Food

သရေစာအဖြစ် စားသုံးတဲ့ အခွံမာသီးများမှ ရရှိမယ့် ကျန်းမာရေး အကျိုးကျေးဇူးများ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာ့နိုင်ငံအသီးသီးက သုတေသန ပညာရှင်တွေရဲ့ လေ့လာချက်တွေအရ အခွံမာသီးတွေကို တနေ့ကို လက်တဆုပ်ခန့် စားသုံးပေးခြင်းအားဖြင့် အံ့အားသင့်ဖွယ်ရာ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဘာကြောင့် အခွံမာသီးတွေကို စားသုံးပေးသင့်လဲဆိုတာကို သိရှိနိုင်အောင်လို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) သီဟိုဠ်စေ့၊ ဗာဒံစေ့၊ သစ်ကြားသီးနဲ့ သစ်အယ်သီး အစရှိတဲ့ အခွံမာသီးတွေ အားလုံးမှာ Amino Acid ပါဝင်တာကြောင့် နှလုံးရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ဖြစ်ပွားခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

(၂) အခွံမာသီးတွေကို တနေ့ကို လက်တဆုပ်ခန့် စားသုံးပေးရုံနဲ့ ခန္ဓာကိုယ်တွင်းက မလိုအပ်တဲ့ အဆီပိုတွေကို ဖယ်ရှား ပေးနိုင်တဲ့အပြင် ထပ်တက်လာမယ့် ကိုယ်အလေးချိန်ကိုလည်း ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။

(၃) အခွံမာသီးတွေမှာ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အရိုးတွေကို သန်မာစေပြီး အရိုးနဲ့ ပတ်သက်တဲ့ ရောဂါတွေဖြစ်ပွားခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

(၄) အခွံမာသီးအများစုမှာ ပါဝင်တဲ့ Omega-3 နဲ့ Omega-6 fatty Acid တို့ဟာ ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်နှုန်းကို ကောင်းမွန်စေပြီး ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေနဲ့ အာရုံကြောစနစ်တို့ကို တိုးတက်ကောင်းမွန် စေပါတယ်။

(၅) အသားအရေကို စိုပြည်ကြည်လင်စေနိုင်တဲ့ ဗီတာမင်အီးဓာတ်ဟာ အခွံမာသီးတွေမှာ ပါဝင်တာကြောင့် အရွယ် မတိုင်ခင် အိုမင်းရင့်ရင်ခြင်းကို ကာကွယ်ပေးပြီး အရေပြားဆိုင်ရာကျန်းမာရေးပြဿနာတွေကို သက်သာစေနိုင်ပါတယ်။

Ref ; steptohealth.com

Did you find apk for android? You can find new Free Android Games and apps.
Loading