တနေ့ကို စပျစ်ဝိုင် ၁ ခွက် (သို့မဟုတ်) ၂ ခွက်ခန့်သောက်သုံးပေးခြင်းဟာ နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ် ပေးနိုင်တဲ့ အပြင် အသည်းအဆီဖုံးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ စပျစ်ဝိုင်ပုံမှန် သောက်သုံးပေးခြင်း ဟာ သွေးလှည့်ပတ်မှုကိုကောင်းစေပြီး အိုမင်းရင့်ရော်ခြင်းကို နှောင့်နှေးစေပါတယ်။ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အကျိုး ကျေးဇူးတွေများလှတဲ့ စပျစ်ဝိုင်ကို မိမိကိုယ်တိုင် အိမ်မှာ အလွယ်တကူ ပြုလုပ်သောက်သုံးနိုင်တဲ့ နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။
စပျစ်ဝိုင်ပြုလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ စပျစ်သီး ၁ ပိသာ ၊သကြား ၅၀ သား၊ ရေသန့်၂ လီတာနဲ့ သေချာစွာ ဆေးကြောသန့်စင်ထားတဲ့ အဝကျယ်ဖန်ပုလင်းအကြီးတို့ပဲ ဖြစ်ပါတယ်။ ပထမဦးစွာ စပျစ်သီးတွေကို ရေစင် အောင် ဆေးကြောပြီး အညှာတွေချွေကာ ရေစင်အောင်စစ်ထားပါ။ သကြား ၅၀ သားကို ရေနှစ်လီတာနဲ့ ကျိုချက်ပြီး အအေးခံ ထား ပါ။ ပြီးရင်တော့ ရေစစ်ထားတဲ့ စပျစ်သီးတွေကို ဖန်ပုလင်းထဲထည့်ပြီး သကြားရည်လောင်းထည့်ပေးပါ။ ဖန်ပုလင်း အဖုံးကို သေချာစွာ ပိတ်ပြီး အလင်းရောင်မရတဲ့ မှောင်ပြီးအေးေ နတဲ့ နေရာမှာထားပေးပါ။ စပျစ်သီးတွေ အောက်ကို အနည်ထိုင်သွားတဲ့ အချိန်ထိထားပေးပြီး ၆ လခန့်ကြာရင်တော့ သောက်သုံးလို့ရပါပြီ။
စပျစ်ဝိုင်ကို ခပ်ခါးခါးအရသာနဲ့သောက်ချင်ရင်တော့ စပျစ်သီးတွေကို အစေ့ရောအသားကိုပါ အသီးဖျော်စက်နဲ့ ကြိတ်ပြီး ဖန်ပုလင်းထဲထည့် ၊အပေါ်ကသကြားရည်လောင်းချပြီး အေးပြီး မှောင်တဲ့နေရာမှာထားပေးပါ။ ဒါကိုတော့ တရက်ကို တကြိမ်နှုန်းနဲ့ တပတ်လောက်အထိ ပုလင်းအဖုံးကို ဖွင့်ဖွင့်ပေးဖို့လိုအပ်ပြီး ၆လခန့် ကြာရင်တော့ သောက်သုံးနိုင်မှာ ဖြစ်ပါတယ်။ စပျစ်ဝိုင်ချိုချိုလေးသောက်ချင်ရင်တော့ အခုဖော်ပြခဲ့တဲ့ နည်းလမ်းအတိုင်းကိုပဲ စပျစ်သီးကြိတ်တဲ့အခါ အစေ့တွေကို ဖယ်ကြိတ်ပေးရုံနဲ့ သောက်သုံးနိုင်မှာ ဖြစ်ပါတယ်။
Ref. https://www.wikihow.com