Food

အပြင်စာတွေက ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်စေနိုင်သလဲ

Want create site? Find Free WordPress Themes and plugins.

နေ့စဉ် အလုပ်တာဝန်နဲ့ လူမှုကိစ္စတွေ များပြားလှတဲ့ ယနေ့ခေတ်မှာ အိမ်မှာ ချက်ပြုတ်စားသောက်ဖို့ အချိန်မပေး နိုင်တာကြောင့် ပြင်ပ စားသောက်ဆိုင်တွေကနေပဲ အလွယ်တကူ ဝယ်ယူစားသောက် မိတတ်ကြပါတယ်။

တခါတရံ စားသောက်တာမျိုးက ပြဿနာ မရှိပေမယ့် သင်ဟာ ပြင်ပအစားအစာတွေကို မကြာခဏ ဆိုသလို နှစ်နှစ်ခြိုက်ခြိုက် စားသောက်တတ်သူဆိုရင်တော့ အခုဖော်ပြမယ့် အကြောင်းအရာတွေကို ဖတ်ကြည့်ဖို့ လိုပါတယ်။

(၁) ဆေးပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်တွေအရ ပြင်ပအစားအစာတွေ စားသောက်ခြင်းဟာ Phthalates ဆိုတဲ့ ခန္ဓာကိုယ်တွင်း ဟော်မုန်းတွေကို မညီမမျှ ဖြစ်စေတဲ့ ဓာတ်ထွက်ပေါ်ခြင်းကို အထောက်အကူ ဖြစ်စေပါတယ်။ အိမ်မှာ ချက်ပြုတ် စားသောက်တဲ့အစားအစာတွေထဲမှာ Phthalates ပါဝင်မှုဟာ ပြင်ပအစားအစာတွေမှာ ပါဝင်နှုန်းထက် ၃၅ ရာခိုင်နှုန်းခန့် လျော့နည်းပါတယ်။

(၂) ဂျော့ဝါရှင်တန် တက္ကသိုလ်က သုတေသီတွေရဲ့ ပြောကြားချက်ကတော့ အပြင်စာတွေ စားသောက်ခြင်းဟာ အိမ်မှာ ချက်ပြုတ်စားသောက်တာထက် အစားအစာတွေကို ပိုုမိုစားမိစေတာကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းလိုသူတွေအနေနဲ့ မသင့်တော်ဘူးလို့ ဆိုပါတယ်။

(၃) ပြင်ပ အစားအသောက် အများစုမှာ အစားအစာတွေ ပိုမိုအရသာရှိစေဖို့နဲ့ အမြင်လှစေဖို့အတွက် ပြုပြင်စီမံထားတဲ့ Chemical တွေများစွာ ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ အရွယ် မရောက်သေးတဲ့ ကလေးငယ်တွေ စားသုံးတဲ့အခါ ကျန်းမာရေးနဲ့ ပက်သက်ပြီး ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်လို့ သုတေသီတွေရဲ့ ကနဦး လေ့လာ ဆန်းစစ်ချက်တွေမှာ ဖော်ပြထားပါတယ်။

(၄) ပြင်ပအစားအစာတွေမှာ ပါဝင်တဲ့ မပြည့်ဝ ဆီတွေနဲ့ ဆားပါဝင်မှုနှုန်းတွေ များပြားမှုတွေဟာ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးနဲ့ ပက်သက်တဲ့ ရောဂါတွေအပြင် ဆယ်ကျော်သက်တွေမှာဆိုရင် အဝလွန်ခြင်းတွေကို ဖြစ်ပေါ်စေနိုင်လို့ နောက်ဆုံးရ သုတေသန လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။

Ref : ba-bamail.com

Did you find apk for android? You can find new Free Android Games and apps.
Loading