Strong Source ကုမ္ပဏီနဲ့ စင်ကာပူနိုင်ငံမှ စားသောက်ဆိုင်လုပ်ငန်းစု တခုဖြစ်သော Paradise Group တို့ ပူးပေါင်းပြီး ဖွင့်လှစ်ထားတဲ့ “Canton Paradise” ဟောင်ကောင် – တရုတ် စားသောက်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
“Canton Paradise” ဆိုင်မှာ Dim Sum အမျိုးအစားပေါင်း ၂၇ မျိုး ရှိပြီး ဆားဘဲဥအနှစ် နဲ့ ဝက်ပုံသဏ္ဍာန် ပေါက်စီထဲမှာ အစာသွပ်ထားတဲ့ “Steamed Minced Salted Egg Yolk Custard Piggy Bun” ၊ ပျားရည်ဝက်သားကင် အရသာပါဝင်တဲ့ “Crispy BBQ Honey Pork Bun” ၊ ဆန်ပြားလိပ်ထဲမှာ ပုစွန် အစာသွပ်ထားတဲ့ “Steamed Rice Rolls With Fresh Prawn Fillings” စတဲ့ အစားအသောက်များကို မနက်စာအဖြစ် ရရှိမှာဖြစ်ပြီး မနက် ၇ နာရီကနေ နေ့လည် ၃ နာရီအထိ ရရှိနိုင်မယ်လို့ သိရပါတယ်။
တခြားရရှိနိုင်တဲ့ အစားအသောက်တွေထဲကမှ တရုတ်ရိုးရာ ဆေးဘက်ဝင်ပစ္စည်းများနဲ့ ပေါင်းထားတဲ့ “Double-boiled Superior Chicken Soup” ၊ Goby ငါးကို ပန်းသီးနဲ့ စီမံ ချက်ပြုတ်ထားတဲ့ အာဟာရပြည့်ဟင်းရည်တို့ကို မြည်းစမ်းကြည့်ဖို့ ဆိုင်ရဲ့ စားဖိုမှူးက အထူး ညွှန်းဆို ပေးပါတယ်။
ဒါ့အပြင် Caton Style စတိုင် ပြင်ဆင်ချက်ပြုတ်ထားတဲ့ မြေအိုးဟင်းလျာများ ၊ စီချွမ် ဟင်းလျာများ၊ ပင်လယ်စာများ၊ အသီးများဖြင့် ပြုလုပ်ထားတဲ့ ပူတင်းများလည်း ဆိုင်မှာ ရရှိနိုင်ပါတယ်။
ဆိုင်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အနေနဲ့ သြဂုတ် ၂၀ ရက်မှ စက်တင်ဘာ ၃ ရက်နေ့မှာ ကျပ် ၁ သိန်းဖိုး စားသုံးတဲ့ စားသုံးသူများကို ဒီဆိုင်ရဲ့ အဓိကဟင်းလျာတခုဖြစ်တဲ့ ဘဲကင် ၁ ကောင်ကို မြန်မာငွေ ၁ ထောင်ကျပ်၊ ကျပ် ၅ သောင်းဖိုး ဝယ်ယူစားသုံးပါက ဘဲကင် ၁ ခြမ်းကို ၁ ထောင်ကျပ်တို့နဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
“Canton Paradise” Restaurant မှာတော့ ဟောင်ကောင်စတိုင် အနှစ်သာရကို အခြေခံကာ ပြင်ဆင်ချက်ပြုတ်လျက်ရှိပြီး Paradise Group မှ CEO Ekdwin Chua နဲ့ အဖွဲ့ဟာ တရုတ်နိုင်ငံ ကွမ်းကျိုးမြို့ကို အချက်အပြုတ်နည်းပညာနဲ့ ပါဝင်ပစ္စည်းများကို လေ့လာရေး အနေနဲ့ သွားရောက်ခဲ့ပြီး စင်ကာပူနိုင်ငံမှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ပထမဆုံး “Canton Paradise” စားသောက်ဆိုင် အနေနဲ့ ဇူလိုင်လ ၃ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဆရာစံလမ်းမှာ ဖွင့်လှစ်ထားပါတယ်။
ဆိုင်လိပ်စာ – “Canton Paradise” Restaurant
အမှတ် (၆၁) ၊ ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။