ငါးစားသုံးခြင်းဟာ ခန္ဓာကိုယ် ကျန်းမာရေးကို ကောင်းမွန်စေပြီး လူတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရ ဓာတ်တွေကို ပေးစွမ်းစေနိုင်ပါတယ်။
ဒါပေမယ့် အချို့သော ငါးအမျိုးအစားတွေကတော့ ခန္ဓွာကိုယ်အတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်စေနိုင်တာကြောင့် စားသုံးဖို့ မသင့်တော်တဲ့ ငါးအမျိုးအစားတွေကို ဖော်ပြပေးလိုက်ရပါတယ်။
(၁) ငါးကင်ဆိုင်တွေမှာ အများဆုံး အသုံးပြုပြီး တလားဗီးယားလို့ လူသိများကြတဲ့ ငါးဟာ ပရိုတိန်းပါဝင်မှု နည်းပါးသလို Omega 3 Fatty Acid လည်း မပါဝင်သလောက်ကို နည်းပါးပါတယ်။ ကင်ဆာဖြစ်စေတဲ့ Dioxin Level မြင့်မားစွာ ပါဝင်တာကြောင့် များများစားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
(၂) အရွယ်အစား ကြီးကြီးနဲ့ ဖွံဖြိုးလှတဲ့ ငါးခူတွေဟာ ကြီးထွားမှု နှုန်းမြင့်အောင် ဟော်မုန်းတွေ အမြောက်အများကျွေးပြီး မွေးမြူထားတာ ဖြစ်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ သဘာဝ ငါးခူတွေမှာသာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးနိုင်တဲ့ ဓာတ်တွေ ပါဝင်တာကြောင့် သဘာဝ ငါးခူမျိုးကိုသာ ရွေးချယ် စားသုံးသင့် ပါတယ်။
(၃) ငါးရှဉ့်ဟာ သူ့သဘာဝကိုက ညစ်ပတ်တဲ့ နေရာတွေမှာ ကျက်စားတာ ဖြစ်တာကြောင့် ပြဒါးဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ ကျန်းမာရေးအတွက် အကျိုးရှိစေတဲ့ အဆီဓာတ် မပါဝင်ဘဲ ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိစေတဲ့ အဆီဓာတ်သာ ပါဝင်တာကြောင့် ချင့်ချိန်စားသုံးသင့်ပါတယ်။
(၄) ဆူရှီပြုလုပ်တဲ့အခါ အသုံးပြုတဲ့ ဒေါ်လာငါး အမျိုးအစားတွေမှာ ဖယောင်းဓာတ် အများအပြားပါဝင်တာကြောင့် အစာအိမ်ရဲ့အစာခြေစနစ်ကို နှောင့်နှေးစေနိုင်ပါတယ်။ အစာအိမ် ရောဂါရှိသူတွေ စားသုံးဖို့ မသင့်တော်တဲ့ ငါးအမျိုးအစားပဲဖြစ်ပါတယ်။
(၅) မျိုးသုဉ်းလုနီးပါးဖြစ်နေတဲ့ တူနာငါးတွေဟာ ဒီကနေ့ခေတ်မှာတော့ သဘာဝတူနာငါးမျိုးကို တွေ့ဖို့ခဲယဉ်းသွားပါပြီ။ ဟော်မုန်းတွေ အလွန်အကျွံတိုက်ကျွေးထားတဲ့ တူနာငါးမျိုးတွေသာ ရှိတော့တာကြောင့် စားသုံးဖို့ မသင့်တော်ပါဘူး။
Ref ; steptohealth.com