Food

အသားမစားတော့ရင် ခန္ဓာကိုယ်ကို ဘယ်လို အကျိုးသက်ရောက်စေမလဲ

Want create site? Find Free WordPress Themes and plugins.

အသား၊ ငါး တွေဟာ နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်စွမ်းပေးနိုင်တယ် ဆိုပေမယ့် သက်သက်လွတ်စားတဲ့ သူတွေမှာလည်း အကျိုးကျေးဇူးတွေ များစွာ ရှိပါတယ်။ အသားမစားတော့တဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘယ်လိုအကျိုး သက်ရောက်မှုတွေ ရှိလာမလဲ လေ့လာကြည့်ရအောင်။

ပထမဆုံးအချက်ကတော့ အသား မစားတော့တာနဲ့ ကိုယ်အလေးချိန် အနည်းဆုံး ၁၀ ပေါင် လောက် ကျသွားပါတယ်။ အသားဓာတ်က ကယ်လိုရီပမာဏများတာမို့ အလေးချိန် မတက်အောင် လေ့ကျင့်ခန်းတွေလုပ်၊ တနေ့တာ ကယ်လိုရီပမာဏတွေ ချိန်စားရပေမယ့် သက်သက်လွတ် စားလိုက်တဲ့အခါ ဒါမျိုးတွေ လုပ်နေစရာမလိုဘဲ အလိုအလျောက် ထိန်းညှိပြီးသား ဖြစ်စေပါတယ်။

အသားစားတဲ့သူနဲ့ သက်သက်လွတ် စားသူတွေရဲ့ အစာအိမ်အူလမ်းကြောင်းကိုကြည့်ရင် ကွာခြားချက်တွေ ရှိပါတယ်။ သက်သက်လွတ်သမားတွေရဲ့ အစာအိမ် တလျှောက်မှာ လူကို အကျိုးပြုတဲ့ ဘက်တီးရီးယားတွေ ပြည့်နေပေမယ့် အသားစားသူတွေမှာတော့ သူ့တို့ရဲ့ ဆန့်ကျင်ဘက်ပါပဲ။

သက်သက်လွတ် စားသူတွေနဲ့ အသားစားတွေသူကို ယှဉ်ကြည့်လိုက်ရင် သိသိသာသာ ကွဲပြားနေတာတော့ အသားအရေပါ။ သက်သက်လွတ်သမားတွေမှာ အသားရေ ကြည်လင်ပြီး ဝက်ခြံ၊ တင်းတိပ်၊ ဆားဝက်ခြံစတဲ့ အရေပြား ပြဿနာတွေ အဖြစ် နည်းပါတယ်။ အသီးအရွက်များများစားတာကြောင့် ကိုယ်တွင်းအဆိပ်အတောက်တွေ ကို ပိုပြီးသန့်စင်ဖယ်ရှားနိုင်ပါတယ်။

 

 

နှလုံးနဲ့ ဆက်နွယ်နေတဲ့ ရောဂါဖြစ်နိုင်ချေနည်းသွားပါတယ်။ အရင်ထက် ပိုအမော ခံနိုင်လာပြီး ပေါ့ပါးသွက်လက် စေပါတယ်။ အမေရိကန်သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက် အရ အနီရောင်အသားတွေမှာပါတဲ့ ဓာတ်တွေက နှလုံးနဲ့ ဆက်စပ်နေတဲ့ ရောဂါဖြစ်အောင် တွန်းပို့ပေးပါတယ်။ ဒါကြောင့် အသားမစားတော့တဲ့အခါ ဒီရောဂါဖြစ်နိုင် ချေတွေ တဖြည်းဖြည်း လျော့နည်း လာပါတော့တယ်။

အသား မစားတော့တာနဲ့ ကိုယ်တွင်းများနေတဲ့ ကယ်လိုရီတွေ သုံးပုံတပုံလောက် လျော့ကျ သွားပါတယ်တဲ့။ ဒါဟာ ကိုလက်စထရော လျော့ကျစေတဲ့ ဆေးဝါးတွေထက်တောင် အကျိုးအာနိသင် ပိုများနေတာပါ။ နောက်တချက်က အသားမစားတဲ့အခါ နေ့စဉ်လိုအပ်တဲ့ အာဟာရတွေ မရတော့ဘူးလို့ ထင်ကြပေမယ့် တကယ်တော့ အသားအစား ပဲအမျိုးမျိုး၊ အစေ့အဆန်၊ အစိမ်းရောင် အသီးအရွက်၊ ဂျုံ နဲ့ စီရီယယ်လ်တွေက နေ့စဉ်လိုအပ်တဲ့ အာဟာရတွေကို ဖြည့်စွမ်းပေနိုင်ပါတယ်။

သက်သက်လွတ် စားတာကြာလာပြီဆိုရင် လျှာက အရသာခံဖုလေးတွေ အားနည်းလာပြီး အရသာခံနိုင်စွမ်းရည် ကျဆင်းသွားပါတယ်။ ဒါဟာ ဇင့်ဓာတ် လျော့နည်း သွားတာကြောင့်လည်း ဖြစ်ပါတယ်။ အသားစားသူတွေ အတွက် ကမာကောင်နဲ့ အသားတွေက ဇင့်ဓာတ်ဖြည့်ပေးနိုင်ပေမယ့် သက်သက်လွတ် သမားတွေအတွက်တော့ အခွံမာသီး၊ နို့နဲ့နို့ထွက်ပစ္စည်းတွေနဲ့ အစေ့အဆန်တွေက ဇင့်ဓာတ်ကို ဖြည့်ပေးနိုင်ပါတယ်။

Ref: Bright Side Me

Did you find apk for android? You can find new Free Android Games and apps.
Loading