လူငယ်တွေ အများစု နှစ်နှစ်ခြိုက်ခြိုက်နဲ့ အလွယ်တကူ ဝယ်ယူသောက်သုံးနေတဲ့ အားဖြည့်အချိုရည် (Energy Drink) တွေဟာ ရုတ်တရက ်လန်းဆန်းစေပြီး ခွန်အားပြည့် သွားသလို ခံစားရစေနိုင်တာမှန်ပေမယ့် အမှန်တကယ် ခွန်အား ပြည့်စေတာ မဟုတ်တဲ့အတွက် ရေရှည်မှာတော့ ကျန်းမာရေးအပေါ် ဆိုးကျိုးတွေ သက်ရောက်နိုင်ပါတယ်။
ပင်ပန်းနွမ်းနယ်တာနဲ့ အိပ်ရေး မဝလို့ ခေါင်းမူးခေါင်းကိုက် ဖြစ်တဲ့အခါ သောက်သုံးလေ့ ရှိကြတဲ့ အားဖြည့်အချိုရည်တွေကို သင်ဟာ ပုံမှန်သောက်သုံးနေပြီဆိုရင် အခုဖော်ပြပေးမယ့် အချက်တွေကို သတိထားဖို့ လိုနေပါပြီ။
(၁) အားဖြည့်အချိုရည်တွေမှာ အဓိက ပါဝင်မှု အများဆုံးကတော့ ကဖင်းဓာတ်ပဲ ဖြစ်ပါတယ်။ ဆေးလိပ်သောက်သူတွေ နီကိုဒင်းစွဲသလို ကဖင်းဓာတ်ဟာလည်း လူကို စွဲလမ်းစေတတ်တာကြောင့် အားဖြည့်အချိုရည် ပုံမှန်သောက်သုံး နေသူတွေဟာ နေ့စဉ်လိုလို သောက်သုံးဖြစ်နေတတ်တာပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ဟာ လိုအပ်တဲ့ပမာဏထက် ကဖင်းဓာတ် များနေပြီဆိုရင်တော့ ကတုန်ကယင်ဖြစ်ခြင်း၊ နှလုံးခုန်နှုန်း ရုတ်တရက် မြန်လာခြင်းနဲ့ ဝမ်းဗိုက်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။
(၂) အားဖြည့်အချိုရည်တွေ သောက်သုံးလိုက်တဲ့အခါ ခန္ဓာကိုယ်ဟာ ရုတ်တရက် လန်းဆန်းတက်ကြွလာပြီး အလုပ်တွေကို လျင်လျင်မြန်မြန် လုပ်ကိုင် ပြီးမြောက်နိုင်စေတာမှန်ပေမယ့် အချိန်အနည်းငယ် ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်ဟာ ပုံမှန်ထက် ပိုမိုပြီးအားအင်ကုန်ခမ်း နုံးချိလာတာကို ခံစားလာရမှာဖြစ်ပြီး သင့်ရဲ့အိပ်စက်ချိန်တွေကိုလည်း အနှောင့်အယှက် ဖြစ်စေတာကြောင့် ရေရှည်မှာ အိပ်မပျော်တဲ့ ဝေဒနာကို ခံစားရစေနိုင်ပါတယ်။
(၃) အားဖြည့်အချိုရည်တွေမှာ သကြားဓာတ် လွန်ကဲစွာ ပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်ကို မြင့်တက် စေနိုင်ပါတယ်။ ဆီးချို၊ သွေးတိုးနဲ့ နှလုံးရောဂါရှိသူတွေဟာ အားဖြည့်အချိုရည်တွေ သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပြီး ခန္ဓာကိုယ်ကို ရေဓာတ် ခမ်းခြောက်စေတာကြောင့် သတိပြုဆင်ခြင် သောက်သုံးသင့်ပါတယ်။
Ref; curejoy.com