ဖက်ထုပ်ပြုတ်လို့ ပြောလိုက်ရင် အားလုံးနဲ့ ရင်းနှီးပြီးသား အစားအစာပါ။ မြို့ထဲနေရာတိုင်း လိုလိုမှာ ရှိတတ်တဲ့ ဒီဖက်ထုပ် ပြုတ်ကို ဆိုင်မှာ ဝယ်စားလေ့ ရှိကြပေမယ့် အိမ်မှာ ကိုယ်တိုင်လုပ်စားတဲ့သူ နည်းပါတယ်။ နေမကောင်းလို့ ခံတွင်းပျက် နေသူတွေ အတွက်လည်း ဖက်ထုပ်ပြုတ်က အဆင်ပြေသလို ရုံးပိတ်ရက်မှာ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူတူ လုပ်စားလို့လည်း မခက်လို့ ပိတ်ရက်မှာ လုပ်စားကြည့်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
ဖက်ထုပ်ပြုတ်လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေက —
ဝက်သား (သို့မဟုတ်) ကြက်သား
ပဲငံပြာရည်
ဆန်အရက်
ကြက်သွန်မြိတ်
ပြောင်းကော်မှုန့်
ဂျင်း
ကြက်သွန်ဖြူ
ငရုပ်ကောင်းမှုန့်
နှမ်းဆီ
ဖက်ထုပ်ရွက်
ရေ လိုအပ်ပါတယ်။
အရင်ဆုံး ဖက်ထုပ်ပြုတ်ရည် စချက်ရပါမယ်။ ကြက်သားအရိုးတွေကို နူးအိနေအောင်တည်ထားတဲ့ ကြက်ပြုတ်ရည်ထဲကို ဂျင်း၊ ပဲငံပြာရည်၊ ကြက်သွန်ဖြူ၊ နှမ်းဆီထည့်ပြီး အရသာသွင်းလိုက်ပါ။
ဖက်ထုပ်ထဲ သွပ်မယ့်အစာတွေ ပြင်ဆင်ဖို့ ဇလုံးခပ်ကြီးကြီး တလုံးထဲမှာ ခပ်စိပ်စိပ် စဉ်းထားတဲ့ အသား၊ ပဲငံပြာရည်၊ ကြက်သွန်မြိတ်၊ ရှာလကာရည်၊ ပြောင်းကော်မှုန့်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုပ်ကောင်းနဲ့ နှမ်းဆီကို သမအောင် နယ်ပါ။
နယ်ထားတဲ့အသားတွေ အစာသွတ်ဖို့ ဖက်ထုပ်ရွက် အနားဖျားတွေကို ရေဆွတ်ပါ။ စားပွဲတင် ဇွန်းတဝက်လောက် အသားတွေကိုယူပြီး အရွက်ပေါ် တင်လိုက်ပါ။ အစားများအောင်ဆိုပြီး အသားအများကြီး ထည့်လိုက်ရင် ပြုတ်ရည်ထဲ ထည့်တဲ့အခါ ပေါက်ထွက်နိုင်လို့ အနေတော် ပမာဏပဲ ထည့်ပါ။ အစာထည့်ပြီးရင် အဖျားထောင့် တဝိုက်ကို လိုက်ပိတ် လိုက်ပါ။ ဖက်ထုပ်ပုံစံကို ကိုယ်လုပ်တတ်သလို ပုံဖော်လုပ်ကြည့်နိုင်ပါတယ်။
ဖက်ထုပ်တွေ အားလုံးအစာသွပ်ပြီးပြီဆိုရင် ဟင်းရည်ကို ၁၀ မိနစ်လောက် အပူပေးပြီး ပွက်ပွက်ဆူအောင် တည်လိုက်ပါ။ ပွက်ပွက်ဆူတာနဲ့ မီးအရှိန်လျော့ပြီး ဖက်ထုပ်တွေ အရည်အိုးထဲထည့် နောက်ထပ် ၁၀ မိနစ် လောက်ပြုတ်လိုက်ပြီးတာနဲ့ စားမယ့် ပန်းကန်းလုံးထဲ ထည့်လို့ အပေါ်က ကြက်သွန်ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။
Ref: Delish