၁။ ပဲပင်ဖေါက်ခြင်းဆိုသည်မှာ အချို့သော ပဲများနှင့် အနှံစေ့များကို အစိမ်းစားပြီး ပိုမိုကျန်းမာရေးနှင့် ညီညွတ် အောင်ပြုလုပ်သော သဘာဝဖြစ်စဉ်ဖြစ်သည်။ ထိုသို့ပြုလုပ်ရာတွင် အနှံစေ့များ ပဲစေ့များကို ရေတွင်ကာလ တခုကြာအောင် စိမ်ထားရပြီး ၎င်းတို့၏ အပြင်ခွံ နူးညံ့လာကာ အညှောင့်ပေါက်လာ အောင်ထားရသည်။
ထို အညှောင့်သည် လွန်စွာ အာဟာရဓါတ်ကြွယ်ဝပြီး ကျန်းမာရေးအတွက်ကောင်းမွန်သည်။ ၎င်းတို့ကို အများ အားဖြင့် နံနက်စာ ဟင်းသီးဟင်းရွက်သုပ် ပုံစံဖြင့် စားသုံးကြသည်။
၂။ မည်သည့်အတွက် ကျန်းမာရေးနှင့် ညီညွတ်သနည်း
ပဲပင်ပေါက်တွင် သတ္တုဓါတ်နှင့် အမျှင်များကြွယ်ဝသည်။ အမျှင်များသည် အစာခြေချက်ခြင်းနှင့် အူ အတွင်း ဓါတ် ငွေ့များကို မိုမိုကောင်းမွန်စေသည်။ “အစာချက်တာကို ကူညီတဲ့အပြင် ပဲပင်ပေါက် တွေဟာ ခန္ဓာကိုယ်ကို ကင်ဆာဖြစ်စေသည့် အရာတွေကနေ အကာအကွယ်ပေးတယ်။ ပဲပင်ပေါက်မှာ ကင်ဆာဆဲလ်တွေကို ထိထိ ရောက်ရောက်တိုက်ခိုက်နိုင်တဲ့ Glucoraphanin ပါတယ်။
ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင်အဆင့်မြှင့် တင် ပေးပြီး အဆိပ်အတောက်ကို ပြေစေဖိုလည်း အထောက်အကူပြုတယ်”ဟု အာဟာရသုတေသီ ကူနယ် ကယ်ရာ ကပြောသည်။
၃။ ပဲပင်ဖေါက်ခြင်းအနုပညာ
ပဲပင်ဖေါက်ခြင်းနှင့် အကောင်ဆုံး ပဲပင်ပေါက် ရအောင်လုပ်ဆောင်ခြင်းက အနုပညာဖြစ်ပြီး ထိုသို့ဆိုလျှင် ထူးဆန်းကောင်း ထူးဆန်းနေနိုင်သော်လည်း မှန်ကန်စွာလုပ်ဆောင်ရန် ဂရုစိုက်ရသည်။
ယေဘူယျအားဖြင့်ပြောရပါက ပဲပင်ပေါက်ပြုလုပ်ရာတွင် ပဲတီနှင့် ပဲအမျိုးမျိုး၊ ဘာလီတို့မှ ပြုလုပ်ကြသည်။ ပဲပင်ဖေါက်နည်းအဆင့်ဆင့်ကို အောက်တွင်ဖေါ်ပြထားသည်။
က။ ပဲများကို ရေဖွင့်ကာ တမိနစ်မျှ စနစ်တကျ ဆေးကြောပြီးနောက် ဇလုံကြီးကြီးတွင် သန့်ရှင်းသော ရေနှင့် စိမ်ထားပါ။
ခ။ အညှောင့်များထွက်လာသောအခါ နေရာအလုံအလောက် ရရန် ရေပမာဏသည် ပဲပမာဏ၏ ၂ ဆရှိရမည်။
ဂ။ ထိုသို့ရေစိမ်သောအခါ ရေပေါ်တွင်ပေါ်နေသော ပဲစေ့များနှင့် ပဲခွံများကို ဖယ်ထုတ်ပါ။
ဃ။ ဆေးပြီးသောအခါ သန့်ရှင်းသော ချည်စဖြင့် အုပ်ကာ တင်းတင်းချည်နှောင်ပြီး ဇလုံကို အခန်းအပူချိန်တွင် ၁၀ နာရီမှ ၁၂ နာရီအထိထားပါ။
င ။ အဝတ်ဖုံးကို ဖွင့်ပြီး ရေကိုအဝတ်ဖြင့်စစ်ထုတ်ကာ အညှောင့်များကို ဖွင့်ထားသောရေတွင် ၄-၅ မိနစ်ခန့် ဆေးပါ။
စ။ ထို့နောက် စားသုံးရန် အသင့်ဖြစ်နေသည့် ပဲပင်ပေါက်ကို ရရှိမည်ဖြစ်သည်။
၄။ ပဲပင်ပေါက်၏ အကျိုးကျေးဇူးများ
ပဲကို အပင်ဖေါက်လိုက်သောကြောင့် သတ္တုဓါတ်နှင့် ဗီတာမင်များပိုမို ကြွယ်ဝလာစေပြီး၊ ပရိုတိန်းနှင့် အမျှင်များ လည်း ပေါကြွယ်သည်။ ပဲပင်ပေါက်တွင် ကိုယ်ခံစွမ်းအားမြှင်တင်ပေးသော အရာများအပြင် အောက်ပါအကျိုး ကျေးဇူးများကိုလည်း ရရှိစေသည်။
၅။ အစာခြေဖျက်ရာတွင် အထောက်အကူပြုခြင်း
ပဲပင်ပေါက်တွင် ရှင်သန်နေသော အင်ဇိုင်းများပါဝင်ပြီး အစာကို ထိရောက်စွာ ခြေဖျက်ကာ အစာလမ်း ကြောင်း ၏ အာဟာရဓါတ်များကို စုပ်ယူရန်အထောက်အကူပြုသောကြောင့် အစာခြေဖျက်ခြင်းကို ကောင်းမွန်စေသည်။
၆။ နှလုံးအားကောင်းစေသည်
ပဲပင်ပေါက်တွင် နှလုံးသွေးကြောစနစ် ဖိစီးမှုကို ဖြေလျှော့ပေးသော Omega-3 ဖက်တီးအက်စစ်ကြွယ်ဝသည်။ နံနက်ခင်းတွင်စားလျှင် ခန္ဓာကိုယ်အတွင် ကိုလက်စထရော အဆင့်ကို လျှော့ချပေးသည်။
၇။ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကိုတားဆီးပေးခြင်း
ပဲပင်ပေါက်သည် အိုမင်းရင့်ရော်ခြင်းကိုဖြစ်စေသည့် မျိုးဗီဇ DNA များပျက်စီးခြင်းကို တားဆီးပေး သည်။ ၎င်းတို့တွင် အရွယ်မတိုင်မီ အိုမင်းခြင်းကို တားဆီးပေးသော ဓါတ်တိုးဆန့်ကျင် ပစ္စည်းများ လည်း ပါသည်။
၈။ ကိုယ်ခံစွမ်းအားစနစ်ကို မြှင့်တင်ပေးခြင်း
ဗီတာမင် စီ ကြွယ်ဝသောကြောင့် ပဲပင်ပေါက်သည် ကူးစက်မှုများနှင့် ရောဂါများကိုတိုက်ဖျက်ရန် သွေးဆဲလ်များ ကို အားပေးသည်။
၉။ အလေးချိန်လျှော့ကျစေခြင်း
ယခုအချက်သည် သင့်အတွက် အံ့သြစရာဖြစ်ကောင်းဖြစ်နိုင်သော်လည်း ပဲပင်ပေါက်သည် ခန္ဓာကိုယ် အလေးချိန် လျှော့ချရာတွင် အထောက်အကူပြုသည်။ ပဲပင်ပေါက်သည် အစားအစာပိုမိုစားသောက်ရန် ဦးနှောက်ကို ညွှန်ကြားသည့် Ghrelin ဟုခေါ်သော ဟိုမုန်းများ ထုတ်လွှတ်ခြင်းကို လျှော့ချပေးသည်။ ကယ်လိုရီနည်းပြီး အမျှင်ကြွယ်ဝသောကြောင့် ပဲပင်ပေါက်သည ်အူအတွင်းတွင် ကာလကြာရှည်စွာ ရှိနေနိုင်သည်။
၁၀။ သွေးလှည့်ပတ်မှုကောင်းမွန်စေခြင်း
ပဲပင်ပေါက်သည် သွေးအတွင်းတွင် သံဓါတ်နှင့် ကြေးပမာဏကို ချိန်ညှိထားနိုင်သောကြောင့် သွေးနီ၏ အရေ အတွက်ကို ထိန်းထားနိုင်ပြီး သွေးလှည့်ပတ်မှုကောင်းမွန်စေသည်။
၁၁။ အမြင်အာရုံပိုမိုကောင်းမွန်စေခြင်း
ဓါတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်သောကြောင့် မျက်လုံးကို လွတ်လပ် ရယ်ဒီကယ်များမှ အကာ အကွယ်ပေးပြီး ပဲပင်ပေါက်၏ ဗီတာမင် အေသည် မျက်လုံးကို ပိုမိုကောင်းမွန်စေသည်။
Times Food မဂ္ဂဇင်း ပါ 11 things to keep in mind before having sprouts ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။