ယခင်က စားသောက်ဆိုင်တွေကို အစားအသောက် အဓိကထား ရောင်းချဖို့အတွက် ဖွင့်ခဲ့ပေမယ့် ယခုနောက်ပိုင်းမှာတော့ လာရောက် စားသောက်သူ များပြားစေဖို့ ထူးထူးဆန်းဆန်း အပြင်အဆင်တွေနဲ့ ဆွဲဆောင်လာကြပါတယ်။
ဒီတခါ ဖော်ပြချင်တာကတော့ ကမ္ဘာတလွှားက ဆန်းဆန်းပြားပြား စားသောက်ဆိုင်တွေ အကြောင်းပဲ ဖြစ်ပါတယ်။
(၁) Labassin Waterfall (ဖိလစ်ပိုင်)
ဖိလစ်ပိုင်နိုင်ငံက Villa Escudero Resort မှာ ရှိတဲ့ Labassin waterfall စားသောက်ဆိုင်ဟာ ရေတံခွန်တခုရဲ့ အောက်ကြမ်းပြင်မှာ တည်ရှိတာဖြစ်ပါတယ်။ စားပွဲခုံတွေဟာ ရေထဲမှာ တည်ရှိနေတာ ဖြစ်ပြီး ဒီစားသောက်ဆိုင်ကို ဖိလစ်ပိုင်ရိုးရာ စားသောက်စရာတွေ မြည်းစမ်းလိုတဲ့ ကမ္ဘာလှည့် ခရီးသည်တွေ အကြိုက်တွေ့တဲ့ နေရာလည်း ဖြစ်ပါတယ်။
(၂) The Grotto (ထိုင်းနိုင်ငံ)
ဒီစားသောက်ဆိုင်ကတော့ ထိုင်းနိုင်ငံမှာ တည်ရှိပြီး Phra Nang ကမ်းခြေက သဘာဝအတိုင်း တည်ရှိနေတဲ့ ထုံးကျောက်ဂူထဲမှာ ကဗျာဆန်ဆန် တည်ဆောက်ထားတဲ့ စားသောက်ဆိုင် ဖြစ်ပါတယ်။ ဒီစားသောက်ဆိုင်ဟာ Rayavadee Resort ရဲ့စားသောက်ဆိုင် ဖြစ်ပေမယ့် ဒီ Resort မှာ တည်းခိုခြင်း မရှိတဲ့ ခရီးသွားတွေလည်း လာရောက် စားသောက်လို့ ရတယ်လို့ သိရပါတယ်။
ဒီစားသောက်ဆိုင်ရဲ့ နာမည်ကြီးဟင်းလျာကတော့ ပုစွန်ကင်ဖြစ်ပြီး တခါတရံမှာ ဧည့်သည်တွေကို လက်ဆောင်အဖြစ် အချိုပွဲနဲ့ ဧည့်ခံပါသေးတယ်။
(၃) Ice Restaurant (ဖင်လန်)
ဖင်လန်နိုင်ငံ ဆန်တာကလော့ ကျေးရွာမှာ ရှိတဲ့ ဒီစားသောက်ဆိုင်ဟာ ကမ္ဘာလှည့်ခရီးသွားတွေကို အမြဲဆွဲဆောင်ထားနိုင်ပါတယ်။ ဆန်တာကလော့ဆိုတဲ့ ရွာနာမည်ကို ဖတ်ပြီး ခရစ်စမတ်ဖိုးဖိုးကို မြင်ရမယ်တော့မထင်ပါနဲ့။ ဒီစားသောက်ဆိုင်ဟာ တဆိုင်လုံးကို ရေခဲတွေနဲ့ ပြင်ဆင်ထားပြီး နာမည်ကျော် အရက်များကိုလည်း ရောင်းချပါတယ်။
(၄) Nyotaimori Restaurant (ဂျပန်)
ဒီစားသောက်ဆိုင်ကတော့ အမျိုးသားတွေ နှစ်သက်သဘောကျမှာ သေချာပါတယ်။ ဒီလို စားသောက်ဆိုင်တွေဟာ ဂျပန်နိုင်ငံ အနံှ့အပြားမှာ တည်ရှိနေပြီး “Nyotaimori” ဆိုတာ “အမျိုးသမီး ခန္ဓာကိုယ်ပေါ် အစားအသောက်တင်ကာ တည်ခင်းခြင်း” လို့ အဓိပ္ပါယ်ရပါတယ်။ အစားအစာများကို အမျိုးသမီးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ထားရှိပြီး တည်ခင်းသုံးဆောင်ရတာ ဖြစ်ပါတယ်။
အခု နောက်ပိုင်းမှာတော့ အမျိုးသမီး စားသုံးသူတွေအတွက် အမျိုးသားများ ခန္ဓာကိုယ်ပေါ်မှာ အစားအစားများနဲ့ ဧည့်ခံတဲ့ စားသောက်ဆိုင်တွေလည်း ရှိနေပါပြီ။
(၅) Ithaa (မော်လ်ဒိုက်)
ဒီစားသောက်ဆိုင်ကတော့ ပစိဖိတ်သမုဒ္ဒရာထဲမှာ တည်ဆောက်ထားတဲ့ ရေအောက် စားသောက်ဆိုင် ဖြစ်ပါတယ်။ ရေသတ္တဝါတွေကို ကြည့်ချင်ပေမယ့် ရေငုပ်ရမှာ ကြောက်တဲ့သူတွေ အတွက် အသင့်တော်ဆုံး စားသောက်ဆိုင် တခုလည်း ဖြစ်ပါတယ်။
(၆) Grotta Palazzese (အီတလီ)
ထိုင်းနိုင်ငံတနိုင်ငံမှာပဲ ဂူထဲမှာ စားသောက်ဆိုင်ဖွင့်တာ မဟုတ်ပါဘူး။ အီတလီနိုင်ငံမှာလည်း ဒီလို စားသောက်ဆိုင် ရှိပါသေးတယ်။ ဒီဆိုင်ဟာ Adriatic ပင်လယ်မျက်နှာပြင်ထက် ပေ ၈၂ ပေ မြင့်တဲ့ ကျောက်ဆောင်ပေါ်က ဂူထဲမှာ တည်ရှိတာ ဖြစ်ပါတယ်။
Ref; Brightside.com