ပစ္စည်း ၅ မျိုးတည်းနဲ့ အိမ်မှာပဲ အုန်းသီးအရသာ ရေခဲမုန့် လုပ်စားနိုင်တယ်ဆိုရင် အံ့သြသွားမလား။ တကယ်လည်း အလွယ်တကူ လုပ်ကြည့်နိုင်တဲ့ နည်းလမ်းလေးမို့ ပြောပြပေးချင်ပါတယ်။ ကလေးတွေလည်း အကြိုက်တွေ့နိုင်သလို လူကြီးတွေလည်း ထမင်းစားပြီး အရသာရှိရှိ အချိုတည်းနိုင်မယ့် ရေခဲမုန့် လုပ်နည်းလေးပါ။
အုန်းသီး ရေခဲမုန့်လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေက —
အုန်းနို့ခရင်မ်
နို့ဆီ
အုန်းဆီ
ဗယ်နီလာအရသာအရည်
ခရင်မ်အတွက် Heavy Whipping Cream
ဖိလစ်ပိုင်မှာ သုံးလေးရှိတဲ့ အုန်းသီးအရသာ အပေါ်ကဖြူးစားကြတဲ့ Latik (မရရင် တခြား မြေပဲဖြစ်ဖြစ် ဖြူးစား နိုင်ပါတယ်)။ လိုအပ်တဲ့ ပစ္စည်းတချို့ကတော့ စီးတီးမတ်၊ marketplace လိုနေရာမျိုးမှ ဝယ်လို့ရနိုင်ပေမယ့် တခါ ဝယ်ထားပြီးရင် ခဏခဏ လုပ်စားလို့ရလို့ ပထမတခေါက်တော့ စိတ်ရှည်ရှည်နဲ့ ရှာဝယ်လိုက်ပါနော်။
လိုအပ်တဲ့ ပစ္စည်းတွေ အားလုံးပြင်ဆင်ပြီးရင် အရင်ဆုံး ဇလုံခပ်ကြီးကြီးတစ်လုံးထဲမှာ အုန်းနို့ခရင်မ်၊ နို့ဆီ၊ အုန်းဆီနဲ့ ဗယ်နီလာ အရသာ အရည် အနည်းငယ် ထည့်ပြီး နှံ့အောင်မွှေပေးပါ။ နောက်ထပ် ဇလုံတခုထဲမှာတော့ whipping cream ကို ပျစ်နှစ်နေအောင် သေချာမွှေပါ။
အားလုံးပြီးရင် အပေါ်ကနှစ်ခုကို ရောပေါင်းပြီး နှံ့သွားအောင် မွှေပေးလိုက်ပါ။ အချိန်အကြာကြီး မွှေပေးစရာ မလိုပါဘူး။ မွှေထားတဲ့ ခရင်မ်တွေကို အလူမီနီယံ လက်ကိုင်မပါ ဒယ်အိုးပြားထဲမှာ ထည့်ပြီး ၄ နာရီလောက် အေးခဲ ပေးထားပါ။
စားခါနီးမှ ရေခဲမုန့်ခက်တဲ့ဇွန်းလုံးနဲ့ ခက်ပြီး အပေါ်က Latik (သို့) မြေပဲ ဖြူးစားမယ်ဆိုရင် စိမ့်စိမ့်လေးနဲ့ အရသာရှိတဲ့ အုန်းသီးအရသာ ရေခဲမုန့်ကို အိမ်မှာတင် မြည်းစမ်းနိုင်ပြီပေါ့။
Ref: Yummy