ရာသီဥတု အကူးအပြောင်းမို့ ထမင်း၊ ဟင်းစားရတာ ခံတွင်း မတွေ့သူတွေကို ချက်ရတာလွယ်၊ အသားငါး မဟုတ်လို့ စားရတာ မအီဘဲ ပေါ့ပါ့ပါးပါး စားလို့ မြိန်စေမယ့် ဟင်းချက်နည်းလေး ပြောပြပေးချင်ပါတယ်။ ပါဝင်ပစ္စည်းလည်း အများကြီး ဝယ်စရာမလိုတော့ အချိန်ကုန် သက်သာပါတယ်။
ပဲပြားအစပ်ဟင်းမှာ ပါတဲ့ ပါဝင်ပစ္စည်းတွေက —
ပဲပြား
ကြက်သွန်နီ
ငရုပ်ပွ
ငရုပ်ကောင်း
ကြက်သွန်ဖြူ
ရှာလကာရည်
ပဲငံပြာရည်
သကြား
ပြောင်းဖူးမှုန့်
ငရုပ်နီတောင့်ရှည်တို့ လိုအပ်ပါတယ်။
ဟင်းချက်ပစ္စည်းတွေ ပြင်ဆင်ပြီးပြီဆိုရင် ချက်မယ့် ပဲပြားရယ်၊ ကြက်သွန်နီနဲ့ ငရုပ်ပွတို့ကို အရွယ်တော် အတုံးလေးတွေ တုံးထားပါ။ ဒယ်အိုးထဲကို ဆီထဲပြီး မီးဖိုပေါ် တင်လိုက်ပါ။ ဆီပူလာပြီဆိုရင် အတုံးလေးတွေ တုံးထားတဲ့ ပဲပြားကို ရွှေအိုရောင် သန်းလာတဲ့အထိ ကြော်ပေးပါ။
ပဲပြားကြော်တာ ရွှေအိုရောင်သန်းလာပြီဆိုရင် ကြက်သွန်နီ၊ ငရုပ်ပွ၊ ကြက်သွန်ဖြူနဲ့ ငရုပ်ကောင်းမှုန့် ဖြူးပြီး နူးသွားတဲ့အထိ ၅ မိနစ်လောက် ကြော်ပေးပါ။ ပန်းကန်လုံး အသေးထဲမှာ ပြောင်းဖူးမှုန့်၊ ရေ၊ ရှာလကာရည်၊ သကြား၊ ပဲငံပြာရည်နဲ့ ငရုပ်နီ တောင့်ရှည် စိတ်စိတ်လေးတွေ လှီးထားတာကို သမအောင် မွှေပါ။
၅ မိနစ်လောက် နူးအောင်ကြော်ထားတဲ့ ပဲပြားနဲ့ အသီးရွက်အိုးထဲကို လောင်းချပြီး မီးနည်းနည်းနဲ့ နောက်ထပ် ၃ မိနစ် လောက် အဖုံးအုပ်ထားလိုက်ရင် ပြောင်းဖူးမှုန့်ကြောင့် ပျစ်နှစ်ပြီး စေးစေးလေးနဲ့ ပူစပ်စပ်ပဲပြားဟင်း တခွက်ရပါပြီ။ ထမင်းပူပူလေးနဲ့ တွဲစားလိုက်ရင် ခံတွင်းတွေ့ပြီး စားမြိန်စေမယ့် ဟင်းတခွက်ပါပဲ။
Ref: Allrecipes