မိုးတွင်း ရောက်လာပြီဆိုရင် ဖျားနာခြင်းနဲ့ ရာသီဥတု ပြောင်းလဲခြင်းကြောင့် ကျန်းမာရေး ပြဿနာအမျိုးမျိုး ကြုံတွေ့ရ တတ်ပါတယ်။ ကျန်းမာပြီး လှပနေဖို့ မိုးတွင်းမှာ ဒီလိုအစားအသောက်တွေကို ရှောင်ကြဉ်ပါ။
(၁) ဟင်းသီးဟင်းရွက်
အချို့ ဟင်းသီးဟင်းရွက်တွေကို ကျန်းမာရေး ကောင်းဖို့နဲ့ အလှအပအတွက် စားသုံးသင့်တယ်လို့ အရင်က သိကြမှာပါ။ ဒါပေမယ့် မိုးတွင်းမှာတော့ သူတို့ကို ရှောင်ရှားသင့်ပါတယ်။ ဟင်းရွက်တွေမှာပါဝင်တဲ့ အညစ်အကြေးတွေက ရောဂါ ပိုးမွှားအချို့ကို ဖြစ်စေနိုင်ပါတယ်။ အဖက်တွေများတဲ့ဟင်းနုနယ်၊ ဂေါ်ဖီနဲ့ ပန်းဂေါ်ဖီတို့ကို ရှောင်ရှားပါ။
(၂) ဖျော်ရည်နဲ့ လမ်းဘေးက လက်ဖျော်အချို့
မိုးရာသီမှာ အသီးဖျော်ရည်သောက်တော့မယ်ဆိုရင် ချက်ခြင်းလှီးထားတာကို ဖျော်ရည်လုပ်သင့်ပါတယ်။ လမ်းဘေးမှာက အသီးတွေကိုကြိုခွဲထားပြီး အရည်ဖျော်ပေးတာကြောင့် ပြင်ပလေနဲ့ ထိတွေ့ပြီး သစ်သီးတွေက မသန့်တာကြောင့် ဗိုက်နာတာမျိုးဖြစ်တတ်ပါတယ်။
(၃) ပင်လယ်စာ
မိုးတွင်းမှာ ငါးနဲ့ ပုဇွန်တွေသားပေါက်တဲ့ကာလ ဖြစ်တာကြောင့် ရှောင်ရှားသင့်ပါတယ်။ အဲဒီအစား ကြက်သားနဲ့ သိုးသား တွေရွေးချယ်ပါ။ ပင်လယ်စာက ဗိုက်နာတတ်တာကြောင့် စားမယ်ဆိုရင်လည်း သေချာချက်ပြုတ်ပြီးမှ စားသင့်ပါတယ်။
(၄) ဆီကြော်စာ
ဆီကြော်စာတွေကို ဒီရာသီမျိုးမှာ ရှောင်ကြဉ်ပါ။ မိုးတွင်းက သင့်အစာချေစနစ်ကို နှေးကွေးစေတာကြောင့် ဒီလိုရာသီမျိုးမှာ ဆီကြော်စာ စားတာများမယ်ဆိုရင် သင့်ကို အဆီ ပိုတက်စေပါလိမ့်မယ်။
(၅) အချိုရည်
ဂတ်စ်ပါတဲ့ အချိုရည်တွေက ကိုယ်တွင်းက အင်ဇိုင်းလှုပ်ရှားမှုုကို လျှော့ချပေးပါတယ်။ သင်က အစာချေစနစ် နှေးကွေးတယ် ဆိုရင် ဒီလို ဂတ်စ်ပါတဲ့ အချိုရည်ကို ရှောင်ရှားသင့်ပါတယ်။
Ref ; food.ndtv.com