Food

ပုပ်သိုး ပျက်စီးလွယ်တဲ့ အစားအစာတွေကို ကြာရှည်ခံအောင် ဘယ်လိုသိမ်းဆည်းမလဲ

Want create site? Find Free WordPress Themes and plugins.

အိမ်ရှင်မတွေအတွက် အစားအစာတွေကို ကြာရှည်ခံအောင် ဘယ်လိုစီမံ သိမ်းဆည်းရမလဲဆိုတာ ခေါင်းစားစရာ ကိစ္စပဲ ဖြစ်ပါတယ်။ တချို့သော အစားအစာတွေဟာ သာမန်အားဖြင့် အထားခံတယ်လို့ ပြောလို့ ရပေမယ့် သိမ်းဆည်းမှု မမှန်ကန်တဲ့အခါ ပုပ်သိုး ပျက်စီးလွယ်တဲ့အပြင် သဘာဝကိုက ပုပ်သိုးလွယ်တဲ့အစားအစာဆိုရင်တော့ သိမ်းဆည်းရ ခက်ပါတယ်။

ဒါကြောင့်မို့လို့ အစားအစာတွေကို ကြာရှည်ခံအောင်ထိန်းသိမ်းနိုင်မယ့် နည်းလမ်းကောင်းတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ရေးသားဖော်ပြ လိုက်ပါတယ်။

(၁) ပေါင်မုန့်တွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းတဲ့အခါ တချပ်ချင်း လှီးပြီး ထည့်သိမ်းတာဟာ ပေါင်မုန့်တွေကို လေခိုပြီး မာကြောသွားစေနိုင်တာကြောင့် ပေါင်မုန့်ကို နှစ်ခြမ်းခြမ်းပြီး လေလုံစေမယ့် အိတ်တလုံးထဲ ထည့်ပြီး သိမ်းဆည်းခြင်းက ပေါင်မုန့်တွေကို ကြာရှည်လတ်ဆတ်နေစေမှာ ဖြစ်ပါတယ်။

(၂) ဒိန်ချဉ်ကို ကြာရှည်ခံစေဖို့အတွက် ဒိန်ချဉ်ထည့်ထားတဲ့ အိုး ဒါမှမဟုတ်၊ ခွက်အပေါ်ကို ငါးကင်တဲ့အခါ အသုံးပြုတဲ့ ခဲပတ်နဲ့ အပေါ်ကနေ အုပ်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းဆည်းပေးနိုင်ပါတယ်။

(၃) ချိစ်တွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းတဲ့အခါ ဘူးထဲထည့်သိမ်းတာမျိုးနဲ့ ပလပ်စတစ်အိတ်နဲ့ ထုပ်ပိုးပြီး သိမ်းဆည်းခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ဆီစုပ်စက္ကူနဲ့ ထုပ်ပိုးပြီး သိမ်းဆည်းခြင်းကသာ ချိစ်တွေကို ကြာရှည်ခံပြီး လတ်ဆတ်နေစေမှာ ဖြစ်ပါတယ်။

(၄) မုန်လာဥတွေကို သိမ်းဆည်းတဲ့အခါ ရေခဲသေတ္တာထဲ ဒီအတိုင်းထည့်ထားခြင်းထက် မုန်လာဥတွေကို ရေစိုဝတ် တခုနဲ့ ပတ်ပြီးမှ သိမ်းဆည်းခြင်းက ကြာရှည်ခံ လတ်ဆတ်နေစေမှာ ဖြစ်ပါတယ်။

(၅) ငရုတ်သီးတွေကို ရေမဆေးဘဲ (စားခါနီးမှသာ ဆေးကြောပေးနိုင်)လေလုံတဲ့ ဘူးတခုထဲ ပိတ်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းခြင်းက နှစ်ပတ်လောက်ထိကို လတ်ဆတ်နေစေမှာ ဖြစ်ပါတယ်။

(၆) မှိုတွေကို ရေခဲသေတ္တာထဲ သိမ်းဆည်းတဲ့အခါ စက္ကူနဲ့ အရင်ဦးဆုံး ထုပ်ပိုးပြီးမှ ခွက်တခုထဲ ထည့်သိမ်းခြင်းက လတ်ဆတ်ပြီး ကြာရှည်ခံစေမှာ ဖြစ်ပါတယ်။

(၇) ကြက်သွန်မြိတ်တွေကို ပါးပါးလှီးပြီး ခြောက်သွေ့ သန့်ရှင်းတဲ့ ရေသန့်ဘူး အလွတ်တခုထဲ ထည့်ကာ ရေခဲသေတ္တာထဲ ထည့်သွင်း သိမ်းဆည်းခြင်းက တာရှည်ခံစေမှာ ဖြစ်ပါတယ်။

Ref: brightside.me

Did you find apk for android? You can find new Free Android Games and apps.
Loading