ကလေးတွေ အပါအဝင် လူကြီးတော်တော်များများဟာလည်း သရေစာ စားခြင်းကို နှစ်သက်ကြပါတယ်။ သရေစာ အများစုမှာ အစားအစာတွေရဲ့ လုံလောက်တဲ့ အာဟာရဓာတ်တွေ မပါဝင်တဲ့အပြင် သရေစာစားခြင်းဟာ အလွန်အမင်း စားချင်စိတ်ကို ပိုမိုဖြစ်ပေါ်စေတယ်လို့ ဆေးပညာရှင်တွေက ပြောဆိုထားပါတယ်။
ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အသီးအနှံတွေကို သရေစာအဖြစ် စားသုံးတာက ပြဿနာ မရှိပေမယ့် မကြာခဏ မစားသုံးသင့်တဲ့ သရေစာတွေကတော့ ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ရှောင်ကြဉ်ရန်အတွက် ဖော်ပြ လိုက်ပါတယ်။
(၁) သရေစာအဖြစ် နှစ်နှစ်ခြိုက်ခြိုက် စားသုံးလေ့ရှိကြတဲ့ Hot Dogs တွေမှာ ဆားပါဝင်မှုနှုန်း အလွန်အမင်း များပြားတဲ့ အပြင် အရသာရှိအောင် ပြုပြင်စီမံထားတဲ့ ဓာတုပစ္စည်းတွေများစွာ ပါဝင်တာကြောင့် မကြာခဏ စားသုံးခြင်းအားဖြင့် အစာအိမ် ရောင်ရမ်း နာကျင်ခြင်းနဲ့ အစာအိမ်ကင်ဆာ ရောဂါအထိပါ ဖြစ်စေနိုင်ပါတယ်။
(၂) သရေစာအနေနဲ့ အသားကင်တွေနဲ့ ကြက်ကြော်တွေ မကြာခဏ စားသုံးခြင်းဟာ ပန်ကရိယ ကင်ဆာအပါအဝင် အူမကြီးကင်ဆာ ဖြစ်စေနိုင်ပြီး အမျိုးသားတွေမှာဆိုရင် မျိုးမအောင်တဲ့ ပြဿနာတွေအထိပါ ဖြစ်ပေါ်စေနိုင်ပါတယ်။
(၃) သင့်အနေနဲ့ ခန္ဓာကိုယ်အလေးချိန် မြင့်တက်လာမှာစိုးတာကြောင့် Sugar Free ဆိုတဲ့စာတမ်းပါတဲ့ Snack တွေကို မကြာခဏ စားသုံးနေပြီ ဆိုရင်တော့ ဒါကို ရပ်သင့်နေပါပြီ။ Sugar Free Snack တွေဟာ သကြားဓာတ်အစား အရသာ ရှိအောင် ထည့်သွင်းထားတဲ့ ဓာတုပစ္စည်းတွေ အများအပြား ပါဝင်တာကြောင့် မစားသုံးသင့်ပါဘူး။
(၄) အသုပ်တွေနဲ့ အသားကင်တွေစားသုံးတဲ့အခါ မပါမဖြစ်လို့ ပြောလို့ရတဲ့ ငရုတ်ဆီတွေမှာ ဆိုဒီယမ်ပါဝင်မှု များပြားပြီး ခန္ဓာကိုယ်ရဲ့ သွေးဖိအားကို မမျှမတ ဖြစ်စေတာကြောင့် မကြာခဏ စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
(၅) သရေစာအဖြစ် မကြာခဏ စားသုံးလေ့ရှိတဲ့ အသင့်စား ခေါက်ဆွဲခြောက် တထုပ်မှာ ဆိုဒီယမ် ပမာဏဟာ ၈၀၀ မီလီဂရမ်ကျော် ပါဝင်တာကြောင့် ရေရှည်မှာ သွေးတိုးရောဂါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသင့်စား ခေါက်ဆွဲခြောက် တွေကို တပတ်မှာ ၂ ထုပ်ထက် ပိုပြီး မစားသုံးသင့်ပါဘူး။
Ref : www.ba-bamail.com