ဆိမ့်ဆိမ့်လေးနဲ့ စားကောင်းတဲ့ ကူဖီးလ်ကို ကလေး၊ လူကြီးမရွေး အကြိုက်တွေ့ကြပါတယ်။ အချိုပွဲအဖြစ် နှစ်ခြိုက်စွာ စားကြတဲ့ ကူဖီးလ်ရဲ့ မူလနိုင်ငံကတော့ အိန္ဒိယနိုင်ငံပါ။ ဒါကြောင့်လည်း ကူဖီးလ်လုပ်တဲ့အခါ အိန္ဒိယ လူမျိုးတွေအကြိုက် ဟင်းခတ် အမွှေးအကြိုင်တွေ ထည့်လေ့ရှိကြပါတယ်။
အခုပြောပြပေးမယ့် ကူဖီးလ် လုပ်နည်းကတော့ ရိုးရိုးလေးနဲ့ အိမ်မှာပဲလုပ်နိုင်မယ့် နည်းလေးမို့ အလွယ်တကူ လိုက်လုပ်ကြည့်နိုင်မယ် ထင်ပါတယ်။
လိုအပ်တဲ့ပစ္စည်းတွေက —
ပေါင်မုန့်
နွားနို့
Whipping cream
နို့ဆီ
ဖာလာစေ့အမှုန့်
Saffron (ဆိုးဆေးအဝါရောင်အဖြစ် အစားအစားတွေမှာသုံးသည်)
နှင်းဆီရည် (အနံ့မွှေးရန်သုံးသည်)
ဗာဒံစေ့ (သို့) မြေပဲ (စတုံးစခု ကြိတ်ထားရန်) လိုအပ်ပါတယ်။
ကူဖီးလ်လုပ်ဖို့ အရင်ဆုံး ဘေးသားလှီးထုတ်ထားတဲ့ ပေါင်မုန့်အတွင်းသား အဖြူတွေကို ကြိတ်စက်ထဲထည့်ပြီး အမှုန့်ဖြစ်အောင် လုပ်ထားပါ။ ပန်းကန်လုံး အသေးတလုံးထဲ Saffron ကို နွားနို့ပူပူလေးထဲ ချေမွှပြီး ထည့်လိုက်ပါ။
ဇလုံးခပ်ကြီးကြီး တလုံးယူပြီး နွားနို့၊ ခရင်မ်၊ နို့ဆီ၊ Saffron နဲ့ရောထားတဲ့နို့၊ ဖာလာစေ့အမှုန့်၊ နှင်းဆီရည်၊ ကြိတ်ထားတဲ့ ပေါင်မှုန့်တွေနဲ့ ဗာဒံစေ့ (သို့မဟုတ်) မြေပဲဆံတွေကို ရောထည့်လိုက်ပါ။ အားလုံးသမသွားအောင် သေချာမွှေပြီး ကူဖီးလုပ်တဲ့ပုံစံခွက် (မရှိရင် ရေခဲချောင်းလုပ်တဲ့ခွက်လည်း သုံးနိုင်ပါတယ်) ထဲထည့်ပြီး ၆ နာရီကနေ ၈ နာရီထိ လုံးဝအေးခဲသွားအောင် အအေးခံထားပါ။
အေးခဲသွားပြီဆိုရင် ရေခဲသေတ္တာထဲကထုတ်ပြီး စားမယ့်ပန်းကန်လုံးပေါ်တင်ပြီး အပေါ်က ဗာဒံစေ့ဖြစ်ဖြစ်၊ မြေပဲဆံဖြစ်ဖြစ် ထပ်ဖြူးလိုက်ရင် ဆိမ့်ဆိမ့်လေးနဲ့ စားကောင်းမယ့် ကူဖီးလ်ရပါပြီ။
Ref: Spice up the curry