လူကြီးတွေမှာ သာမက သတ်လတ်ပိုင်း အရွယ်တွေနဲ့ လူငယ်တွေမှာပါ ရုတ်တရက်ဆိုသလို ဖြစ်ပွားတတ်တဲ့ လေဖြတ်ခြင်း (Stroke) ဟာ အသက်ဆုံးရှုံးသွားနိုင်တဲ့အထိ ဖြစ်စေနိုင်သလို ပြန်ကောင်းရင်တောင်မှ ပုံမှန်သွက်လက် သန်စွမ်းမှုမျိုးကို ပြန်ရဖို့ဆိုတာဟာ ခဲယဉ်းလှပါတယ်။
ပြောင်းလဲလာတဲ့ လူနေမှုစနစ်နဲ့ စားသောက်နေထိုင်မှု ပုံစံတွေအရ လေဖြတ်မှု ဖြစ်ပွားနိုင်ခြေဟာ ယခင်ကထက် ပိုမိုမြင့်တက်လာတာကြောင့်် လေဖြတ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းကျော်အထိ လျှော့ချ ပေးနိုင်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ဟားဗတ်တက္ကသိုလ်ရဲ့ ၂၀၀၈ ခုနှစ် သုတေသနလေ့လာချက်တွေအရ တပတ်ကို မုန်လာဥ ၅ လုံး စားပေးရုံနဲ့ လေဖြတ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ မုန်လာဥမှာ Antioxidant ကြွယ်ဝစွာ ပါရှိတာကြောင့် ခန္ဓာကိုယ်ရဲ့ သွေးလှည့်ပတ်စီးဆင်းမှုကို ကောင်းမွန်စေပြီး လေဖြတ်နိုင်ခြေကိုလည်း လျော့ပါး စေတာကြောင့် စားသုံးပေးသင့်ပါတယ်။
(၂) Antioxidant တွေရဲ့ အရင်းအမြစ်လို့ တောင်းဆိုလို့ရတဲ့ ခရမ်းချဉ်သီးဟာ သွေးဖိအားတက်ခြင်းကို လျော့ကျ စေနိုင်ရုံသာမက ခန္ဓာကိုယ်တွင်းသွေးကြော ပိတ်ဆို့ခြင်းကိုပါ လျော့ပါးစေနိုင်တာကြောင့် အစာစားတဲ့အခါတိုင်း ခရမ်းချဉ်သီးကို ထည့်သွင်းစားသုံးပေးခြင်းအားဖြင့် လေဖြတ်နိုင်ခြေကို လျော့နည်းစေပါတယ်။
(၃) ကယ်လ်ဆီယမ်၊ ဗီတာမင်ဒီနဲ့ Omega-3 fatty acid တို့ကြွယ်ဝစွာ ပါဝင်တဲ့ ဆာဒင်ငါးဟာ ဦးနှောက်ရဲ့ ကလပ်စည်း တွေကို ကျန်းမာကြံ့ခိုင်စေတာကြောင့် တပတ်မှာ နှစ်ကြိမ် စားသုံးပေးခြင်းအားဖြင့် လေဖြတ်နိုင်ခြေကို လျော့ကျစေနိုင် ပါတယ်။
(၄) ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ ငှက်ပျောသီး၊ အာလူး၊ ဇီးသီး၊ စပျစ်သီး အစရှိတဲ့ အစားအစာတွေဟာ လေဖြတ်နိုင်ခြေကို ၃၈ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။
(၅) ဖောလစ်အက်ဆစ်များစွာ ပါဝင်တဲ့ ပဲအမျိုးမျိုး စားသုံးခြင်းဟာ နှလုံးကျန်းမာရေးကို အထောက်အကူပြုပေးတဲ့အပြင့် ဦးနှောက်ရဲ့လုပ်ဆောင်နိုင်စွမ်းတွေကိုလည်း မြင့်တက်စေပါတယ်။ သုတေသနပြုချက်တွေအရ အရွယ်ရောက်ပြီးသူတွေရဲ့ ပဲအမျိုးမျိုး စားသုံးနှုန်း စစ်တမ်းတွေကို လေ့လာကြည့်တဲ့အခါ ပဲအမျိုးမျိုးစားသုံးမှု များသူတွေဟာ လေဖြတ်နိုင်ခြေ ၃၅ ရာခိုင်နှုန်းအထိ လျော့ကျစေတယ်လို့ ဆိုပါတယ်။
Ref. http://www.ba-bamail.com