နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ တချို့သောအစားအစာတွေဟာ ကြာရှည်ခံအောင် ထိန်းသိမ်းဖို့လိုသလို တချို့သောအစားအစာတွေကတော့ အချိန်ပေးပြီး ထိန်းသိမ်းနေစရာ မလိုတာတွေလည်းရှိပါတယ်။
ဒါကြောင့်မလို့ သက်တမ်းလွန်သွားမှာ စိတ်ပူစရာမလိုတဲ့ အစားအစာ ၅ မျိုးကို ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) ရှာလကာရည်
ဟင်းချက်တဲ့အခါနဲ့ အသုပ်သုပ်တဲ့ အခါတွေမှာ အသုံးပြုတဲ့ ရှာလကာရည်ဟာ သဘာဝကုန်ကြမ်းတွေကိုပဲ အချဉ်ဖောက် ပြုလုပ်ထားတာ ဖြစ်တဲ့အတွက်ကြောင့် သက်တမ်းလွန်သွားမှာ စိတ်ပူစရာ မလိုပါဘူး။ ဒါ့အပြင် ရှာလကာရည်ကို ကြာရှည်ခံအောင်ဆိုပြီး ရေခဲသေတ္တာထဲလည်း ထည့်သိမ်းထားစရာ မလိုပါဘူး။
(၂) ပျားရည်
God’s medicine လို့တောင် တင်စားကြရတဲ့ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အသုံးဝင်လှတဲ့ ပျားရည်မှာ ပါဝင်တဲ့ သဘာဝ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ဓာတ်နဲ့ သဘာဝ Gluconic အက်ဆစ်ဓာတ်ဟာ ကြာရှည်ခံတဲ့ အာနိသင် ရှိတာကြောင့် သက်တမ်းကုန်သွားမှာ စိတ်ပူစရာ မလိုပါဘူး။
(၃) အိမ်သုံးဆား
ဆားမှာ ပါဝင်တဲ့ ဆိုဒီယမ်ကလိုရိုဒ်ဓာတ်ဟာ ကြာရှည်ခံတဲ့ ဂုဏ်သတ္တိရှိပြီး မှိုနဲ့ ဘက်တီးရီးယားတွေကိုပါ သေစေနိုင်တဲ့ အစွမ်းရှိပါတယ်။ ဆားဟာ သက်တမ်းလွန်သွားမှာ စိတ်ပူစရာ မလိုပေမယ့် အစိုပြန်သွားရင်တော့ ဆက်လက်အသုံးပြုဖို့ မသင့်တော်ပါဘူး။
(၄) သကြား
အိမ်သုံးဆားလိုပဲ နောက်ထပ် တာရှည်ခံတဲ့ အစားအစာ တမျိုးကတော့ သကြားပဲ ဖြစ်ပါတယ်။ သကြားမှာ သကြားညို၊ သကြားဖြူစသဖြင့် အမျိုးမျိုး ရှိပေမယ့် တာရှည်ခံတာကတော့ အတူတူပဲ ဖြစ်ပါတယ်။
(၅) ပဲအမျိုးမျိုး
ပဲအမျိုးမျိုးဟာလည်း သက်တမ်းလွန်သွားမှာ စိတ်ပူစရာ မလိုတဲ့ အစားအစာတမျိုးပဲ ဖြစ်ပါတယ်။ ပဲအမျိုးမျိုးလို့ ဆိုရာမှာ စည်သွပ်ဘူးထဲ ထည့်ထားတာမျိုးတွေတော့ မပါဝင်ပါဘူး။
Ref: www.rd.com