ချိုမြတဲ့ အရသာရှိပြီး အနံ့မွှေးမွှေးကြောင့် လူကြိုက်များလှတဲ့ သခွားမွှေးသီးဟာ အရည်ရွှမ်းတဲ့ အသီးတမျိုး ဖြစ်ပြီး သခွားမွှေးဟာ ရေဓာတ်ကို အပြည့်အဝ ဖြည့်တင်းပေးနိုင်ပါတယ်။ သခွားမွှေးသီးမှာ သင်မသိသေးတဲ့ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေမယ့် အချက်တွေ ပါဝင်တာကြောင့် သခွားမွှေးသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) သခွားမွှေးသီးဟာ သစ်သီးတွေထဲမှာ ဗီတာမင်အေ အကြွယ်ဝဆုံး အသီးတမျိုး ဖြစ်တာကြောင့် အသားအရေကို ကျန်းမာလှပစေပါတယ်။ ဝက်ခြံနဲ့ အရေပြား ပြဿနာ အများစုကို သက်သာပျောက်ကင်းစေနိုင်ပြီး အရေးအကြောင်း တွေကိုလည်း လျော့ပါးသက်သာစေနိုင်ပါတယ်။
(၂) သခွားမွှေးသီးမှာ ဗီတာမင်စီ ၁၀၀ ရာခိုင်နှုန်း ပါဝင်တာကြောင့်ခန္ဓာကိုယ် ခုခံအားစနစ်ကို ကောင်းမွန်စေပြီး ကူးစက်ရောဂါဖြစ်ပွားစေတဲ့ ပိုးမွှားတွေကို ကာကွယ်ပေးနိုင်တာကြောင့် နာမကျန်းဖြစ်မှုကို မဖြစ်စေနိုင်ပါဘူး။
(၃) သခွားမွှေးသီးဟာ ဖောလစ်အက်ဆစ် ကြွယ်ဝတာကြောင့် သွေးအားနည်း ရောဂါ ခံစားနေရသူတွေနဲ့ ကိုယ်ဝန်ဆောင် တွေအတွက် အထူးသင့်တော်ပါတယ်။
(၄) သခွားမွှေးသီးမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်ဟာ ကြွက်သားတွေကို အားကောင်းစေတာကြောင့် မကြာခဏ ကြွက်တက်တတ်သူတွေနဲ့ အားကစားသမားတွေအတွက် သင့်တော်ပါတယ်။ သခွားမွှေးသီး တလုံးမှာ ပိုတက်ဆီယမ် ၁၄ ရာခိုင်နှုန်း ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်းက ဆိုဒီယမ်ဓာတ်ကို လျှော့ချပေးနိုင်ပြီး သွေးတိုးရောဂါကို သက်သာ စေနိုင်ပါတယ်။
(၅) သခွားမွှေးသီးဟာ ရေဓာတ်ကြွယ်ဝတဲ့ အသီးတမျိုး ဖြစ်တာကြောင့် ခန္ဓာကိုယ်တွင်းက ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပြီး ဆီးလမ်းကြောင်းတွင်းက ပိုးမွှားတွေကို လျော့ကျစေနိုင်တာကြောင့် မကြာခဏ ဆီးကျင်တတ်သူတွေ စားသုံးပေးသင့်ပါတယ်။ ဆီးနဲ့ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေကို သက်သာစေနိုင်တဲ့ အစွမ်းရှိတာကြောင့် ဆီးရောဂါဝေဒနာရှင်တွေ ပုံမှန်စားသုံးပေးသင့်တဲ့ အသီးတမျိုးလည်း ဖြစ်ပါတယ်။
Ref :www.healthbeckon.com