Food

စာမေးပွဲ မဖြေခင် ဂရုစိုက်သင့်တဲ့ စားသောက်မှုပုံစံ

Want create site? Find Free WordPress Themes and plugins.

စာမေးပွဲ နီးလာတာနဲ့ ပြန်ဖတ်ရမယ့် သင်ခန်းစာတွေ၊ ပြန်လည်သင်ကြားခြင်း လေ့ကျင့်ခန်းတွေ၊ မရသေးတဲ့ စာတွေ ပြန်လေ့လာဖို့လောက်ပဲ ဂရုစိုက်ကြတာပါ။ တကယ်တော့ စာမေးပွဲကာလ မတိုင်ခင်ရော၊ ကာလအတွင်းမှာပါ အလုပ်အများဆုံး လုပ်ရမယ့် ဦးနှောက်ကို အထောက်အကူပြုတဲ့ အစားအသောက်တွေ စနစ်တကျစားဖို့ မေ့လျော့ နေတတ်ကြပါတယ်။

လူ့ဦးနှောက်ဟာ ဂလူးကို့စ် ၂၀ ရာခိုင်နှုန်း၊ ဗီတာမင်နဲ့ သတ္တုဓာတ် ၃၅ ရာခိုင်နှုန်း၊ ရေ ၄၀ ရာခိုင်နှုန်း နဲ့ အဆီဓာတ် ၅၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားလို့ အစားအသောက် အမျိုးအစား အစုံအလင် စားပေးမှ အာဟာရဓာတ် ပြည့်ဝစေတာပါ။ သစ်ကြားသီးဟာ ဦးနှောက်နဲ့ အပြင်ပန်းပုံစံ တူသလို ဦးနှောက် အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကိုလည်း ဖြည့်စွမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် တခြား အခွံမာ အသီးတွေကလည်း လိုအပ်တဲ့ အာဟာရဓာတ်တွေ ရရှိနိုင်ပါတယ်။

တနေ့တလုံး စားပေးရင် အနာရောဂါ ကင်းစင်တယ်လို့ ဆိုရိုးရှိတဲ့ ပန်းသီးဟာ စိတ်ဖိစီးမှု ဖြစ်စေတဲ့ ဖိအားတွေကို လျော့ချပေးနိုင်ပါတယ်။ စာမေးပွဲ မဖြေခင် ပန်းသီးစားထားတဲ့သူဟာ တခြားသူထက် စာမေးပွဲ ဖြေနေစဉ် စိတ်ဖိစီးမှုကို ၇ ရာခိုင်နှုန်းအထိ လျော့ကျစေပါတယ်။

 

 

နောက်ထပ် အသီးတမျိုးဖြစ်တဲ့ ဘယ်ရီးသီး အပြာရောင်ရဲ့ ထူးခြားချက်က မှတ်ဉာဏ်အား တိုးစေသလို၊ အာရုံစူးစိုက်နိုင်စွမ်း မြင့်မားစေပါတယ်။ ဒါကြောင့်လည်း အသက်ကြီးသူတွေမှာ ဖြစ်တတ်တဲ့ အယ်လ်ဇိုင်းမားရောဂါနဲ့ ပါကင်ဆန်ရောဂါကို ကာကွယ်ပေးပါတယ်။

လူကို အကျိုးပြုတဲ့ အဆီဓာတ်တွေပါတဲ့ ဆယ်လ်မွန်ငါးအသားကလည်း စိတ်ကျဝေဒနာကို သက်သာ စေသလို သင်ကြားနိုင်မှု စွမ်းရည် မြင့်မားစေပါတယ်။ ဖရုံစေ့ကတော့ မှတ်ဉာဏ် အလွယ်တကူ ပျောက်ဆုံးခြင်းကို ကာကွယ်ပေးနိုင်သလို ဦးနှောက်စွမ်းရည် မြင့်မားစေလို့ စားပေးသင့်ပါတယ်။

နောက်ထပ် ဦးနှောက်မှတ်ဉာဏ်စွမ်းတွေကို မြင့်မားစေတဲ့ အစားအစာတွေထဲမှာ မှတ်ဉာဏ် စွမ်းအားမြင့်တက်စေပြီး အတိတ်မေ့ခြင်းကို သက်သာစေတဲ့ အနက်ရောင်ချောကလက် (Dark Chocolate) ၊ ဦးနှောက်စွမ်းရည် ဖွံ့ဖြိုးတိုးတက် စေတဲ့ ဥအမျိုးမျိုးတို့လည်း ပါဝင်ပါတယ်။

စာမေးပွဲမဖြေခင် မနက်စာအဖြစ် ရွေးချယ်သင့်တဲ့ အစားအသောက်တွေဟာ အစာကြေလွယ်ရမယ်၊ အဆီဓာတ်၊ အချိုဓာတ် နည်းတာမျိုး ဖြစ်သင့်ပါတယ်။ ဥပမာ- ကွေကာအုပ်ကို နို့နဲ့ရောသောက်ပြီး ကြက်ဥပြုတ် စားသွားတာ မျိုး၊ နည်းနည်းပိုစားချင်တယ်ဆိုရင် အိုမီဂါ-၃ များတဲ့ ဆော်လ်မွန် ငါးအသားကို နွားနို့ (သို့မဟုတ်) ဒိန်ချဉ်တို့နဲ့ တွဲစားတာမျိုး စားသင့်ပါတယ်။ ဒါ့အပြင် ပေါင်မုန့်နဲ့ နွားနို့ တခွက်ကလည်း အသင့်တော်ဆုံး မနက်စာပါပဲ။

 

 

စာမေးပွဲမှာ စိတ်ကြည်ကြည်လင်လင်နဲ့ ဖြေနိုင်ဖို့က အစားအသောက် တခုတည်း ဂရုစိုက်ရတာ မဟုတ်ပါဘူး။ စိတ်လှုပ်ရှားလွယ်ပြီး စိတ်ဖိစီးမှုများတတ်လို့ ရေဓာတ် ပြည့်ဝအောင် ရေများများ သောက်ပေးဖို့ လိုပါတယ်။

ရေဓာတ် မလုံလောက်တဲ့အခါ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ အာရုံမစူးစိုက်နိုင်ခြင်း စတဲ့ ဝေဒနာတွေကို ခံစားရပါတယ်။ စာမေးပွဲမဖြေခင် ညမှာလည်း စိတ်ဖိစီးမှုမရှိဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့လိုပါတယ်။ အိပ်ချိန်နဲ့ကပ်ပြီး ညစာစားတာမျိုး ရှောင်ပါ။

ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဘက်ရည်၊ ချောကလက်နဲ့ ကိုလာအချိုရည်တွေကို အိပ်ခါနီး ၄ နာရီ အတွင်းဆို မသောက်ပါနဲ့တော့။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် မအိပ်ခင် နွားနို့ ပူပူတခွက် သောက်ပါ။

Ref: BBC / Developing Human Brain

Did you find apk for android? You can find new Free Android Games and apps.
Loading