Food

ကိုရီးယားစတိုင် ဝက်သားကင်မ်ချီစတူး

Want create site? Find Free WordPress Themes and plugins.

ဒီတပတ်တော့ မိုးအေးအေးနဲ့ ပိတ်ရက်မှာ ချက်စားနိုင်အောင် ကိုရီးယားစတိုင် ဝက်သားကင်မ်ချီစတူးချက် နည်းလေး ပြောပြပေးချင်ပါတယ်။ ကိုရီးယားလူမျိုးတွေရဲ့ မပါမဖြစ်ဟင်းလျာဖြစ်သလို အကြိုက်ဆုံးဟင်းလျာလို့လည်း ဆိုနိုင်တဲ့ ဟင်းတမယ်ပါ။ မြန်မာခံတွင်းနဲ့လဲ အရသာတွေ့နိုင်မယ့် ဟင်းတခွက်ပါ။ ဝက်သားကင်မ်ချီစတူးလုပ် ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့–

–           ဝက်နံရိုး

–           ကြက်သွန်နီ

–           ကြက်သွန်ဖြူ

–           ချင်း

–           ကြက်ပြုတ်ရည်

–           ကင်မ်ချီ

–           ငရုတ်သီး

–           နှမ်းဆီ

–           ပဲငံပြာရည်

–           နှမ်း

–           ဆား နဲ့ ငရုတ်ကောင်း

–           ပဲပြား

ကြက်သွန်မြိတ် နဲ့ ဆီ တို့လိုအပ်ပါတယ်။ ဟင်းအမယ်တွေ ပြင်ဆင်ပြီးပြီဆိုရင် စချက်လို့ရပါပြီ။ အရင်ဆုံး ဝက်နံရိုးတွေကို အနေတော်အတုံးလေးတွေတုံးထားပါ။ ကြက်သွန်နီ ကို ခပ်ပါးပါးလှီးထားပြီး၊ ကြက်သွန်ဖြူနဲ့ ချင်း ကို ခပ်စိတ်စိတ်လှီးထား ပါ။

အားလုံးပြင်ဆင်ပြီးရင် အိုးထဲကို ဆီထည့်ပါ။ ဆီပူလာပြီဆိုရင် ဝက်သားကို ၃ မိနစ်လောက် အပေါ်ယံကျက် သွားတဲ့အထိ ချက်ပေးပါ။ ဝက်သားအပေါ်ယံကျက်သွားပြီဆိုရင် လှီးထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ချင်းကို ထပ်ထည့်လိုက်ပါ။

အသားနူးသွားအောင် နောက် ၂ မိနစ်လောက် ထပ်တည်ပေးပါ။ ပြီးရင် ကြက်ပြုတ်ရည် လောင်းထည့်ပြီး ၁၀ မိနစ် လောက် ပွက်ပွက်ဆူလာတဲ့အထိ တည်ပါ။ ကြက်ပြုတ်ရည်ကို ကိုယ်စားချင်တဲ့ ပုံစံအတိုင်း အနည်း၊ အများ ချိန်ထည့်ပါ။

ပွက်ပွက်ဆူလာပြီဆိုရင် ကင်မ်ချီ၊ နှမ်းဆီ၊ ငရုတ်သီး၊ နှမ်း တို့ထည့်ပြီး အဖုံးပြန်အုပ်ထားပါ။ အရသာအတွက် ဆားနဲ့ ပဲငံပြာရည် အနည်းငယ်ထည့်ပါ။ ပြီးရင် ပဲပြားကို အနေတော်အတုံးလေးတွေတုံးပြီး ထည့်ပါ။ ငရုတ် ကောင်းဖြူးပြီး ချခါနီးမှာ ကြက်သွန်မြိတ် အုပ်လိုက်ပါ။

ထမင်းပူပူလေးနဲ့ အလွန်လိုက်ဖက်တဲ့ ဝက်သားကင်မ်ချီစတူးရပါပြီ။ ဝက်သားမစားတဲ့သူဆိုရင်လဲ ကြက်သား၊ အမဲသား တို့နဲ့လဲ အစားထိုးချက်ပြုတ်နိုင်ပါတယ်။

Ref: My Recipes

Did you find apk for android? You can find new Free Android Games and apps.
Loading