• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Food

ပန်ကရိယကို အားဖြစ်စေမယ့် အစားအစာများ

by Aurora
30 July 2018
in Food
A A
ပန်ကရိယ အားဖြည့် အစားအစာများ

ပန်ကရိယ အားဖြည့် အစားအစာများ

14.9k
VIEWS
Share on FacebookShare on Twitter

စားလိုက်တဲ့ အစာတွေ ချေဖျက်နိုင်ဖို့ အစာခြေစနစ် ကောင်းအောင် ကူညီထောက်ပံ့တဲ့ထဲမှာ ပန်ကရိယကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ကောင်းမွန်တဲ့ ပန်ကရိယဆိုတာ ကိုယ်တွင်း လိုအပ်တဲ့ သကြားဓာတ် ဖြည့်ပေးပြီး အစာခြေစနစ် ကောင်းမွန်အောင် ပံပိုးပေးနိုင်တာပါ။ ပန်ကရိယအားကောင်းစေမယ့် အစားအစာတွေ ရှိပါတယ်။ ဘာအစားအစာတွေ ဖြစ်မလဲ ကြည့်ရအောင်။

နနွင်း

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
240
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
795
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.5k

 

 

နနွင်းကတော့ ရောင်ရမ်းမှုတွေကို သက်သာစေတဲ့ သဘာဝဆေးပါပဲ။ ပန်ကရိမှာ ပူလောင်လို့ နာကျင်တဲ့ ဝေဒနာတွေကို သက်သာစေတဲ့ အရာပါ။ ရောင်ရမ်းတာကို သက်သာစေတဲ့အပြင် အင်ဆူလင်ထွက်အောင် လှုံ့ ဆော်ပေးပြီး သကြားဓာတ်ကို ထိန်းညှိပေးလို့ ဆီးချိုတက်ခြင်းကို သက်သာစေပါတယ်။

ကြက်သွန်ဖြူ

အစာ မရှိတဲ့အချိန် ပျားရည်နဲ့ကြက်သွန်ဖြူ တွဲမစားသင့်ဘူးလို့ ပြောကြပေမယ့် ကြက်သွန်ဖြူဆိုတာ တကယ်တော့ သဘာဝပိုးသတ်ဆေး တမျိုးဖြစ်ပြီး အစွမ်းသတ္တိတွေ အများအပြား ရှိပါတယ်။ ကြက်သွန်ဖြူကို ပျားရည် ဒါမှမဟုတ် ကြက်သွန်နီနဲ့ ရောစားမယ်ဆိုရင် ပန်ကရိယ အပါအဝင် အတွင်းကိုယ်ခန္ဓာ အစိတ်အပိုင်း တစ်ရှူး ပျက်စီခြင်းကို ကုစားနိုင်သလို ကိုယ်ခံအားစနစ် ပိုကောင်းစေပါတယ်။

ဟင်းနုနွယ်

ဗီတာမင် ဘီ၊ သံဓာတ် ပေါကြွယ်ဝတဲ့ ဟင်းနုနွယ်ဟာ ပန်ကရိယအတွက် အကောင်းဆုံး အားဖြည့်စာပါ။ ဗီတာမင် ဘီက လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြည့်စွမ်းပေးပြီး သံဓာတ်ကတော့ ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ ဟင်းနုနွယ်ကို ကြက်သွန်နီလေးနဲ့ ထည့်ကြော်တာဖြစ်ဖြစ်၊ ကြက်သွန်ဖြူ ဆီချက်လေးနဲ့ သုပ်စားမယ်ဆိုရင် ပန်ကရိယကို အားဖြစ် စေပါတယ်။ ဟင်းနုနွယ်ရွက်မှာပါတဲ့ MGDG က ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးလို့ ပန်ကရိယကင်ဆာ မဖြစ်အောင် ကာကွယ်ပြီးသားလည်း ဖြစ်စေပါတယ်။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းကတော့ မျိုးနွယ်တူ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနဲ့ ကိုက်လန်တွေလို ကင်ဆာဆဲလ်တွေ တိုက်ဖျက်ပေးနိုင်တဲ့ အစွမ်းသတ္တိတွေ ပါရှိပါတယ်။ ဒါ့အပြင် ကိုယ်တွင်း အဆိပ်တောက်တွေကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး သန့်စင် ဖယ်ရှား ပေးနိုင်ပါတယ်။

စပျစ်သီး

 

 

စပျစ်သီး အမျိုးအစား အများကြီးထဲမှာမှ အနီရောင် စပျစ်သီးမှာပါတဲ့ Resveratrol Antioxidant တမျိုးက ပန်ကရိယ ရောင်ရမ်းခြင်းနဲ့ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ အာဟာရ ကျွမ်းကျင်သူတွေကတော့ စပျစ်သီးအနီကို ဒီအတိုင်း နေ့စဉ်စားတာနဲ့ ဝိုင်နီသောက်တာက အကျိုးကျေးဇူး အတူတူပဲဆိုပေမယ့် နောက်ပိုင်း လေ့လာချက်တွေအရ အသီးအတိုင်း စားတာက ပိုအကျိုးရှိတယ်လို့ သိရပါတယ်။

ကန်စွန်းဥ

 

 

ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေနဲ့ တူတဲ့အသီးတွေဟာ ဒီအစိတ်အပိုင်းကို အကျိုးပြုတယ်ဆိုတဲ့ အဆိုကို လက်ခံ ပါသလား။ ဥပမာ- သစ်ကြားသီးဆို ဦးနှောက်၊ ခရမ်းချဉ်သီးဆို နှလုံး စသဖြင့် သူတို့နဲ့ အလာသဏ္ဍာန် တူတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းကို အကျိုးပြုကြပါတယ်။ ဒါကြောင့်လည်း ပန်ကရိယနဲ့တူတဲ့ ကန်စွန်းဥကဟာလည်း ပန်ကရိယ ကင်ဆာ ဖြစ်နိုင်ချေကို ထက်ဝက်ထိ လျော့ချပေးပါတယ်။ ဒါ့အပြင် သွေးတွင်း သကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။

ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ပန်ကရိယ ပျက်စီးစေတဲ့ အကြောင်းရင်းတွေထဲက အရက်အလွန် အကျွံသောက်တာ၊ Ready-made အစားအစာတွေ စားတာ၊ ပြုပြင်ထားတဲ့ ကာဗွန်ဟိုက်ဒရိတ် အစားစာတွေ စားတာကြောင့် ပျက်စီး စေတာပါ။

ပန်ကရိယ စတင် ပျက်စီးစေတဲ့အကြောင်းရင်းက ခန္ဓာကိုယ် ရေဓာတ်ခန်းခြောက်ရာက စတင်တာမို့ နေ့စဉ် လိုအပ်တဲ့ ရေဓာတ် ပြည့်ဝအောင် ရေများများ သောက်ပေးဖို့ လိုအပ်ပါတယ်။

Ref: bright Side

Your Thoughts …
Tags: ပန်ကရိယအစားအစာ
Aurora

Aurora

Contributor

Similar Picks:

နှစ်သစ်ကူးညမှာ စားကြတဲ့ ကံကောင်းစေမယ့် အစားအစာများ

နှစ်သစ်ကူးညမှာ မဖြစ်မနေ စားကြတဲ့ ကံကောင်းစေမယ့် အစားအစာများ

by Aurora
29 December 2018
13.5k

စပိန်နဲ့ မက္ကဆီကိုနိုင်ငံတွေမှာ နှစ်သစ်ကူး ညသန်းခေါင်အချိန် ကံကောင်းမှုတွေ ယူဆောင်လာအောင် စပျစ်သီး ၁၂ လုံးစားတဲ့ ဓလေ့ ရှိပါတယ်။

ညဘက် အစားမစားတဲ့အခါ ဆာလောင်မှုကြောင့် အိပ်မရတာမျိုး ဖြစ်တတ်ကြပါတယ်

ဝိတ်ချနေသူတွေ ညဘက်မှာ စိတ်ချလက်ချ စားနိုင်မယ့် အစားအစာ ၅ မျိုး

by ဟယ်လ်သင်
24 May 2019
42.7k

ကြက်ဥပြုတ် တလုံးမှာ ၇၅ ကယ်လိုရီပဲ ပါဝင်တာကြောင့် ဝိတ်တက်မှာ စိတ်ပူစရာ မလိုဘဲ ညဘက်တွေမှာ စိတ်ချလက်ချ စားပေးလို့ရပါတယ်။

ကယ်လိုရီများစွာ ပါဝင်တဲ့ အစားအစာများ

အစားအသောက်တွေမှာ ပါဝင်တဲ့ ကယ်လိုရီပမာဏများ

by ရေဗန်
8 August 2018
12.1k

သင်ဟာ အထိုင်များတယ်၊ လှုပ်ရှားမှုလည်း သိပ်မရှိဘူး ဆိုရင်တော့ တနေ့ကို ကယ်လိုရီ ၁၅၀၀ နဲ့ ၂၀၀၀ ကြား ပမာဏကိုပဲ စားသင့်ပါတယ်။

စားသောက်မှုပုံစံ မမှန်ရင်လည်း အရေပြားကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

အရေပြား ပြဿနာတွေ ကြုံတွေ့ရတဲ့အခါ ရှောင်ကြဉ်သင့်တဲ့ အစားအစာများ

by ဟယ်လ်သင်
11 January 2020
11.9k

နို့နဲ့ နို့ထွက်ပစ္စည်း တော်တော်များများဟာ အင်ဆူလင် Level ကို မြင့်တက်စေပြီး အရေပြား အဆီထွက်နှုန်းကို ပိုမိုမြင့်တက်စေတာကြောင့် အရေပြား ဓာတ်မတည့်မှုကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။

ဆေးဝါး အများစုကတော့ အစားတခုခု စားပြီးမှ သောက်သုံးသင့်ပါတယ်။

ဆေးသောက်တဲ့အခါ အစားတခုခု စားပြီးမှ သောက်သင့်တဲ့ အကြောင်းရင်း

by ဟယ်လ်သင်
21 December 2019
7.7k

ဆေးမသောက်ခင် အစားတခုခု စားပေးခြင်းဟာ ဆေးကြောင့် ရင်ပူရင်ဆာဖြစ်တာတွေ၊ ရင်တုန်တာတွေကို သက်သာလျော့နည်းစေနိုင်ပါတယ်။

နှလုံးရောဂါဟာ စားသောက်တဲ့ အစားအသောက်နဲ့ ဆက်နွယ်နေပါတယ်

နှလုံးရောဂါ ဖြစ်နိုင်ခြေ များစေတဲ့ အစားအစာ ၇ မျိုး

by ဟယ်လ်သင်
29 August 2018
15.4k

ပီဇာမှာ ပြည့်ဝဆီ ပါဝင်မှုနှုန်း များပြားတာကြောင့် နှလုံးကျန်းမာရေးအတွက် ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေလည်း များလှပါတယ်။

Next Post
ဘီးလင်း ရေကြီးနေသောကျေးရွာအချို့ကို ကယ်ဆယ်ရေးများ ဝင်ရောက်ဖို့ခက်ခဲနေ (ရုပ်/သံ)

ဘီးလင်း ရေကြီးနေသောကျေးရွာအချို့ကို ကယ်ဆယ်ရေးများ ဝင်ရောက်ဖို့ခက်ခဲနေ (ရုပ်/သံ)

"Parmanu: The Story of Pokhran" ရုပ်ရှင်

အိန္ဒိယနိုင်ငံရဲ့ လျှို့ဝှက်နျူကလီးယား စမ်းသပ်ရေး အစီအစဉ် ဖြစ်ရပ်မှန် ရုပ်ရှင် "Parmanu"

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

16 hours ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate