ဒီတခါတော့ မြန်မာလူမျိုးတွေအကြိုက် မုန့်လုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ အလှူပွဲမှတင် မဟုတ်ဘဲ အိမ်မှာလည်း လုပ်စားလေ့ ရှိကြတဲ့ ချိုဆိမ့်ဆိမ့်အရသာ “သာကူပြင်”ပါ။
အုန်းနို့ ကြိုက်သူတွေက အုန်းနို့လေးရောပြီး လုပ်စားကြသလို သွေးတိုးသမားတွေနဲ့ လူကြီးတွေကတော့ ရိုးရိုး သာကူပြင်ပဲ လုပ်စားကြပါတယ်။
“သာကူပြင်”လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေက–
– သာကူ
– ထောပတ်
– သကြား
– ဆားအနည်းငယ်
– ရေ နဲ့
– အုန်းသီးမှုန့် လိုအပ်ပါတယ်။
အရင်ဆုံး သာကူကို သေချာသန့်စင်ပြီး စစ်ထားပါ။ ရေထည့်ထားတဲ့ အိုးထဲကို သကြား၊ ဆားအနည်းထည့်ပြီး ဆူလာရင် သာကူထည့်ပါ။ သာကူစေ့တွေ အစေ့ပျောက်တဲ့အထိ မွှေပေးပါ။
အစေ့ပျောက်သွားလို့ ပျစ်ပျစ်လေးဖြစ် လာပြီဆိုရင် ထောပတ်သုတ်ထားတဲ့ ဗန်းထဲလောင်းထဲပြီး အအေးခံလိုက်ပါ။ အေးသွားပြီဆိုရင် အုန်သီးခြစ် ထားတဲ့ အမှုန့်လေးတွေနဲ့၊ ကပ်စားရင် အရသာရှိတဲ့ “သာကူပြင်” ရပါပြီ။
အုန်းနို့ကြိုက်တဲ့ သူတွေအတွက်တော့ ခုနက လုပ်ထားတဲ့ သာကူပြင်ပေါ်ကနေ အုန်းနို့၊ နို့ဆီ၊ နို့စိမ်း၊ သကြားနဲ့ ဂျုံမှုန့်တို့ ထပ်လိုပါတယ်။
အရင်ဆုံး အုန်းနို့နဲ့ ဂျုံမှုန့်ကို ခွက်တလုံးထဲမှာ သမအောင်မွှေပါ။ ပြီးရင် မီးဖိုးပေါ်တင်ပြီး နို့ဆီ၊ နို့စိမ်းတို့နဲ့ ရော ပြီး ခပ်ပျစ်ပျစ်ဖြစ်လာအောင် အဆက်မပြတ် မွှေပါ။ ပျစ်လာပြီဆိုရင် ခဏ အအေးခံပြီး ခုနက လုပ်ထားတဲ့ သာကူပြင်ပေါ် လောင်းထည့်လိုက်ပါ။
အုန်းနို့ လောင်းထည့်ထားတဲ့ ဗန်းကို အပေါ်ကနေ မီးကျီးခဲ တင်ပြီး အပေါ်မီး၊ အောက်မီးနဲ့ နာရီဝက်၊ ၄၅ မိနစ် လောက် ဖုတ်လိုက်ရင် အရသာချို့ဆိမ့် မွှေးပျံ့တဲ့ “အုန်းနို့ သာကူပြင်” ရပါပြီ။
Ref: Asian Recipe