Food

ဒူးရင်းသီးနဲ့တွဲဖက်ပြီး မစားသုံးသင့်တဲ့ အစားအစာများ

ကြိုက်နှစ်သက်သူတွေအတွက်တော့ အနံ့အလွန်မွှေးပြီး အရသာရှိလှတဲ့ ဒူးရင်းသီးဟာ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါရှိတာမှန်ပေမယ့် အလွန်အကျွံစားသုံးတဲ့အခါနဲ့ တွဲဖက်မစားသုံးသင့်တဲ့အစားအစာတွေနဲ့ တွဲဖက်စားသုံးမိမယ်ဆို ရင်တော့ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဒူးရင်းသီးနဲ့တွဲဖက်ပြီးမစားသုံးသင့်တဲ့ အစား အစာ တွေကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) ဒူးရင်းသီးစားသုံးပြီးတဲ့အခါနဲ့ မစားသုံးခင်မှာ အရက်၊ ဘီယာ၊ ဝိုင်အစရှိတဲ့ အယ်လ်ကိုဟော ပါဝင်တဲ့ အရည်တွေ သောက်သုံးခြင်းကို အထူး ရှောင်ကြဉ်သင့်ပါတယ်။ တွဲဖက် စားသုံးခြင်းအားဖြင့် ဦးနှောက် သွေးကြောပြတ်ခြင်း၊ နှလုံး သွေးကြောပေါက်ခြင်းနဲ့ လေဖြတ်နိုင်ခြင်းတို့ကို ဖြစ်စေနိုင်တာကြောင့် တွဲဖက်စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

 

(၂) သွေးတိုးရောဂါရှိသူတွေအနေနဲ့ ဒူးရင်းသီးစားပြီး နို့ထွက်ပစ္စည်းများ ထပ်မံ စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အခန့် မသင့်ရင် သေစေနိုင်တဲ့အထိဖြစ်စေနိုင်တာကြောင့် သတိပြု ဆင်ခြင်သင့်ပါတယ်။

 

(၃) ဒူးရင်းသီးစားပြီး ခရမ်းသီးစားခြင်းဟာ အပူစာနှစ်ခုကို တပြိုင်နက်တည်းစားသုံးသလိုဖြစ်တာကြောင့် အပူများပြီး လည်ချောင်းနာခြင်းနဲ့ ဖျားနာခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

(၄) ဒူးရင်းသီးနဲ့ ဂဏန်းတွဲဖက်စားသုံးခြင်းဟာ အပူစာနဲ့ အအေးစာနှစ်ခုကို စားသုံးသလိုဖြစ်တာကြောင့် ဝမ်းဗိုက်မအီ မသာဖြစ်ခြင်းနဲ့ ဗိုက်အောင့် ဗိုက်နာတွေကိုဖြစ်စေနိုင်ပါတယ်။

(၅) အမဲသားတို့ မှိုတို့လို အပူစာတွေနဲ့ ဒူးရင်းသီးကို တွဲဖက်စားသုံးခြင်းဟာ အစာအဆိပ်သင့်စေနိုင်ပြီး အော့အန်ခြင်း ၊ အသက်ရှုကြပ်ခြင်းနဲ့ ဖျားနာခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။

(၆) ကဖင်းဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ ကော်ဖီနဲ့ ဒူးရင်းသီးတွဲဖက်စားသုံးခြင်းဟာ ရုတ်တရက် နှလုံးရပ်ခြင်း၊ အသက်ရှု ကြပ်ခြင်း နဲ့ ခေါင်းအလွန်အမင်းကိုက်ခဲခြင်း တို့ကိုဖြစ်စေနိုင်ပါတယ်။

ဆက်စပ်ဖတ်ရှုရန်ဒူးရင်းသီးကြိုက်သူများ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန် အချက်များ 

Ref. http://goodyfeed.com

Loading