Gym မှာ လေ့ကျင့်ခန်းလုပ်တာဟာ သင့်ရဲ့ ကြွက်သားတွေကို သန်မာစေပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်ခြင်းက သင့်ရဲ့အရိုးကို သန်မာစေပါတယ်။ ဒီထက်ပိုပြီးတော့ သင့်ရဲ့ အရိုးတွေ သန်မာအောင် စားသောက်ရမယ့် အစားအသောက်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) နွားနို့
နွားနို့ဟာ ဗီတာမင်နဲ့ အာဟာရဓာတ်တွေ ကြွယ်ဝပြီး ဒီဓာတ်တွေဟာ သင့်အရိုးကို သန်မာ စေပါတယ်။ နွားနို့ တခွက်မှာ သင်နေ့စဉ် လိုအပ်တဲ့ ကယ်လ်စီယမ် ၃၀ ရာခိုင်နှုန်းနဲ့ ဗီတာမင် ဒီ ၂၅ ရာခိုင်နှုန်း ပါဝင်ပါတယ်။
(၂) တို့ဖူး (တို့ဟူး)
တို့ဖူးဟာ ကယ်လ်စီယမ်ဆာလ်ဖိတ်ဓာတ်ပါဝင်တာကြောင့် စားသင့်ပါတယ်။ တို့ဖူးမှာ သင်နေ့စဉ် လိုအပ်တဲ့ ကယ်လ်စီယမ် ၁၅ ရာခိုင်နှုန်းပါဝင်ပါတယ်။ တို့ဖူးပျော့ကိုတော့ ဖျော်ရည်ထဲမှာ ထည့်သောက်သင့်ပြီး ညစာစားတဲ့ အခါမှာလည်း အရွက်တမျိုးမျိုးနဲ့ ကြော်စားသင့်ပါတယ်။
(၃) သစ်သီးဖျော်ရည်
တကယ်လို့သင်ဟာ အရိုးတွေလည်း သန်မာချင်ပြီး နွားနို့သောက်ရတာကိုလည်း မကြိုက်ဘူး ဆိုရင်တော့ သစ်သီးစစ်စစ် ကိုဖျော်ထားတဲ့ ဖျော်ရည်သောက်ဖို့ အကြံပေးချင်ပါတယ်။ သစ်သီးတွေဟာ ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီ ကြွယ်ဝတာကြောင့် တနေ့ တခွက် ပုံမှန် သောက်သင့်ပါတယ်။
(၄) ခရမ်းချဉ်သီး
ခရမ်းချဉ်သီးထဲမှာ ပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်ဟာ သင့်အရိုးတွေကို သန်မာစေပါတယ်။ အရိုးတွေ သန်မာစေဖို့ အတွက် ခရမ်းချဉ်သီးကို သုတ်စားတာ ၊ကြက်ဥနဲ့ရောပြီး ကြော်စားတာ စသည်ဖြင့် နေ့စဉ်စားပေးသင့်ပါတယ်။
(၅) ဆာဒင်းငါး
ဆာဒင်းငါးလိုမျိုး ငါးသေးသေးလေးတွေနဲ့ ဆယ်လ်မွန်ငါးတွေကို များများစားသင့်ပါတယ်။ ဒီငါးတွေဟာ ကြက်သား၊ ဝက်သားစတဲ့ အသားတွေထက်ပိုပြီး ကယ်လ်စီယမ်ဓာတ် ကြွယ်ဝပါတယ်။ ဗီတာမင်ဒီလည်းပါဝင်တဲ့ အပြင် အိုမီဂါ ၃ ဖက်တီးအက်စစ်လည်း ပါဝင်လို့ နှလုံးကျန်းမာရေး အတွက်ပါ ကောင်းပါတယ်။
Ref;mensjournal.com