သံဓာတ်ဟာ ခန္ဓာကိုယ်တွင်း အောက်စီဂျင် ပို့ဆောင်ခြင်းကို လုပ်ဆောင်ပေးတာကြောင့် ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ သတ္တုဓာတ် တမျိုးပဲ ဖြစ်ပါတယ်။
သံဓာတ် ချို့တဲ့တဲ့အခါ မူးဝေမောပန်းလွယ်ခြင်း၊ အသားအရေ ဖြူဖပ်ဖြူရော် ဖြစ်ခြင်းနဲ့ အာရုံစူးစိုက်မှု အားနည်းခြင်းတို့ ဖြစ်စေနိုင်တာကြောင့် ခန္ဓာကိုယ်အတွက် မရှိမဖြစ် အရေးပါတဲ့ သံဓာတ်ကို ဖြည့်တင်းပေးနိုင်မယ့် အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ဟင်းနုနွယ်ရွက် တပန်းကန်မှာ သံဓာတ် ၆ ဂရမ်ခန့် ပါဝင်ပါတယ်။ ဗီတာမင်အေ၊ ပိုတက်ဆီယမ်နဲ့ ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ကြွက်သားတွေကို သန်မာစေပါတယ်။
(၂) ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ ဗီတာမင်စီဟာ ခန္ဓာကိုယ်ကနေ သံဓာတ်စုပ်ယူနိုင်ဖို့ အကူအညီပေးတာကြောင့် သံဓာတ် ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
(၃) အာလူး ခပ်သေးသေးတလုံးမှာ သံဓာတ် ၃ ဂရမ်ခန့် ပါဝင်ပြီး ကစီဓာတ်လည်းပါဝင်တာကြောင့် သံဓာတ်ချို့တဲ့ သူတွေအနေနဲ့ ပုံမှန်စားနေကျ အစားအစာတွေထဲမှာ ထည့်သွင်းစားသုံးပေးသင့်ပါတယ်။
(၄) ပဲအမျိုးမျိုးမှာ ပါဝင်တဲ့ သံဓာတ်ဟာ သွေးအားနည်းခြင်းကို တိုက်ဖျက်ပေးနိုင်ပြီး သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်တဲ့ ကျန်းမာရေး ပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၅) စတော်ဘယ်ရီသီးမှာ သံဓာတ်ပါဝင်တဲ့အပြင် ခန္ဓာကိုယ်ကနေ သံဓာတ်ကိုပိုမိုစုပ်ယူနိုင်အောင် အထောက်အပံ့ပေးတဲ့ ဗီတာမင်စီဓာတ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်။
(၆) သလဲသီးမှာ သံဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်အီးနဲ့ ပိုတက်ဆီယမ်တို့ကြွယ်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း သွေးစီးဆင်းမှုကို ထိန်းသိမ်းပေးနိုင်ပြီး သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်တဲ့ မောပန်းမူးဝေခြင်း နဲ့ ခေါင်းမကြာခဏ ကိုက်ခြင်းတို့ကို သက်သာစေနိုင်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – သံဓာတ်ချို့တဲ့နေကြောင်း သိနိုင်တဲ့ ကျန်းမာရေး လက္ခဏာများ
Ref ; womenshealthmag.com