ကို တည်ဆောက်ဖြစ်တာပါတဲ့။ ခေါက်ဆွဲကြော် ၊ ကြာဇံကြော် တပွဲ ၂၀၀၀ ကျပ် ၊ ကြက်ကြေးအိုးဆီချက် တပွဲ ၂၈၀၀ ကျပ် ဆိုတဲ့ ဈေးနှုန်း စာရေးသူမြင်ဖူးတဲ့ တခြား Bar တွေမှာ မရနိုင်ပါဘူး။ ဆိုင်မှာ ရောင်းတဲ့ တခြား ဟင်းလျာတွေကလည်း ပုံမှန်စားသောက်ဆိုင်မှာ ရောင်းတဲ့ ဈေးတွေထက် မများပါဘူး။

ဆိုင်အပြင်အဆင်နဲ့ ဆိုင်အကြောင်း စုံသလောက် ဖြစ်သွားပြီမို့လို့ အစားအသောက် အကြောင်း ပြောပြပေးချင်ပါတယ်။

Peacock in the Sky

Peacock in the Sky

သောကြာလို ညမျိုးမှာလည်း Lady Free အစီအစဉ် လုပ်ထားပေးပါသေးတယ်။ သောကြာည လာတဲ့ မိန်းကလေးတွေကို Bar က သီးသန့်ထုတ်လုပ်ထားတဲ့ Peacock in the Sky Cocktail ဟာ အခမဲ့ပါ။ အချိုအရသာဘက် များများ ယူထားပြီး Cocktail ကိုအခုမှ စသောက်မယ့်သူတွေနဲ့ မိန်းကလေးတွေအတွက် သီးသန့်ထုတ်လုပ်ထားတာဖြစ်ပါတယ်။

Margarita

ခွက်ပတ်ပတ်လည်မှာ ဆားမှုန်းလေးတွေ ကပ်ထားတဲ့အတွက် Cocktail သောက်လိုက်တာနဲ့ တခါတည်း ဆားနဲ့ မြည်းပြီးသားပါ ။ အရက် ၃ မျိုးလောက်နဲ့ စပ်ထားတာဖြစ်ပြီး ပုံမှန်သောက်နေကျ အမျိုးသားတွေအတွက် ထုတ်လုပ်ထားတာဖြစ်ပါတယ်။

AK 47

ဒါကတော့ ခပ်ကြမ်းကြမ်း ကြိုက်သူတွေအတွက်လို့ ဆိုပါတယ်။ အရက် ၆ မျိုးနဲ့ ဖော်စပ်ထားတာဖြစ်ပြီး Cocktail ကို စွဲစွဲမြဲမြဲ သောက်လေ့ရှိတဲ့ သူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာလို့ သိရပါတယ်။ Bar ဖြစ်တဲ့အတွက် သူ့ရဲ့ အထင်ကရ သောက်စရာတွေကို မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

Peacock ဟင်းချိုနှင့် လူကြိုက်အများဆုံး ဟင်းပွဲ

မြန်မာကြက်နဲ့ ပင်လယ်စာတွေကို ချဉ်စော်ကားသီး အချဉ် အရသာနဲ့ ရောပြီးချက်ထားတဲ့ ဆိုင်နာမည်နဲ့ ဟင်းချို ဖြစ်ပါတယ်။ တုန်ယမ်း အရသာဘက်ကို နည်းနည်းသွားပြီး သင်က သောက်တတ်သူဆိုရင်တော့ ဒီဟင်းချိုကို မမှာမဖြစ် မှာလိုက်ပါ။ ဒီဟင်းအပြင် အနံ့တွေ ဟုန်နေအောင် မထည့်ထားပဲ ခပ်ရိုးရိုးနဲ့ စားကောင်းတဲ့ ငါးခဲပတ်၊ သကြားအချိုနဲ့ သဘာဝအတိုင်း ကင်ထားတဲ့ ဝက်ဂုတ်သားကင်တို့ကို မမှာမဖြစ် မှာစားပါလို့ ညွှန်းဆိုလိုက်ပါတယ်။

လိပ်စာ – “Peacock Rooftop Bar”

မောင်ခင်လမ်း၊ စိန်ဒေါင်း Shopping Mall၊ အပေါ်ဆုံးထပ်နှင့် ပဉ္စမထပ်၊ ပျဉ်းမနားမြို့။

Your Thoughts …
Tags: “Peacock Rooftop Bar”
ဖေသက်ထက်ခင်

ဖေသက်ထက်ခင်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
အောင်ပွဲခံနေသော ကာဂစ်သမ္မတနိုင်ငံအသင်း / FIFA

မြန်မာရဲ့ အာရှဖလားအိပ်မက် ကာဂစ်ကို ရှုံးနိမ့်ခြင်းကြောင့် ပျောက်ကွယ်

တောင်ဥက္ကလာပ မြို့နယ်တရားရုံး  / ထွန်းထွန်း / ဧရာဝတီ

မယ်လိမ့်လုံဆိုင်ရှင်ကို ချုပ်ရမန်ထပ်ယူ

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

2 days ago
4.3k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate