အစားအသောက်တွေ စားတိုင်း အဆီပိုတွေနဲ့ ကိုယ်အလေးချိန် တက်လာတာမျိုးတော့ မဟုတ်ပါဘူး။ နေ့စဉ် စား သောက်နေတဲ့ အစားအစာတွေထဲမှာ အဆီပိုတွေကို ချေဖျက်ပေးနိုင်တဲ့ အစားအစာတွေ ရှိပါတယ်။ နေ့စဉ်စားသောက် နေကျ အစားအစာတွေထဲကမှ သိပ္ပံနည်းကျလေ့လာထားတဲ့ အဆီပိုတွေကို ဖယ်ရှားပေးပြီးတော့ ကိုယ်အလေးချိန်ကို မျှမျှတတ ဖြစ်စေမယ့် အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ချဉ်ခါးခါးအရသာရှိတဲ့ ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ အဆီပိုတွေကို လောင်ကျွမ်းစေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက အတည်ပြုထားပါတယ်။ အစာမစားခင်မှာ ဂရိတ်ဖရုသီးကို ဖျော်ရည်လုပ်သောက်တာမျိုးပဲ ဖြစ်ဖြစ် အသီးကိုစားသုံးတာ မျိုးပဲဖြစ်ဖြစ် စားသုံးပေးရုံနဲ့ အချိန် နှစ်ပတ်အတွင်း သိသာစေမှာ ဖြစ်ပါတယ်။
(၂) Antioxidant ကြွယ်ဝစွာ ပါရှိတဲ့ Green tea ရေနွေးကြမ်း ပုံမှန်သောက်သုံးပေးခြင်းဟာ ခန္ဓာကိုယ်အတွက် မလိုအပ် တဲ့ အဆီပိုတွေကို ကျဆင်းစေနိုင်ပြီး အဆီတွေကို လျင်မြန်စွာ လောင်ကျွမ်းစေနိုင်တဲ့အတွက် ဝမ်းဗိုက်အဆီတွေကို ကျဆင်း စေနိုင်ပါတယ်။
(၃) ဟင်းချက်စားရာမှာသာမက အသုပ်သုပ်စားတဲ့အခါမှာလည်း ပါဝင်လေ့ရှိတဲ့ ဂေါ်ဖီထုပ်ဟာ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ပရိုတင်းဓာတ်၊ ဖော့စ်ဖရပ်နဲ့ ဇင့်ဓာတ်တို့ ပါဝင်တာကြောင့် ခန္ဓာကိုယ်မှာ မကောင်းတဲ့ ကိုလက်စထရောတွေကို သိသိ သာသာလျော့ကျစေနိုင်တဲ့ အစွမ်းရှိတာကြောင့် ကိုယ်အလေးချိန်လျှော့ချခြင်းအတွက် အထောက်အကူ ဖြစ်စေပါတယ်။
(၄) တနေ့ကို ပန်းသီးနှစ်လုံး စားသုံးပေးခြင်းအားဖြင့် သွေးတွင်းအဆီဓာတ်ကို ၁၆ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်တယ်လို့ အာဟာရဆိုင်ရာ သုတေသနပညာရှင်တွေက ဆိုပါတယ်။
(၅) အချဉ်ဓာတ်ပါဝင်တဲ့ အသီးအများစုမှာ ဗီတာမင်စီကြွယ်ဝစွာပါဝင်တာကြောင့် အဆီပိုတွေကို ချေဖျက်ရာမှာ လျင်မြန် စေပါတယ်။ ခရမ်းချဉ်သီး ၊ သံပရာသီး အစရှိတဲ့ အချဉ်ဓာတ်ပါတဲ့အသီးတွေကို ထမင်းစားသုံးနေစဉ်အတွင်း တွဲဖက်စား သုံးပေးခြင်းအားဖြင့် သွေးတွင်းကအဆီတွေနဲ့ ကိုလက်စထရောတွေကို လျှော့ချပေးနိုင်မှာပဲ ဖြစ်ပါတယ်။
Ref. https://steptohealth.com