ဆိုင်နာမည်လေးကြားလိုက်တာနဲ့ ထိုင်းစာတွေ အဓိကရမယ်ဆိုတာ ယုံမှားစရာ မရှိပါဘူး။ သင့်တင့်တဲ့ ဈေးနှုန်း၊ ကောင်းမွန်တဲ့ အရသာတွေကြောင့် မြေနီကုန်းရောက်တိုင်း သွားစားဖြစ်တဲ့ ဆိုင်လည်း ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ ချိန်းတွေ့ဖို့ပဲဖြစ်ဖြစ်၊ ချစ်သူနဲ့ အဝစားချင်ရင်ပဲ ဖြစ်ဖြစ် ဒီဆိုင်က ဈေးနှုန်းသင့်တင့်တာကြောင့် ညွှန်းပေးချင်ပါတယ်။
ဆိုင်ထဲကို စဝင်ဝင်ချင်းပဲ ဆိုင်ရဲ့အပြင်အဆင်က ရိုးရိုးရှင်းရှင်းနဲ့ သပ်ရပ်နေတာ တွေ့ရပါတယ်။ စာရေးသူ မြည်းစမ်းခဲ့တာတွေက ပထမဆုံး အနေနဲ့ မဲဆောက် Spicy Noodle ပါ။ အရသာက စပ်စပ်လေးနဲ့ စားလို့ ကောင်းပါတယ်။
ခေါက်ဆွဲသားက နူးအိပြီး အရည်လည်း သောက်လို့ ကောင်းပါတယ်။ Spicy ဆိုတဲ့အတိုင်း စပ်တဲ့အရသာကို ခံစားရပြီး စားနေကျ ခေါက်ဆွဲတွေလိုမျိုး သိပ်ပြီးအီတာမျိုး မရှိတော့ဘူးပေ့ါ။
ဆိုင်က အစားအစာတွေရဲ့ ဈေးနှုန်းကလည်း သင့်တင့်ပါတယ်။ နောက်ထပ် စားတာက ဟော့ပေါ့ပါ။ အချိန်က ကန့်သတ်ထားပေမယ့် စားရတာ တန်ပါတယ်။ အရည်က တရုတ် ဟော့ပေါ့တွေလို မဟုတ်ဘဲ ပေါ့ပါ့ပါးပါးနဲ့ ခံတွင်းရှင်းစေပါတယ်။ အရသာက အခြားအရည်တွေလို လေးလေးပင်ပင် မရှိတာကြောင့် အပေ့ါကြိုက်တဲ့သူတွေ ခံတွင်းတွေ့မယ်လို့ ထင်ပါတယ်။
ရနိုင်တဲ့အသားတွေကတော့ အမဲသား၊ ကြက်သား၊ ဝက်သား၊ ပင်လယ်စာအပြင် အရွက်တွေလည်း စုံလို့ပါပဲ။ ဟော့ပေါ့အပြင် Side Dish တွေလည်း ရှိသေးတာကြောင့် ထမင်းကြော်၊ အရွက်သုပ်၊ အချိုပွဲနဲ့ Drink တွေလည်း သုံးဆောင်နိုင်ပါတယ်။
အဲဒီထဲကမှ ပြောင်းဖူးထောင်းသုပ်ကိုတော့ သဘောကျမိပါတယ်။ သူ့အရသာက ချိုချိုချဉ်ချဉ် အရသာပါ။ ဒီလိုမျိုး အဝစားကိုမှ ၇၅၀၀ ကျပ်ပဲ ကျသင့်ပါတယ်။ ဆိုင်က နာမည်ကြီးတဲ့ ဝက်ဂုတ်သားကင်ကို မြည်းစမ်းတဲ့အခါ အတော်လေး သဘောကျခဲ့ပါတယ်။ ဒီအတိုင်း စားလို့ ရသလို နေ့လည်စာအဖြစ် ထမင်းနဲ့ တွဲပြီးသုံးဆောင်လို့ ရပါတယ်။
ဒီဆိုင်က အစားအစာတွေက အရသာလည်းရှိ၊ ဆိုင်အနေအထားကလည်း မျက်စိ မရှုပ်ဘဲ ရှင်းလင်းသလို ဈေးနှုန်းတွေကလည်း သင့်တင့်ပါတယ်။
ဆိုင်တည်နေရာက စမ်းချောင်း၊ မင်္ဂလာလမ်းမှာပါ။ ဆိုင်ဖွင့်ချိန်က နံနက် ၁၁ နာရီ ကနေ ည ၁၀ နာရီ အထိပါ။ ယခု သြဂုတ်လထဲမှာ ပရိုမိုးရှင်းတွေလည်း ရှိပါတယ်။ Facebook မှာ Like and Share လုပ်ပြီး စားမယ်ဆိုရင် ၁၀၀၀ လျှော့ပေးတယ်လို့ သိရပါတယ်။ ဒါ့အပြင် အခြားစားစရာ Application များ (ဥပမာ- လမ်းကြောင်း အပ်ပလီကေးရှင်း) တွေမှာလည်း Discount ကူပွန်တွေ ပေးထားတယ်လို့ သိရပါတယ်။
ဆိုင်လိပ်စာ – “Thai Box” စားသောက်ဆိုင်
မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ မင်္ဂလာလမ်း၊ ရန်ကုန်မြို့။