Food

ကြွပ်ကြွပ်လေးနဲ့ စားကောင်းတဲ့ "Popcorn ကြက်သားကြော်"

Want create site? Find Free WordPress Themes and plugins.

ဒီတခါတော့ မေမေတွေ အိမ်မှာပဲ သားသားမီးမီးတို့အတွက် အလွယ်တကူ ချက်ပြုတ်ပေးနိုင်မယ့် ဟင်းချက်နည်းလေးကို ပြောပြပေးချင်ပါတယ်။ ကလေးတွေ အစာစားချင်လာအောင် ပြင်ဆင်ရတဲ့ မေမေတို့ အတွက်လည်း နေ့စဉ် စိန်ခေါ်မှု တစ်ရလိုပါပဲ။ သူတို့လေးတွေအကြိုက် ဘာချက်ရမလဲ နေ့စဉ်ခေါင်းခဲနေတဲ့ မိခင်တွေအတွက် အချိန်နာရီဝက် ပေးရုံနဲ့ ကလေးတွေ နှစ်သက်မယ့် ကြက်သားကြော်နည်းကို မျှဝေ ပေးချင်ပါတယ်။

အပြင်မှာ အလွယ်တကူ ဝယ်စားလို့ ရတယ်ဆိုပေမယ့် အိမ်မှာပဲ ကိုယ်တိုင်စနစ်တကျ ချက်ပြုတ်တာက ကျန်းမာရေးနဲ့ ပိုညီညွတ်ပါတယ်။ ကြက်သားကြော်ကို ပုံမှန်ကြော်နေကျ အတုံးကြီးကြော် စတိုင် မဟုတ်ဘဲ ပေါက်ပေါက်ဆုပ် ပုံစံ တခါစား အတုံးသေးလေးတွေ ကြော်ကြည့်ရအောင်။

Chicken Popcorn ကြော်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ ကတော့–

ဂျုံမှုန့်

ပြောင်းဖူးမှုန့်

ကြက်သွန်ဖြူမှုန့်

ဆား

ငရုတ်ကောင်း

ကြက်ရင်ဖုံသား

ကြက်ဥ နဲ့

ကြော်ဖို့ဆီ လိုအပ်ပါတယ်။

အရင်ဆုံး ကြက် ရင်ဖုံသားကို တခါစား အတုံးလေးတွေ ဖြစ်အောင် ပိုင်းလိုက်ပါ။ ပြီးရင်တော့ ဇလုံတခုထဲမှာ ဂျုံမှုန့်၊ ပြောင်းဖူးမှုန့်၊ ကြက်သွန်ဖြူမှုန့်၊ ဆားနဲ့ ငရုတ်ကောင်းတို့ကို ရောလိုက်ပါ။ နောက်ထပ် ပန်းကန်လုံး တခုထဲမှာတော့ ကြက်ဥရယ်၊ ဆား၊ ငရုတ်ကောင်းနဲ့ အရသာမှုန့် အနည်းငယ် ထည့်ပြီး မွှေထားပါ။

တခါစား အတုံးလေးတွေ တုံးထားတဲ့ ကြက်သားတွေကို အရင်ဆုံး ကြက်ဥမွှေထားတဲ့ ပန်းကန်းလုံးထဲကို နစ်ဝင် သွားအောင် နှစ်လိုက်ပါ။ အားလုံးစိမ့်ဝင် သွားပြီဆိုရင် ဂျုံမှုန့်၊ ပြောင်းဖူးမှုန့်တွေ ထည့်ထားတဲ့ ဇလုံထဲကို အပြီးသတ် ထပ်ထည့်လိုက်ပါ။

ကြော်လိုက်တဲ့ ကြက်သားတုံးတွေ ကြွပ်ကြွပ်ရွရွလေး ဖြစ်အောင် ဒယ်အိုးထဲ ဆီများများ ထည့်ပါ။ ဆီ ပူလာပြီဆိုရင် ကြက်ဥအနှစ်၊ ဂျုံမှုန့်တွေကပ်ထားတဲ့ ကြက်သားတုံးတွေကို အသားလေး ဒယ်အိုးထဲထည့်ပြီး အညိုရောင် သမ်းလာတဲ့ အထိ ကြော်ပေးပါ။

“Popcorn ကြက်သားကြော်”

အညိုရောင် သမ်းလာပြီဆိုရင် ဆယ်ပြီး ဆီစုပ်သွားအောင် ဆီစုပ်စက္ကူပေါ် ခဏတင်ထားပါ။ ပြီးရင်တော့ ကလေးတင် မကဘဲ လူကြီးတွေပါ အကြိုက်တွေ့ကြမယ့် ပူပူနွေးနွေးနဲ့ ကြွပ်ကြွပ်ရွရွ “Popcorn ကြက်သားကြော်” ရပါပြီ။ ထမင်းပူလေးနဲ့ပဲ စားစား၊ ပေါက်ပေါက်ဆုပ် စားသလို အပျင်းပြေ mayonnaise နဲ့ပဲ တို့စားစား အကြိုက်တွေ့ကြမှာပါ။

Ref: Yummy

Did you find apk for android? You can find new Free Android Games and apps.
Loading