Food

တခွက်တည်းနဲ့ အာဟာရပြည့်စေမယ့် Japchae ကိုရီးယားစတိုင် ကြာဆံကြော်

Want create site? Find Free WordPress Themes and plugins.

နေ့စဉ်လိုအပ်တဲ့ အသား၊ အသီးအရွက်တွေ အကုန်ပါဝင်လို့ တခွက်တည်းနဲ့ အာဟာရပြည့်ဝတဲ့ ဟင်းတခွက်နဲ့  မိတ်ဆက် ပေးချင်ပါတယ်။ ကိုရီးယားနိုင်ငံမှာ လူကြိုက်များတဲ့အစားအစာ တမျိုးဖြစ်တဲ့အပြင် မြန်မာနိုင်ငံက သူတွေ ပါးစပ်နဲ့လည်း အကြိုက်တွေ့မယ်လို့ ထင်ပါတယ်။ Japchae ကိုရီးယားစတိုင် ကြာဆံကြော်ဆိုပေမယ့် အာလူးကနေ ထုတ်ထားပြီး အရသာစီးစီးပိုင်ပိုင်မလို့ ပဲကြာဆံနဲ့ပိုတူပါတယ်။

ကိုရီးယားစတိုင် Japchae ကြော်ဖို့ လိုအပ်မယ့်ပစ္စည်းတွေထဲမှာ တချို့ကတော့ ရှားလို့ စီးတီးမတ်လောက်မှာပဲ ဝယ်လို့ရမယ့်ပစ္စည်းတွေ ပါ ပါတယ်။

အမဲသား (သို့) ဝက်သား

Shiitake မှိုခြောက်ကို အနည်းဆုံး မချက်ခင် ၂ နာရီ ၃ နာရီလောက် ကြိုတင်ရေစိမ်ပြီး ပါးပါးလှီးထားပါ။

ကြက်သွန်ဖြူ (နုပ်နုပ်စဉ်းထားရန်)

သကြား

ပဲငံပြာရည်

နှမ်း၊ နှမ်းဆီ

ကြက်ဥ

ဟင်းနုနွယ်ရွက်

Dangmyeon (Japchae ကြော်ဖို့ ကြာဆံဝယ်မရရင် ပဲကြာဆံအစားထိုးပါ)

ကြက်သွန်မြိတ် (ကိုရီးယားတွေ ဟင်းထဲထည့်လေ့ရှိတဲ့ ကြက်သွန်မြိတ်အကြီးမျိုးရရင် ပိုကောင်းပါတယ်)

ကြက်သွန်နီ

မှို

ကြက်သွန်နီ

ငရုပ်ပွ

ငရုတ်ကောင်း

ဆား

ကြော်ရန်ဆီ

ပါဝင်ပစ္စည်းတွေများတာမို့ စိတ်ရှည်ရှည်နဲ့ပြင်ဆင်ဖို့လိုပါတယ်။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် —

ဇလုံတခုထဲ အသားနဲ့ Shiitake မှိုခြောက် နုပ်နုပ်စဉ်းထားတဲ့ထဲကို ကြက်သွန်ဖြူ၊ သကြားအနည်းငယ်၊ ငရုပ် ကောင်း၊ ပဲငံပြာရည်၊ နှမ်းဆီ အနည်းငယ်ထည့်ပြီး အရသာသွင်းလိုက်ပါ။ ပြီးရင် အဖုံးခဏအုပ်ပြီး ရေခဲ သေတ္တာထဲ ထည့်ထားပါ။ ကြက်ဥကို အကာသက်သက်၊ အနှစ်သက်သက်ခွဲကြော်ပြီး ပါးပါးလှီးထားပါ။ ဒီလိုပဲ အသီးအရွက်တွေကိုလည်း ပါးပါးလှီးပြီး ကြော်ထားပါ။ ဟင်းနုနွယ်ရွက်ကို ရေနွေးနဲ့ဖျော ပြီးမှကြော်ပါ။

ဒယ်အိုးခပ်ကြီးကြီး တလုံးယူပြီး မီးဖိုပေါ်တင်လိုက်ပါ။ ပူလာပြီဆိုရင် ဆီအနည်းငယ်ထည့်ပြီး ခုနနှပ်ထားတဲ့ အသားနဲ့ shiitake မှိုတွေကို ကျက်အောင်ကြော်ပေးပါ။ Dangmyeon ကြာဆံကို ရေအေးနဲ့ မချက်ခင်တည်းက ကြာကြာစိမ်ထားပါ။ ပါဝင်ရမယ့် ပစ္စည်းတွေအစုံပြင်ဆင်ပြီးပြီဆိုရင် အသား၊ အသီးအရွက်၊ ကြာဆံတို့ကိုရောပြီး သမအောင် ကြော်ပါ။ အရသာ အတွက် နှမ်းဆီ၊ သကြား၊ ဆား၊ ပဲငံပြာရည်အနည်းငယ်၊ ငရုပ်ကောင်းမှုန့် ထည့်ပါ။

အားလုံးကျက်ပြီဆိုရင် ပန်းကန်ပြားတချပ်ထဲထည့်ပြီး ခုန အကာသက်သက်၊ အနှစ်သက်သက်ကြော်ပြီး ပါးပါးလှီးထားတဲ့ ကြက်ဥကြော်ကို အပေါ်ကဖြူးလိုက်ပါ။ နှမ်းလှော်စေ့အနည်းငယ် ထပ်ဖြူးလိုက်မယ်ဆိုရင် အရသာလည်းရှိ၊ အာဟာရ လည်းပြည့်စုံတဲ့ ကိုရီးယားစတိုင် japchae ကြာဇံကြော်တခွက် ပြီးပြည့်စုံသွားပါပြီ။

Ref: Maangchi

Did you find apk for android? You can find new Free Android Games and apps.
Loading