သင်ဟာ အစားအသောက်အမျိုးမျိုးကို စားရတာ နှစ်သက်သူ တယောက်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ထူးထူးခြားခြား အစားအစာတွေရှိတဲ့ နိုင်ငံတွေကို သိထားသင့်ပါတယ်။
နိုင်ငံတိုင်းမှာ ထူးခြားတဲ့ အစားအစာတွေလည်း ရှိတာကြောင့် ထူးခြားပြီး အရသာရှိတဲ့ အစားအစာတွေ ရနိုင်တဲ့ နိုင်ငံ ၇ နိုင်ငံအကြောင်းကို ဗဟုသုတ အနေနဲ့ ရေးသား ဖော်ပြလိုက်ပါတယ်။
(၁) တရုတ်
နိုင်ငံအများစုမှာ တရုတ်အစားအစာတွေပဲ သီးသန့်ရောင်းချတဲ့ တရုတ် စားသောက်ဆိုင်တွေ ပေါပေါ များများ တွေ့ရတာကလည်း တရုတ်နိုင်ငံရဲ့ အရသာကောင်းမွန်ထူးခြားတဲ့ ဟင်းပွဲတွေကြောင့်ပဲ ဖြစ်ပါတယ်။
(၂) ဂရိ
ဂရိနိုင်ငံရဲ့ဘားတွေ၊ စားသောက်ဆိုင်တွေနဲ့ ကော်ဖီဆိုင်တွေမှာပါ မပါမဖြစ် ရောင်းချကြတဲ့ အစားအစာကတော့ အသီးအနှံတွေကို သံလွင်ဆီ ဆမ်းထားတဲ့ အသီးအနှံ Salad တွေပဲ ဖြစ်ပြီး နိုင်ငံတကာခရီးသွားတွေ ဂရိကိုရောက်တဲ့အခါ အမြဲလိုလို မြည်းစမ်းကြည့်ကြတဲ့ အစားအစာ တမျိုးလည်း ဖြစ်ပါတယ်။
(၃) အီတလီ
အီတလီနိုင်ငံကို အလည်အပတ်ရောက်တဲ့အခါ နာမည်ကြီးလှတဲ့ အီတလီပီဇာကိုတော့ မဖြစ်မနေ စားကြည့်သင့်ပါတယ်။ အီတလီ အစားအစာအများစုဟာ အရောင်အသွေး စုံစုံလင်လင်နဲ့ စားချင်စဖွယ် ဖြစ်ပြီး အရသာထူးကဲတဲ့ အီတလီပီဇာကတော့ ကမ္ဘာကျော်တဲ့ အစားအစာ တမျိုးလို့တောင် ပြောလို့ရပါတယ်။
(၄) ဂျပန်
ဂျပန်နိုင်ငံက ဆူရှီ၊ ဆာရှီမီး စတဲ့အစားအစာတွေဟာ တကမ္ဘာလုံး အတိုင်းအတာနဲ့ အောင်မြင် ကျော်ကြားတဲ့ အစားအစာတွေ ဖြစ်တာကြောင့် နာမည်ကြီး အစားအစာတွေအကြောင်း ပြောမယ် ဆိုရင် ချန်လှပ်ထားခဲ့လို့တော့ မရပါဘူး။
(၅) ပါကစ္စတန်
အစားအစာတွေထဲမှာ ဝက်သားနဲ့ အယ်လ်ကိုဟော ပါဝင်ခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက် ထားတဲ့ ပါကစ္စတန်နိုင်ငံမှာဆိုရင်တော့ ကြက်သားနဲ့ အမဲသားကိုပဲ အဓိကထား စားသုံးကြပြီး ဟင်းခတ် အမွှေးအကြိုင်များများ၊ ငရုတ်သီးများများနဲ့ ဟင်းလျာတွေက နိုင်ငံတကာ ခရီးသွားတွေကို ဆွဲဆောင်နိုင်တာကြောင့် နာမည်ကျော်ကြားပါတယ်။
(၆) ထိုင်း
အာရှအစားအစာတွေထဲမှာ လူကြိုက်အများဆုံးဖြစ်တဲ့ ထိုင်းဟင်းလျာတွေဟာဆိုရင် ချဉ်ချဉ်စပ်စပ် အရသာကိုမှ တမူ ဆန်းသစ်ထားပြီး အပြင်အဆင်တွေကြောင့် နာမည်ကြီးပါတယ်။
(၇) ဗီယမ်နမ်
ဗီယမ်နမ်နိုင်ငံရဲ့အစားအစာတွေမှာ အဓိကအားဖြင့် ပုစွန်၊ ငါး ၊ အသီးအရွက်တွေနဲ့ ဟင်းခတ်အမွှေး အကြိုင်တွေ အများစု ပါဝင်လို့ အာရှနိုင်ငံသားတွေ အပါအဝင် ဥရောပသားတွေပါ နှစ်ခြိုက်ကြတာကြောင့် နာမည်ကြီးပါတယ်။
Ref ; yonderbound.com